အစိုးရသစ် လက်ထက် အခြေခံပညာ ကျောင်းသား ၁၂သိန်းခန့် ပိုများလာ

အစိုးရသစ် လက်ထက် အခြေခံပညာ ကျောင်းသား ၁၂သိန်းခန့် ပိုများလာ
August 28, 2017 Asian Fame

12:17 pm
အစိုးရသစ် လက်ထက် အခြေခံပညာ ကျောင်းသား ၁၂သိန်းခန့် ပိုများလာ

student(ရန်ကုန် ၊ သြဂုတ် ၂၈)

အစိုးရသစ် ပြောင်းလဲအပြီး ၂၀၁၇-၁၈ ပညာသင်နှစ်မှာ ၂၀၁၁-၁၂ ပညာသင်နှစ်ကထက် အခြေခံပညာ ကျောင်းသား/သူ ဦးရေ ၁၁ သိန်း ၉သောင်းကျော် တိုးတက် များပြားလာတယ် လို့ ပညာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းများအရ သိရပါတယ်။

လက်ရှိ ပညာသင်နှစ်ဖြစ်တဲ့ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ အခြေခံပညာ ကျောင်းသား/သူ (၉၁၈၇၁၈၂) ဦးရေ ရှိပြီး ၂၀၁၁-၁၂ ပညာသင်နှစ် က (၇၉၉၃၉၅၅)ဦင်္း ရှိခဲ့တာဖြစ်ပါတယ်။

၂၀၀၇-၂၀၀၈ ပညာသင်နှစ်က ကျောင်းသား/သူ (၇၇၇၆၂၀၄)ဦးရှိခဲ့တာကြောင့် ယင်းနှစ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ ၁၄ သိန်းကျော် များပြား လာတယ်လို့ သိရပါတယ်။

အခုလို ကျောင်းသား ဦးရေ များပြား လာတာဟာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ကျောင်း အဆင့်မြှင့် တင်ရေးဆောင်ရွက် မှုကြောင့် ဖြစ်ပြီး ကျောင်းပေါင်း (၅၀၉၉) ကျောင်း အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ တာကြောင့် ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုများပြား လာ တာဖြစ်တယ် လို့ မနေ့ က သြဂုတ်လ (၂၇) ရက်နေ့ က ပညာရေး ၀န်ကြီး ဌာနမှာ ကျင်းပခဲ့တဲ့ ပညာသင်ယူမှု အခွင့်အလမ်းနှင့် အရည် အသွေးမြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများဆိုင်ရာ ညှိနှိုင်း အစည်းအဝေး မှာပြောပါတယ်။

ယင်းအစည်းအဝေးမှာ လိုအပ်ချက် များဖြစ်တဲ့ ဆရာ၊ စာသင်ခန်း၊ စာသင်ခုံများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီနဲ့ အခြား လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လိုအပ်နေကြောင်းနဲ့ ကျောင်းသားဆရာ အချိုး မျှတဖို့ ၊ ပညာရေး အသုံးစရိတ် များကို ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲဖို့ ၊ မူလတန်း၊ အလယ်တန်း ပြီးမြောက်ပါက ၀ါသနာနဲ့ အရည်အချင်း အရ သက်မွေး ကျွမ်းကျင်မှု သင်တန်းများ၊ အထက်တန်း ပညာနှင့် အဆင့်မြင့်ပညာ ဆက်လက် သင်ယူနိုင်ဖို့ ဆိုတဲ့ အချက်တွေကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ လူမှုရေး ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*