မဟာမြတ်မုနိဘုရားကြီး ကို အဆင့်မြင့်ဖန်သားမျှင်မီးအလင်းအသစ်နဲ့ စတင်ပူဇော်

မဟာမြတ်မုနိဘုရားကြီး ကို အဆင့်မြင့်ဖန်သားမျှင်မီးအလင်းအသစ်နဲ့ စတင်ပူဇော်
June 9, 2017 Asian Fame

3:04 pm
မဟာမြတ်မုနိဘုရားကြီး ကို အဆင့်မြင့်ဖန်သားမျှင်မီးအလင်းအသစ်နဲ့ စတင်ပူဇော်

1

မန္တလေး ၊ဇွန် ၉

မန္တလေး မဟာမြတ်မုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်မြတ်ကြီး)အား အဆင့်မြင့်ဖန်သားမျှင်မီးအလင်းအသစ်နဲ့ စတင်ကပ်လှူပူဇော်ခြင်း အခမ်းအနားကို ဒီနေ့(ဇွန် ၉ ရက်)မနက်ပိုင်းက ရင်ပြင်တော်ပေါ်အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်းကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ လွှတ်တော်ဥက္ကဌဦးဝင်းမြင့်တက်ရောက်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။

4

ကမ္ဘာ့အဆင့်မီမီးထွန်းညှိပူဇော်တဲ့စနစ်တစ်ခုပဲဖြစ်ပြီး Fiber Optic Cable တွေနဲ့ပြောင်းလဲတပ်ဆင်ပူဇော်နိုင်ဖို့အတွက် မန္တလေးတိုင်းဒေသ ကြီးအစိုးရခွင့်ပြုချက်နဲ့ ဂေါပကအဖွဲ့ကစီစဉ်ခဲ့တာလို့သိရပါတယ်။၂ လတာ အလှူငွေစုဆောင်းမှုနဲ့ စတင်ခဲ့တဲ့ ဒီအစီအစဉ်မှာ အလှူငွေကျပ်သိန်း ၂၇၀၀ ကုန်ကျဖို့ခန့်မှန်းထားတာဖြစ်ပြီး အနယ်နယ်အရပ် ရပ်က ရဟန်းရှင်လူပြည်သူတွေလှူဒါန်းမှုနဲ့ ပြီးခဲ့တဲ့လလယ်ပိုင်းကစတင်တပ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ဘုရားကြီးအား နောင်အနှစ်နှစ်ဆယ်ကြာတဲ့အထိ ကောင်းမွန်စွာမီးပူဇော်နိုင်မယ့် ဒီစနစ်ကို စင်ကာပူနဲ့ဒိန်းမတ်နိုင်ငံတို့ကအင်ဂျင်နီယာတွေ ကိုယ်တိုင် လာရောက်တိုင်းတာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီစနစ်နဲ့ပူဇော်ခြင်းအားဖြင့် လျှပ်စစ်မီးဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်သလို ဘုရားခန်းအတွင်း အပူမထွက်ခြင်း၊ မီးပူဇော်တာမှာ အလင်းအားကိုနေရာအလိုက်ချိန်ညှိနိုင်ခြင်း၊ ဘုရားဆောင်အတွင်း မလိုအပ်တဲ့နေရာ တွေကို အလင်းလျှော့ပေးခြင်းဖြင့် အရင်ကထက်ပိုမိုသပ္ပါယ်စွာဖူးမြော်ကြည်ညိုနိုင်မှာဖြစ်တယ်လို့ ဂေါပကဥက္ကဌဦးစိုးလင်းကပြောပါတယ်။

စတင်တပ်ဆင်ခြင်းအခမ်းအနားလုပ်တဲ့ ဒီနေ့မနက်ပိုင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်နဲ့အတူ အဲဒီအဆင့်မြင့်ဖန်သားမျှင်မီးအလင်းအသစ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှစတင်ကာ အဲဒီစနစ်သစ်နဲ့ပဲပူဇော်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*