မူဆယ်မှတင်ပို့သောဖရဲသီးများကို တရုတ်ကုန်သည်များ ဈေးနှိမ်ဝယ်ယူ

မူဆယ်မှတင်ပို့သောဖရဲသီးများကို တရုတ်ကုန်သည်များ ဈေးနှိမ်ဝယ်ယူ
April 5, 2017 Asian Fame

1:27 pm
မူဆယ်မှတင်ပို့သောဖရဲသီးများကို တရုတ်ကုန်သည်များ ဈေးနှိမ်ဝယ်ယူ

Hmue Eain Zaw

HEZ
မူဆယ်၊ ဧပြီ ၃

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ တင်ပို့နေသည့် ဖရဲသီး များအား တရုတ်ကုန်သည်များက ဈေးနှိမ် ဝယ်ယူမှုများရှိနေကြောင်း ဖရဲသီးကုန်သည်များက ပြော သည်။မန္တလေး-မူဆယ် ကားလမ်း တစ်လျှောက် ယာဉ်ကြောပိတ် ဆို့မှုများကြောင့် သစ်သီးဝလံတင် ဆောင်လာသော မော်တော်ယာဉ် များသည် မူဆယ်ကုန်စည်ဒိုင်သို့ ဝင်ရောက်ရန် နှောင့်နှေးကြန့်ကြာ ခြင်း၊ ပုပ်သိုးလွယ်သောကုန် ပစ္စည်းများ အရည်အသွေးကျ ဆင်းလာခြင်း၊ ပျက်စီးခြင်း၊ သယ် ယူစရိတ်ပိုမိုကုန်ကျလာနိုင်ခြင်း တို့ကြောင့် တောင်သူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း ကုန်သည်များကပြောသည်။ ထိုသို့ အရည်အသွေး ကျဆင်းမှုများ ကြောင့် တရုတ်ကုန်သည်များ၏ ဈေးနှိမ်ဝယ်ယူမှုကို ရောင်းချနေရကြောင်း ဖရဲသီး ကုန်သည်များ က ဆိုသည်။

”လမ်းမှာကားတွေက ပိတ် နေတော့ ဖရဲသီးတွေက နာတာ တွေ နာကုန်တော့ ဈေးနှိမ်ပြီး ဝယ် တာကို ရောင်းရတော့တာပေါ့”ဟု ဖရဲသီးကုန်သည်တစ်ဦး ဖြစ်သည့် ဒေါ်အိအိက ပြောသည်။ မူဆယ်မြို့သို့ အများဆုံး တင် ပို့နေသည့် သစ်သီးဝလံများထဲတွင် ဖရဲသီးက အများဆုံးဖြစ်ပြီး နေ့စဉ် ကားအစီးရေ ၁၅ဝ ခန့်ဝင်ရောက် ပြီး ယခုရာသီတွင် တစ်ရက်လျှင် ကားအစီးရေ ၄ဝဝ ကျော်အထိ အ ရောင်းအဝယ်ဖြစ်နေသည်။ ဖရဲသီးအဝင်များခြင်းနှင့် အရည် အသွေးကျဆင်းခြင်းများသည် တရုတ်ကုန်သည်များ ဈေးနှိမ် ဝယ်ယူရန် အခွင့်အရေးပေးသကဲ့ သို့ ဖြစ်နေသည်။ ၁ဝ၅ မိုင်သစ်သီးဝလံဇုန်တွင် ဖရဲသီးဈေးမှာ ၈၅၅ မျိုးသည် တစ် ကီလိုလျှင် အနိမ့်ဆုံး ၁ ဒသမ ၆ ယွမ်မှ အမြင့်ဆုံး ၂ ဒသမ ၇ ယွမ်၊ ထိုင်ဝမ်သီးမှာ အလုံးအကြီးအသေး အလိုက် နှစ်ယွမ်မှ ၃ ဒသမ ၃ ယွမ်၊ အစေ့မဲ့အသီးမှာ နှစ်ယွမ်မှလေးယွမ် အထိရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*