ရခိုင်ပြည်နယ်က ၁၁ လသား အရွယ်အမွှာ မိန်းခလေးနှစ်ဦးတွင် H1N1 တွေ့

ရခိုင်ပြည်နယ်က ၁၁ လသား အရွယ်အမွှာ မိန်းခလေးနှစ်ဦးတွင် H1N1 တွေ့
August 16, 2017 Asian Fame

4:11 pm
ရခိုင်ပြည်နယ်က ၁၁ လသား အရွယ်အမွှာ မိန်းခလေးနှစ်ဦးတွင် H1N1 တွေ့

mask(ရန်ကုန် ၊ သြဂုတ် ၁၆)

စစ်တွေပြည်သူ့ ဆေးရုံမှာ H1N1 ရောဂါပိုး ကူးစက်ခံထားရသူ ၁၁ လသားအရွယ် အမွှာ မိန်းခလေးနှစ်ဦးကို ဒီကနေ့ ထပ်မံတွေ့  ရှိတယ်လို့  ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင် ကပေါ်ပြူလာ နယူးစ် ကိုပြောပါတယ်။

”စစ်ထားတာ ကတော့ ၃ ရက်ရှိပြီ ။ ရန်ကုန်ကို ဓါတ်ခွဲခန်း ပို့စစ်ဆေးထားတာပေါ့။ မနေ့ ညကမှ အတည်ပြုချက် ရပါတယ်။ အခု စစ်တွေဆေးရုံမှာပဲ သူတို့ကိုသီးခြားကုသပေးနေပါတယ်။ လတ်တလော စိုးရိမ်စရာမရှိပါဘူး” လို့ သူကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ H1N1 ရောဂါပိုးတွေ့ ရှိသူဟာ ဒီကနေ့ တွေ့ တဲ့ အမွှာကလေးငယ်နှစ်ဦး အပါအ၀င် ၃ ဦးရှိပြီဖြစ်ပြီးတော့ ယခင်က ၁ နှစ် ၂လ အရွယ်ကလေးငယ် တစ်ဦးကိုတွေ့ ရှိထားတာပါ။

ရခိုင်ပြည်နယ်က မြို့ နယ်တိုင်းမှာ ရောဂါကာကွယ်ရေး အသိပေး ပိုစတာတွေနဲ့ လက်ကမ်း စာစောင်တွေ ဝေငှ ထားပြီးတော့ ပြည်နယ် အတွင်း က ဆေးရုံတိုင်းကိုလည်း နေ့ စဉ်သတင်းပို့ ဖို့ ညွှန်ကြားထားတယ်လို့ ဒေါက်တာကြည်လွင်ကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက် အမှတ် (၂၃)မှာတော့ ဓာတ်ခွဲ အတည်ပြုချက်အရ တစ်နိုင်ငံလုံး မှာ H1N1 ကြောင့်သေဆုံး သူ ၂၅ ဦး ရှိပြီဖြစ်ပြီးတော့ ရောဂါဖြစ်ပွားသူ ၂၄၂ ဦးရှိပြီလို့သိရပါတယ်။

သြဂုတ်လ ၁၆ ရက် မွန်းလွဲ၂ နာရီအထိ သိရှိရသလောက် အနေနဲ့ ရန်ကုန် ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ H1N1 ပိုးတွေ့ အတွင်း လူနာ ၆ ဦး၊ အခြား တိုင်းဒေသကြီး /ပြည်နယ်ဆေးရုံကြီးတွေ မှာ H1N1 ပိုးတွေ့ အတွင်းလူနာ ၅၁ ဦး၊ စုစုပေါင်း ၅၇ ဦး ဆက်လက်ဆေးဝါး ကုသမှုခံယူနေကြတယ်လို့သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*