အငြိမ်းစားဝန်ထမ်းတွေကို အဓိကဦး စားပေးရောင်းချပေးမယ့် အိမ်ရာစီမံကိန်းတစ်ခု မန်းတွင် စတင်

အငြိမ်းစားဝန်ထမ်းတွေကို အဓိကဦး စားပေးရောင်းချပေးမယ့် အိမ်ရာစီမံကိန်းတစ်ခု မန်းတွင် စတင်
July 26, 2017 Fame Asian

2:09 pm
အငြိမ်းစားဝန်ထမ်းတွေကို အဓိကဦး စားပေးရောင်းချပေးမယ့် အိမ်ရာစီမံကိန်းတစ်ခု မန်းတွင် စတင်

dd

မန္တလေး၊ဇူလိုင် ၂၆

နိုင်ငံ့ဝန်ထမ်း အထူးသဖြင့် အငြိမ်းစားဝန်ထမ်းတွေအတွက် အဓိကဦး စားပေးရောင်းချပေးမယ့် အိမ်ရာစီမံကိန်းတစ်ခုကို ဒီနေ့ မနက်ပိုင်းမှာပဲ မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ နိုင်ငံတော် အစိုးရက စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်ပါတယ်။

dd1

 

dddd
ပုသိမ်ကြီးမြို့နယ် မန္တလေးတောင်အရှေ့ဘက် မယ်ကင်းကုန်းကျေးရွာမှာ တည်ရှိတာဖြစ်ပြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကပူး ပေါင်ဆောင်ရွက်တာလို့သိရပါတယ်။

ddd
“ကျွန်တော်တို့က အငှားရယ် အရောင်းရယ်ဆိုပြီး နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါတယ်၊ အငြိမ်းစားတွေအတွက် အဓိကထားပါတယ် အငြိမ်းစားတွေပြီးမှ ၀န်ထမ်းတွေ အတွက်ဖြစ်မှာပါ စီမံကိန်းတစ်ခုလုံးက နိုင်ငံတော်အဆင့် ပါ” လို့ မန္တလးတိုင်းဒေသကြီးမြို့ပြ နဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးအောင်ကျော်ဦးကပြောပါတယ်။စီမံကိန်းစတင်အကောင်အထည်ဖော်ခြင်း ပန္နက်ချ အခမ်း အနားလုပ်တဲ့ ဒီနေ့(ဇူလိုင် ၂၆ ရက်)မနက် ၉ နာရီက ဒုတိယသမ္မတဦးမြင့်ဆွေကိုယ်တိုင်တက်ရောက်လာပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့အတူ ပန္နက်ချမင်္ဂလာပြုသွားခဲ့ပါတယ်။

dd2

မြေအကျယ်အ၀န်း ဧက ၃၃ ဒသမ ၂၂ ဧကရှိတဲ့မြေပေါ်မှာ လတ်တလောမှာတော့ အခန်းပေါင်း ၁၅၅၂ ခန်း ငွေကျပ် သိန်း ၉၀ မှ ကျပ်သိန်းနှစ်ရာတန်ဖိုး အထိ အခန်းအကျယ်အ၀န်းအလိုက် အရစ်ကျရောင်းချပေးသွားမှာဖြစ်ပြီး
အရောင်းရော အငှားစနစ်ပါပါဝင်တယ်လို့သိရပါတယ်။

“အငှားအိမ်ရာ၊ အရောင်းအိမ်ရာဆိုပြီ နှစ်မျိုးခွဲထားတယ်၊ အငှားစနစ်အတွက် ညှိနှိုင်းရဦးမှာပါ”လို့လည်း ဦးအောင် ကျော်ဦးကဆိုပါတယ်။အဆိုပါစီမံကိန်းအတွက် နိုင်ငံတော်က ငွေကျပ် ၁၀ ဘီလီယံမတည်ပေးထားတယ်လို့ သိရပြီး ၀ယ်ယူထားတဲ့ အိမ်ရာတိုက်ခန်းတွေအပေါ် လက်လွှဲရောင်းချတာတွေ့ရ ရင် အခန်းပြန်သိမ်းတဲ့အထိ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နဲ့ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်က သတိပေးထားပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*