မြန်မာငွေ ကျပ်သုံးရာမှ စတင်သည့် လေယာဉ် လက်မှတ်စောင်ရေ ငါးသိန်းကို Vietjet ရောင်း ချမည်

မြန်မာငွေ ကျပ်သုံးရာမှ စတင်သည့် လေယာဉ် လက်မှတ်စောင်ရေ ငါးသိန်းကို Vietjet ရောင်း ချမည်
February 8, 2017 Asian Fame

1:49 pm
မြန်မာငွေ ကျပ်သုံးရာမှ စတင်သည့် လေယာဉ် လက်မှတ်စောင်ရေ ငါးသိန်းကို Vietjet ရောင်း ချမည်

vietjet(ရန်ကုန်၊ ဖေဖော်ဝါရီ ၇ )

ဗီယက်နမ် လေကြောင်းလိုင်း Vietjet သည် တရုတ်နှစ်ကူး အထိမ်းအမှတ် အဖြစ် မြန်မာငွေ ကျပ် ၃ဝဝ ဖြင့် စတင်သည့် အထူး လျှော့ဈေး လက်မှတ်စောင်ရေ ငါးသိန်းကို ဖေဖော်ဝါရီ ၈ ရက်မှ စတင် ရောင်းချပေးမည် ဖြစ် ကြောင်း သတင်း ထုတ်ပြန်သည်။

အထူးလျှော့ဈေး လက်မှတ် အစီအစဉ်ဖြင့် ဗီယက်နမ်မှ ပြည်တွင်း ခရီးစဉ်များ ဖြစ်သော ဟိုချီမင်းမြို့တော်မှ ဟနွိုင်း၊ ဒါနန်း အပါ အဝင် မြို့ များစွာ သို့ ယခုနှစ် မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း (အစိုးရ ရုံးပိတ်ရက် များမှလွဲ၍ ) Vietjet ဖြင့် ခရီး သွားလာနိုင် မည် ဖြစ်သည်။

အဆိုပါ ပရိုမိုးရှင်း လက်မှတ် များကို  မနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၁ နာရီခွဲ အတွင်း www.vietjetair.com (စမတ်ဖုန်းများ အတွက့်  https://m.vietjetair.com) တွင် သို့မဟုတ် www.face­book.com/vietjetmyanmar မှ (““Booking” tab ကို နှိပ်ရုံဖြင့်) ဖြင့် လည်းကောင်း၊ Call Center  ဖုန်းနံပါတ် ၁၉ဝဝ၁၈၈၆ သို့ ခေါ် ဆို၍ လည်းကောင်း၊ နိုင်ငံတစ်ဝန်း ရှိ ခရီးသွား လေယာဉ်လက်မှတ် အရောင်းကောင်တာ များတွင် လည်းကောင်း ဝယ်ယူ နိုင်ပြီဖြစ် ကြောင်း သိရသည်။

ငွေပေးချေမှုများကို Visa, Master Card, JCB, KCP နှင့် American Express  ကတ်များဖြင့် ပေးချေနိုင်မည် ဖြစ်ပြီး သတ်မှတ် ထားသော ပရိုမိုးရှင်း ကာလအတွင်း ၁၁ နာရီခွဲမှ ၁ နာရီခွဲ အချိန် အတွင်း  www.vietjetair.com မှ တစ်ဆင့် လေယာဉ် လက်မှတ် ဝယ် ယူ သူ ခရီးသည်များ အတွက်  အခမဲ့ ခရီးစဉ် လက်မှတ်များကို မဲ ဖောက်ပေးသွားမည်ဟု သိရသည်။

ထို့ပြင် အပတ်စဉ် ပေးအပ်ချီး မြှင့်မည့် ၃ ဒသမ ၇၅ ဂရမ် အလေး ချိန်ရှိ ရွှေသားနှင့် နောက်ဆုံး ဆုကြီး အဖြစ် တစ်ကီလိုဂရမ် အလေး ချိန်ရှိ  ရွှေသားလေယာဉ်ငယ် တို့ ပါဝင်သည့် အထူးကံစမ်းမဲ  အစီ အစဉ်တွင် ပါဝင် ကံစမ်းခွင့် ရရှိ မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ် သော  Vietjet သည် မြန်မာ အပါ အဝင် တရုတ်၊ မလေးရှား၊ စင်ကာ ပူ၊ ထိုင်းစသည့်နိုင်ငံ များသို့ခရီး စဉ်လမ်းကြောင်း အခု ၆ဝ ဖြင့်ပျံ သန်းပြေးဆွဲလျက် ရှိကြောင်း သိရ သည်။

MZW

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*