ဗီယက်နမ်အသင်းက အင်ဒိုကိုအနိုင်ရခဲ့သည့် အတွက်မြန်မာအသင်း အုပ်စုတတ်ရန် ခက်ခဲသည့်အခြေအနေဖြစ်သွား

ဗီယက်နမ်အသင်းက အင်ဒိုကိုအနိုင်ရခဲ့သည့် အတွက်မြန်မာအသင်း အုပ်စုတတ်ရန် ခက်ခဲသည့်အခြေအနေဖြစ်သွား
September 11, 2017 Fame Asian

5:28 pm
ဗီယက်နမ်အသင်းက အင်ဒိုကိုအနိုင်ရခဲ့သည့် အတွက်မြန်မာအသင်း အုပ်စုတတ်ရန် ခက်ခဲသည့်အခြေအနေဖြစ်သွား

dd

ရန်ကုန်၊ စက်တင်ဘာ ၁၁

ဒီနေ့နေ့လည်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ပွဲစဉ်မှာ ဗီယက်နမ်အသင်းက သုံးဂိုးဂိုးမရှိ ရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် မြန်မာအသင်း အုပ်စုတတ်ဖို့ ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်သွားပါတယ်။

မြန်မာအသင်းက ဒီနေ့ညနေမှာ ဖိလစ်ပိုင် အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိအနေအထားအရ အင်ဒိုအသင်းထက် သွင်းဂိုးအရေအတွက်ပိုများဖို့လိုအပ်နေပါတယ်။အုပ်စုကနေ တတ်ဖို့အတွက်ဆိုရင် မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကိုလည်း အနိုင်ကစားရမှာဖြစ်ပါတယ်။

ဒီနေ့နောက်ဆုံးရလဒ်တွေအရတော့ ဗီယက်နမ်အသင်းက သုံးပွဲကစားသုံးပွဲနိုင် ရမှတ်(၉)မှတ် နဲ့သွင်းဂိုး (၁၆)ဂိုးရထားပြီးပေးဂိုးတစ်ဂိုးဘဲပေးထားရပါတယ်။အင်ဒိုနီးရှား အသင်းကတော့ သုံးပွဲကစားနှစ်ပွဲနိုင်တစ်ပွဲရှုံး ရမှတ်(၆)မှတ် သွင်းဂိုး(၁၁)ဂိုးနဲ့ပေးဂိုးလေးဂိုးပေးထားရပါတယ်။

မြန်မာအသင်းကတော့ ဒီနေ့ညနေမှာအုပ်စုတတိယပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ကစားရမှာဖြစ်ပြီး လက်ရှိအချိန်ထိသွင်းဂိုး(၈)ဂိုးနဲ့ပေးဂိုး(၂)ဂိုးပေးထားရပါတယ်။ဒါကြောင့်ဒီနေ့ညနေ ဖိလစ်ပိုင်အသင်းကို မြန်မာအသင်းက (၉)ဂိုးအထိသွင်းယူနိုင်ဖို့လိုနေပါတယ်။

AFFစည်းမျဉ်းတွေအရ ရမှတ်တူဂိုးကွာခြားချက်တူနေရင် ထိပ်တိုက်တွေ့ဆုံမှု ရလဒ်ကို ဦးစားပေးမှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ အင်ဒိုနီးရှားအသင်းထက်ပိုပြီး သွင်းဂိုးများများ ရဖို့လိုအပ်နေပါပြီ။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*