အမတ်တစ်ဦး လာဘ်စားကြောင်း တိုင်ကြားမှု ကော်မရှင်ဘက်က စစ်ဆေးရန်မလိုတော့ကြောင်းသိရ

အမတ်တစ်ဦး လာဘ်စားကြောင်း တိုင်ကြားမှု ကော်မရှင်ဘက်က စစ်ဆေးရန်မလိုတော့ကြောင်းသိရ
July 14, 2017 Fame Asian

4:45 pm
အမတ်တစ်ဦး လာဘ်စားကြောင်း တိုင်ကြားမှု ကော်မရှင်ဘက်က စစ်ဆေးရန်မလိုတော့ကြောင်းသိရ

ponews

နေပြည်တော်၊ ဇူလိုင် ၁၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထံသိုရော့က်ရှိလာသည့် NLD အမတ်တစ်ဦး လာဘ်စားကြောင်း တိုင်ကြားမှုနှင့်ပတ်သက်၍ ကော်မရှင်အနေဖြင့် စစ်ဆေးရန်မလိုတော့ ဟု ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးသင်းမောင်က Popular News ကို ယနေ့ညနေပိုင်းကပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက ယင်းတိုင်စာရောက်လာကြောင်း ၎င်းကိုယ်တိုင် Popular News ကို ပြောကြားထားခဲ့သည့်အတွက် တိုင်စာနှင့်ပတ်သတ်၍ လက်ရှိအခြေအနေကို မေးရာ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးသင်းမောင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။

၎င်းက ဆက်လက်၍ “တိုင်စာအရ ကော်မရှင်က အတည်ပြုနိုင်ဖို့ စုံစမ်းမေးမြန်းတာတွေ အရင်လုပ်ရပါတယ်။ စစ်ဆေးဖို့အတွက် သေချာအောင်လို့ ကြိုတင်ထောက်လှမ်းရတာပေါ့။ အဲဒီအခါမှာ တိုင်စာပါအချက်အလက်တွေက
ခိုင်မာမှုရှိမနေဘူးဆိုတာကိုတွေ့ရပါတယ်”ဟု ပြောပြသည်။

တိုင်ကြားခဲ့သည့် သူဖက်ကလည်း ထပ်မံ၍ တစ်စုံတစ်ရာ ဘာမှဆက်လက်လုပ်ဆောင်သည်ကို  မတွေ့ရတော့ပါဟု ၎င်းက  ဆက်ပြောသည်။

တိုင်ကြားခံခဲ့ရသည့် မိုးညို မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကလည်း မိမိအနေဖြင့်လာဘ်ယူခဲ့ခြင်းမှာမဟုတ်မှန်ကြောင်း မူလကတည်းက ငြင်းဆိုထားပြီးဖြစ်ပါသည်။

PN-051/စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*