စက်တင်ဘာ ၁ ရက်နေ့ကစပြီး အချက်ပြမီးမှန်မှန်ကန်ကန်မသုံးတဲ့ ယာဉ်တွေကိုစပြီးအရေးယူတော့မယ်

စက်တင်ဘာ ၁ ရက်နေ့ကစပြီး အချက်ပြမီးမှန်မှန်ကန်ကန်မသုံးတဲ့ ယာဉ်တွေကိုစပြီးအရေးယူတော့မယ်
August 30, 2017 Fame Asian

4:32 pm
စက်တင်ဘာ ၁ ရက်နေ့ကစပြီး အချက်ပြမီးမှန်မှန်ကန်ကန်မသုံးတဲ့ ယာဉ်တွေကိုစပြီးအရေးယူတော့မယ်

21106666_1543856785676598_8722042926070445402_n

ရန်ကုန် ၊ သြဂုတ် ၃၀

မီးအချက်ပြမှု မှန်ကန်စွာမသုံးစွဲတဲ့ယာဉ်တွေ ၊ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို အရှိန်တိုင်းကိရိယာနဲ့စစ်ဆေးပြီး အရေးယူမှု စက်တင်ဘာ ၁ ရက်နေ့မှာစတင်ပြီလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က သတိပေးလိုက်ပါပြီ။

21192188_1543856732343270_5217997221001163734_n

နောက်မှကျော်တတ်လိုတဲ့ ယာဉ်ကို ကျော်တတ်နိုင်ကြောင်း မီးအချက်ပြမှု ကို ပုံပါအတိုင်း မပြရင် အရေးယူခံရတော့မှာပါ ။

အခု လက်ရှိ အဝေးပြေးလမ်းတွေမှာ အသုံးပြုနေတဲ့ မီးအချက်ပြမှုကတော့ နောက်ကကျော်တက်လိုတဲ့ယာဉ်ကို လမ်းရှင်း၍ ကျော်တက်၍ရကြောင်းအချက်ပြတဲ့နေရာမှာ ဘယ်ဘက်အချက်ပြမီးကိုသုံးပြီး မကျော်တက်စေချင်သေးကြောင်း ပြလိုရင် ညာဘက်အချက်ပြမီးကို အသုံးပြုနေကြပါတယ်။21271015_1543856735676603_2240493183376898618_nဒါတွေဟာ မှားယွင်းပြီး ပြင်ဆင်ဖို့ လိုကြောင်းကိုလည်း ပညာပေးကာလအဖြစ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဆောင်ရွက်သတိပေးခဲ့ပြီးဖြစ်ပါတယ်။ပညာပေးကာလပြီးဆုံးပြီဖြစ်တဲ့အတွက် အခုအရေးယူတဲ့ကာလစပြီလို့သိရပါတယ်။

အခု လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းတွေ အားလုံးမှာ ကျင့်သုံးရမှာ ဖြစ်တယ်လို့သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*