စွဲချက် တင်လိုက်ပြီ ဆိုပါက ဦးရွှေမောင်ကို ဖမ်းဆီးရ မိနိုင်ရေး နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် သွားရန် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ဆို

စွဲချက် တင်လိုက်ပြီ ဆိုပါက ဦးရွှေမောင်ကို ဖမ်းဆီးရ မိနိုင်ရေး နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် သွားရန် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ဆို
September 11, 2017 Asian Fame

11:56 am
စွဲချက် တင်လိုက်ပြီ ဆိုပါက ဦးရွှေမောင်ကို ဖမ်းဆီးရ မိနိုင်ရေး နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် သွားရန် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ဆို

UShweMg(နေပြည်တော်၊ စက်တင်ဘာ ၁၁)

ဘူးသီးတောင် ရဲစခန်းတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် ခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် အမှုကို CID ရဲတပ်ဖွဲ့က နယ်မြေရဲ ထံမှ နေ၍ လွှဲပြောင်းရယူ စစ်ဆေးနေပြီး စွဲချက်တင်သင့် မတင်သင့်ရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံပြု ချက်တောင်းထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြောခွင့်ရ အရာရှိက ပြောသည်။

ဦးရွှေမောင်သည် သူ၏ဖေ့ဘုတ် စာမျက်နှာတွင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော အခြေအနေနှင့် စပ်လျဉ်းသည့် ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ထားရာ ယင်းဗီဒီယိုဖိုင် က အကြမ်းဖက်မှုကို အားပေးအားမြောက်ရောက်သည်ဟု ဆိုပြီး ရဲက စက်တင်ဘာလ ၁ရက်နေ့က ၎င်း ကို အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

ရဲတပ်ဖွဲ့ ဌာနချုပ် ပြောခွင့်ရ အရာရှိက ဦးရွှေမောင်ကို ရှေ့နေချုပ်ရုံးမှ မည်သည့်ဥပဒေပုဒ်မဖြင့် စွဲချက်တင် သင့်ကြောင်း ဥပဒေ အကြံပြုချက် ကျလာပါက ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ သက်ဆိုင်ရာတရားရုံးသို့ အမှုတွဲတင် တရားစွဲဆို သွားလိမ့်မည်ဟု ရှင်းပြ သည်။

”အမှုဖွင့်တိုင်း တရားခံလို့ ပြောလို့မရသေးဘူး။တရားရုံးကို စွဲချက်တင်ပြီး တရားရုံးတော်က အပြစ်ရှိကြောင်း အမိန့်ချမှသာ တရားခံလို့ သုံးနှုန်းလို့ ရပါတယ်။ ခုချိန်ပြောနိုင်တာက ရဲက ဥပဒေလုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်နေပါတယ်လို့ ပြောလိုပါတယ်” ဟု အထက်ပါ ရဲအရာရှိ က ရှင်းပြသည်။

စွဲချက်တင် လိုက်ပြီဆိုပါက ဦးရွှေမောင်ကို ဖမ်းဆီးရမိနိုင်ရေး နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် သွားရန် ရှိကြောင်းလည်း ယင်း ရဲအရာရှိ က ပြောသည်။

လက်ရှိတွင် ဦးရွှေမောင်ကို ဘူးသီးတောင်မြို့မရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ နှင့် အမှုဖွင့်ထားသည်။

ဦးရွှေမောင်သည် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းဝယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း ရခိုင်ပြည်နယ် တွင်း ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် စပ်လျဉ်း၍ မီဒီယာတစ်ခု သို့ဖြေကြားရာတွင် အိမ် များကို ရဲများက မီးရှို့ သည်ဟု ထည့်သွင်း ပြောဆိုခဲ့သဖြင့် ဦးသိန်းစိန် အစိုးရက ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့် အညီဆောင် ရွက်ပေး ရန် ပြည်သူ့လွှတ်တော်သို့တရားဝင်စာပို့ တောင်းဆိုခဲ့ဖူးကြောင်းသိရသည်။

ဦးရွှေမောင်သည် အမေရိကန်နိုင်ငံတွင် နေထိုင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သူသည် ၂၀၁၅ သြဂုတ်လ ကတည်းက ပြည်ခိုင်ဖြိုး ပါတီမှနေ၍ နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်ထားသူဖြစ်ကြောင်းသိရသည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*