အိန္ဒိယမှ “မိုးပျံမိသားစု”

အိန္ဒိယမှ “မိုးပျံမိသားစု”
August 18, 2017 Fame Asian

10:05 am
အိန္ဒိယမှ “မိုးပျံမိသားစု”
pilot

ပုံမှာ ဖခင်လေယာဉ်မှူး ရိုဟစ်ဗာဆင်း၊ မိခင်လေယာဉ်မှူး နိဝေဒိသာ၊ သမီးလေယာဉ်မှူး နိဟာရိကနှင့် သားလေယာဉ်မှူး ရိုဟန်းတို့အား လေယာဉ်မှူးဝတ်စုံများဖြင့်တွေ့ရစဉ်

အိန္ဒိယနိုင်ငံတွင် နှစ် ၁၀၀ ကာလအတွင်း မိဘနှစ်ပါးရော သားသမီးနှစ်ဦးပါ လေယာဉ်မှူးများဖြစ်ကြသည့် မိသားစုပေါ်ထွက်လာကြောင်းသိရသည်။

ယင်းမိသားစုမှ မိဘနှစ်ပါးသည် သူတို့ဝါသနာပါသည့် လေယာဉ်မှူးအဖြစ်ကို ဖြစ်မြောက်အောင် ဆောင်ရွက်လုပ်ကိုင်ခဲ့ကြပြီး၊ မိမိတို့၏ သားသမီးနှစ်ဦးကိုပါ လေယာဉ်မှူးများဖြစ်လာစေရန်ပြုစုပျိုးထောင်နိုင်ခဲ့ကြသည်။

ကပ္ပတိန် ဂျိုင်း ဒက်ဗ် ဗာဆင်း(Jai Dev Bhasin)သည် အိန္ဒိယလေတပ်မတော်၌ တပ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် လေယာဉ်မှူးကြီးတစ်ဦးဖြစ်ကာ သူ၏ သားဖြစ်သူ ရိုဟစ် ဗာဆင်းနှင့် ချွေးမဖြစ်သူ နိဝေဒိသာ ဂျိန်းတို့ကို လေယာဉ်မှူးများဖြစ်လာစေရန်လေ့ကျင့်ပျိုးထောင်ပေးခဲ့ခြင်းဖြင့် မိုးပျံမိသားစုကို စတင်မွေးဖွားပေးခဲ့သည်။

20882016_1523356627708297_7874631576684378288_n

ပုံမှာ ဖခင်လေယာဉ်မှူး ရိုဟစ်ဗာဆင်း၊ မိခင်လေယာဉ်မှူး နိဝေဒိသာ၊ သမီးလေယာဉ်မှူး နိဟာရိကနှင့် သားလေယာဉ်မှူး ရိုဟန်းတို့အား လေယာဉ်မှူးဝတ်စုံများဖြင့်တွေ့ရစဉ်

နိဝေဒိသာသည် အသက်၂၀အရွယ်ဖြစ်သည့် ၁၉၈၄ ခုနှစ်တွင် အိန္ဒိလေကြောင်းမှ လေယာဉ်မှူးအဖြစ်ခန့်အပ်လွှာကို လက်ခံရရှိခဲ့ပြီး အသက် ၂၆ နှစ်အရွယ်တွင် ဘိုးအင်း ၇၃၇ လေယာဉ်ကြီးကိုဦးစီးမောင်းနှင်ရပြန်သဖြင့် ကမ္ဘာတွင် အသက်အငယ်ဆုံးသော ဘိုးအင်း ၇၃၇ အမျိုးသမီးလေယာဉ်မှူးတစ်ဦးဖြစ်ခဲ့သည်။ သူ့အောင်မြင်မှုတို့မှာ များစွာရှိခဲ့ရာ သားသမီးများအားကျဖွယ် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့လေ၏။

တစ်ဖန် ရိုဟစ်နှင့် နိဝေဒိသာတို့ကလည်း သူတို့၏ သမီးဖြစ်သူ နိဟာရိက နှင့် သားဖြစ်သူ ရိုဟန်းတို့ကို လေယာဉ်မှူးများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြပြန်ရာ ယနေ့လူသိများသော “မိုးပျံမိသားစု”ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။

ယနေ့ဆိုလျှင် သမီးဖြစ်သူ နိဟာရိကသည် Airbus A320 လေယာဉ်ကြီးကို ဦးစီးမောင်းနှင်ရသူဖြစ်နေလေပြီ။ သားဖြစ်သူ ရိုဟန်းမှာလည်း ဘိုးအင်း ၇၇၇ လေယာဉ်ကြီးကို ဦးစီးမောင်းနှင်နေရပြီဖြစ်ပြီး ဖခင်ဖြစ်သူ ရိုဟစ်နှင့် သားအဖနှစ်ဦးတွဲ၍ ဘိုးအင်း ၇၈၇ လေယာဉ်ကြီးကို ၁၀ကြိမ်ထက်မနည်းမောင်းနှင်ခဲ့ပြီးလေပြီ။

PN002
ref: The only Indian family where mum, dad, daughter and son are all Pilots; ‘The Flying Family’

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*