အောင်ပန်းတွင် ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက တူဖြင့်ထုသတ်

အောင်ပန်းတွင် ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက တူဖြင့်ထုသတ်
August 29, 2017 Fame Asian

5:47 pm
အောင်ပန်းတွင် ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက တူဖြင့်ထုသတ်

sssssssssssssssss

အောင်ပန်း ၊ သြဂုတ် ၂၉

သြဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အောင်ပန်းက ဆရာမ တစ်ဦး ကိုယ့်ခေါင်းကိုယ် တူနဲ့ထုပြီးသတ်သေတယ်ဆိုတဲ့အမှုဟာ တစ်ကယ်စစ်ဆေးကြည့်တဲ့အခါမှာ ခင်ပွန်းဖြစ်သူက တူနဲ့ထုသတ်တဲ့အမှုဖြစ်နေတယ်လို့ ‌တောင်‌ကြီးခရိုင်‌ရဲတပ်‌ဖွဲ့မှူးရုံး က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

ဒီအမှုမှာ မူလစစ်ဆေးချက်အရ တရားခံနဲ့ အသတ်ခံရသူ တို့ရဲ့ သားဖြစ်သူကို စစ်ဆေးရာမှာ “ခင်ပွန်းဖြစ်သူပန်းကန်‌‌ဆေး‌နေစဉ်‌ မိ‌န်းမဖြစ်‌သူက အိမ်‌‌ဆောက်‌ပစ္စည်း‌သေတ္တာထဲက တူနဲ့ မိမိဦး‌ခေါင်း ကိုယ့်ကိုကိုယ်ထုကာ သတ်‌‌သေတာလို့” ဖော်ပြထားတယ်လို့သိရပါတယ်။

ဒါပေမဲ့ ခင်ပွန်းဖြစ်သူကို မသကာင်္လို့ ထပ်မံစစ်ဆေးကြည့်ရာမှာ တော့လူသတ်မှုပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ရဲအုပ်‌မြင့်‌အေး ကပြောပါတယ်။

“‌တရားခံက သူ့မိန်းမကို အချိန်‌ပိုမသင်‌နဲ့လို့ ‌ပြောတာ။အဲ့တာကို မိန်းမဖြစ်‌သူက လိုက်မလုပ်‌လို့ စကားများရာကနေ လူသတ်‌မှုဖြစ်‌တာပါ။သားဖြစ်‌သူကို တရားခံက လိမ်‌ပြီးထွက်‌ဆိုခိုင်းထားတာ “ဟု ၎င်းက‌ပြောသည်‌။

အခုလို လူသတ်မှုဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် ဒီအမှုကို ယခင် ပုဒ်မ ၃၀၄ လူသေမှုနဲ့ဖွင့်လှစ်ထားရာကနေအခု ပုဒ်မ ၃၀၂ လူသတ်မှုအဖြစ်ပြောင်းလဲဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိ အောင်‌ပန်းမြို့မရဲစခန်းမှာ (ပ)၈၀/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ -၃၀၂ နဲ့  ပြောင်းလဲ အမှု့ဖွင့်ထား‌တာဖြစ်ပါတယ်။

သီဟ 
Photo- ရဲတပ်ဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*