တရားမ၀င်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို Black List စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး

တရားမ၀င်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို Black List စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး
August 30, 2017 Fame Asian

11:37 am
တရားမ၀င်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို Black List စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး

21105714_1950450575208513_589799852188451133_n

တာချီလိတ် ၊ သြဂုတ် ၃၀

မြန်မာနိုင်ငံထဲကို ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ဝင်ရောက်လာပြီး တရားမ၀င်တည်းခိုနေတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ကို Black List စာရင်းသွင်းပြီး ဒီကနေ့မှာပဲ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

Mr.patiphan Ploensuk လို့ အမည်ခေါ်တဲ့ ထိုင်းနိုင်ငံသားဟာ ၂၀၁၇ ခုနှစ်ဇွန်လ(၂၈)ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံအတွင်းကို ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်နဲ့ ၀င်ရောက်လာခဲ့ပြီး၊မြန်မာနိုင်ငံ ၊တာချီလိတ်မြို့နယ် ၊ဖန်မင်အုပ်စု၊ဖန်မင်ကျေးရွာ ရှိအိုက်တောင်း (အဘအမည်- ဦးနွဲ့ခမ်းအွန်)နေအိမ်မှာ တရားမ၀င်တည်းခိုနေထိုင်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သူ့ကို မြန်မာနိုင်ငံ ရဲ့ တည်ဆဲ ဥပဒေ အရ ဒဏ်ငွေကျပ် ဆယ်သိန်း ပေးဆောင်စေပြီး မြန်မာနိုင်ငံ လ.၀.က ကနေ အမည်မည်း စာရင်း ( Black List ) အဖြစ်သတ်မှတ်ကာ ပြည်နှင်လိုက်ခြင်းဖြစ်ပါတယ်။

ဒီကနေ့ နံနက် ၀၉း၀၀ နာရီ အချိန်က မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတားကနေ ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်တွေထံကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာလို့သိရပါတယ်။

YL

Photo- တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*