ဆိုင်ကယ်(၃၂)စီးခိုးယူခဲ့သည့် လူငယ် ၂ဦး

ဆိုင်ကယ်(၃၂)စီးခိုးယူခဲ့သည့် လူငယ် ၂ဦး
March 5, 2018 Fame Asian

3:58 pm
ဆိုင်ကယ်(၃၂)စီးခိုးယူခဲ့သည့် လူငယ် ၂ဦး

img

ပြင်ဦးလွင်၊မတ် ၅

ဆိုင်ကယ်(၃၂)စီးခိုးယူခဲ့သည့် အသက် ၁၆နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၂၀အရွယ် လူငယ် တစ်ဦး တို့ ကို ပြင်ဦးလွင်မြို့မရဲစခန်း(ပ)(ပ)၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄၊(ပ)၃၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ ဖမ်းဆီးထိန်းသိမ်းအရေးယူထားသည်ဟု သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

ယင်း လူငယ် နှစ်ဦး ထဲမှ အသက် ၂၀အရွယ် လူငယ် တစ်ဦး ကို ရဲက မသင်္ကာသဖြင့် စစ်ဆေးရာမှတဆင့် ၎င်းနှင့်အတူ ခိုးမှုကျူးလွန်သူကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးအရေးယူလိုက်ခြင်းဖြစ်သည်ဟု ရဲက ပြောသည်။

ပြင်ဦးလွင်မြို့မရဲစခန်းမှ ရဲအုပ်အဆင့်ရှိသူ ရဲအရာရှိက ”ဘယ်ကာလအတွင်းမှာ ခိုးခဲ့တာတွေလည်းတော့ပြောရခက်တယ်။ ကျွန်တော်တို့က အခု ဆိုင်ကယ်တွေကို လိုင်စင်ရှိတဲ့ဘီးဆိုလည်းလိုင်စင်နဲ့ ကညနမှာသွားတိုက်စစ်တာမျိုးလုပ်နေရတယ်။ ပြီးတော့ ခိုးတဲ့သူလည်း သူဘယ်နေ့ကခိုးတယ်ဆိုတာမျိုးမမှတ်မိဘူး။ ကုမ္ပဏီက ခိုးလာတဲ့ဘီးဆိုလည်း ကုမ္ပဏီကို သွားအကြောင်းကြား ၊ အဲ့ဒီလိုအကြောင်းကြားလို့ သူတို့ဘက်က ဘယ်နေ့မှာပျောက်တာဆိုတာမျိုးပြောတော့မှ ပဲ ကျွန်တော်တို့ကသိရတော့ လုပ်ရကိုင်ရတာနည်းနည်းခက်နေတယ်”ဟု ပြောသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*