ဘင်္ဂလီတွေလုပ်ကိုင်နေတဲ့ မောင်တော ခရိုင်အတွင်းက လယ်မြေနဲ့မွေးမြူရေးကန်တွေကို စီစစ်သင့်ဟု ဆို

ဘင်္ဂလီတွေလုပ်ကိုင်နေတဲ့ မောင်တော ခရိုင်အတွင်းက လယ်မြေနဲ့မွေးမြူရေးကန်တွေကို စီစစ်သင့်ဟု ဆို
August 16, 2017 Fame Asian

6:12 pm
ဘင်္ဂလီတွေလုပ်ကိုင်နေတဲ့ မောင်တော ခရိုင်အတွင်းက လယ်မြေနဲ့မွေးမြူရေးကန်တွေကို စီစစ်သင့်ဟု ဆို

20770435_1400275523424149_3898903321195561694_n

နေပြည်တော်၊ သြဂုတ် ၁၆

မောင်တောခရိုင်အတွင်း ဘင်္ဂလီများ လုပ်ကိုင်နေသော လယ် ၁၂၅၄၀၁ဧက နဲ့ ငါး၊ပုဇွန်ကန် ၈၉၈၂ဒသမ ၉၂ဧက တို့ဟာ ခိုးဝင်ဘင်္ဂလီများမှ အကြမ်းဖက်နည်းနဲ့ သိမ်းယူပြီး ယနေ့တိုင် လုပ်ကိုင်နေတာတွေဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီးရဲနိုင်ဦး ကပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အ မှတ်(၃) လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လတ် တင်သွင်းတဲ့ ” မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူဆောင်ရွက်ပေးပါရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို” ကို ဆွေးနွေးရာမှာ ဒုဗိုလ်မှူးကြီးရဲနိုင်ဦးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီလို ဘင်္ဂလီတွေက အကြမ်းဖက်နည်းလမ်းနဲ့သိမ်းယူခဲ့ပြီးလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို မြေယာဥပဒေအရ တရားဝင် လုပ်ပိုင်ခွင့်ရှိသူ မူရင်းပိုင်ရှင် ဟုတ်/ မဟုတ်၊ တရားဝင်လယ်ယာမြေလုပ်ကိုင်ခွင့် ရှိ/ မရှိတို့အပေါ် စိစစ်အရေးယူဆောင်ရွက်ကာ မူရင်း ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်သင့်ကြောင်း ကိုလည်း သူက ထပ်လောင်းဆိုသွားပါတယ်။

SLM ၊ YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*