ဖားကန့်ကို သယ်လာတဲ့ မူးယစ်ဆေး အမြောက်အများ လုံးခင်းတွင်ဖမ်းမိ

ဖားကန့်ကို သယ်လာတဲ့ မူးယစ်ဆေး အမြောက်အများ လုံးခင်းတွင်ဖမ်းမိ
October 23, 2017 Asian Fame

1:11 pm
ဖားကန့်ကို သယ်လာတဲ့ မူးယစ်ဆေး အမြောက်အများ လုံးခင်းတွင်ဖမ်းမိ

Pharkant(လုံးခင်း ၊ အောက်တိုဘာ ၂၃)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှာ အောက်တိုဘာ ၂၂ ရက်နေ့ ညနေက ကျပ်သိန်း တစ်သောင်းခြောက်ထောင်ခန့်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး တွေ ကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောကြားပါတယ်။

လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာစုပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးရှမ်းမြောက်ဘက်ကနေ သယ်လာတဲ့ မူးယစ်ဆေးဝါးတွေဖြစ်တယ်လို့သိရပါတယ်။

ကွတ်ခိုင်မြို့နေ ကျော်အောင်(ခ)အားတီ(၂၄)နှစ် ၊ မူဆယ်မြို့နေ ဝေမင်း(ခ)အေးသား(၄၀)နှစ် စတဲ့ တရားခံ ၂ ဦးအတူ စိတ်ကြွရူးသွပ်ဆေးပြား ပေါင်း ၂၃၄၀၀၀ ပြား ၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ခွက် (စုစုပေါင်း ၁၃၂၀ ဂရမ်) တို့ အတူ အခြားမူးယစ်ဆေးဝါး ၊ ဘိန်းဆီခဲ ၆၆ကီလို ၊ မော်တော်ယာဉ်တစ်စီးတို့ ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ဖားကန့်ကိုသယ်လာတာပါ။ တရားခံကတော့ ၂ဦးပဲ ။ ခရိုင်ကိုတင်လာတဲ့အမှုစာရင်းမှာတော့ ဆက်စပ်တရားခံတွေ ဘာတွေ ထည့်မရေးထားဘူး။ အရင်တုန်းကဖမ်းမိဖူးတာတွေမှာတော့ ဒီလောက်မများဘူးပေါ့နော်။ ဘိန်းဖြူ ခွက် ၁၀၀ မပြည့်ဘူးပေါ့နော်” လို့ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

လောလောဆယ် မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိတဲ့တရားခံ ၂ ဦးကို လုံးခင်းနယ်မြေရဲစခန်းမှာ(ပ)၇၂/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*