ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတစ်ဦးအား ရထားရဲ ဒုတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေး

ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတစ်ဦးအား ရထားရဲ ဒုတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေး
April 26, 2017 Asian Fame

11:06 am
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတစ်ဦးအား ရထားရဲ ဒုတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေး

အောင်ပြည့်စုံ
နေပြည်တော်၊ ဧပြီ ၂၅

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ရာထူးမှ ရထားရဲတပ်ဖွဲ့၏ ဒုတိယတပ် ဖွဲ့မှူးအဖြစ်ပြောင်းရွေ့တာဝန်ပေးခြင်းခံ ရသော ရဲမှူးကြီးကျော်ထွေးသည် ရဲတပ် ဖွဲ့၏ တပ်ဖွဲ့မှူး အပြောင်းအလဲဖြစ်စဉ်များတွင် ပထမဆုံးအကြိမ်အဖြစ် ထူးခြားစွာ ပြောင်းလဲပေးခံရခြင်းဖြစ်ကြောင်း သိရသည်။

ရဲမှူးကြီးကျော်ထွေးကို ဧပြီလ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာန ချုပ်မှ ရထားရဲတပ်ဖွဲ့သို့ ဒုတပ်ဖွဲ့မှူး ရာထူးဖြင့် ပြောင်းရွှေ့ တာဝန် ထမ်း ဆောင်ရန် တရားဝင်အမိန့် ထွက်လာခြင်းဖြစ်သည်။ ”တပ်ဖွဲ့မှာ စတင်တာဝန်ထမ်း ဆောင်ချိန်ကစပြီး ပြစ်ချက်တစ်စုံတရာ မှမရှိခဲ့သလို တပ်ဖွဲ့ဝင်တွေ အားလုံးအ ပေါ်မှာလည်း မိသားစုစိတ်ဓာတ်နဲ့ ဆက် ဆံခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေအားလုံးကို၊ လမ်းပေါ်မှာ သွားလာနေတဲ့ ပြည်သူ တွေကို ကိုယ့်မိဘဆွေမျိုးညီအစ်ကိုတွေ လို သဘောထားဆက်ဆံကြဖို့ အမြဲတမ်း မှာကြားမှာနေခဲ့တာပါ။ အခုလို ပြောင်း ရွှေ့ခံရတာကတော့ အလုပ်နဲ့လုံးဝ မ သက်ဆိုင်တဲ့ ပြင်ပကိစ္စတစ်ခုခုကြောင့်ပဲ လို့ထင်ပါတယ်” ဟု ရဲမှူးကြီး ကျော်ထွေး က ဆိုသည်။

ရဲမှူးကြီး ကျော်ထွေးသည် ၁၉၈၅ ခုနှစ်တွင် တပ်မတော်သို့ စတင် ဝင် ရောက် တာဝန် ထမ်းဆောင်ခဲ့ပြီး၂ဝဝ၆ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပြောင်း ရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ယာဉ် ထိန်းတပ်ဖွဲ့ဟု သီးခြားဖွဲ့စည်းပုံ မရှိသေး ခင်က ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးအဖြစ် ၂ဝ၁၁ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့တွင် စတင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်နေ့ တွင် ယခုတာဝန်ဖြစ်သောရဲမှူးကြီးရာထူး ကို စတင်ရရှိကာ ယာဉ်ထိန်းတပ်ဖွဲ့၏ တပ်ဖွဲ့မှူး အဖြစ်ပြောင်းရွှေ့ တာဝန်ပေး ခြင်း မခံရမီ ၂ဝ၁၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့အထိ တာဝန်ထမ်းဆောင် ခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွင်းတွင် တပ်ဖွဲ့မှူးရာထူးဖြင့် တာဝန် ထမ်းဆောင် နေသူများကို အခြားဌာနများသို့ ပြောင်း ရွှေ့ရာတွင် တပ်ဖွဲ့မှူး ရာထူးတူဖြင့်သာ အစဉ်တစိုက် ပြောင်းရွှေ့ပေးလေ့ ရှိပြီး ယခုကဲ့သို့ ဒုတိယတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ခြင်းမျိုး ယခင်က လုံးဝ ရှိခဲ့ ဘဲ ယခုလို ပထမဆုံးအကြိမ်အဖြစ် ပြစ် ချက် လုံးဝ မရှိဘဲ ပြောင်းရွှေ့ခြင်းခံရ ကြောင်း ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရဲချုပ် ရုံးထံ ဆက်သွယ်မေးမြန်းခဲ့ရာ မရခဲ့ပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*