မဘသ ဆိုင်းဘုတ်များ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရ အဖွဲ့၏ သဘောထား အတိုင်းသာ ရဲတပ်ဖွဲ့က ဆောင်ရွက်ရန်ရှိ

မဘသ ဆိုင်းဘုတ်များ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရ အဖွဲ့၏ သဘောထား အတိုင်းသာ ရဲတပ်ဖွဲ့က ဆောင်ရွက်ရန်ရှိ
July 18, 2017 Asian Fame

5:35 pm
မဘသ ဆိုင်းဘုတ်များ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရ အဖွဲ့၏ သဘောထား အတိုင်းသာ ရဲတပ်ဖွဲ့က ဆောင်ရွက်ရန်ရှိ
MBT

Photo – Internet

(နေပြည်တော်၊ ဇူလိုင် ၁၈)

မဘသ ဆိုင်းဘုတ်များ မဖြုတ်ပါက ရဲက ဆောင်ရွက် သွားရမည့် ညွှန်ကြားချက် တစုံတရာကို ရဲတပ်ဖွဲ့ဌာနချုပ် အနေဖြင့် ထုတ်ပြန် ထားခြင်း မရှိဘဲ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ အကြီးအကဲများ၏ သဘောထား အတိုင်း လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက် သွားရန်သာ မှာကြားထားကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြောခွင့်ရ အရာရှိ ရဲမှူးကြီး သက်နိုင်က Popular News ကို ပြောသည်။

”သက်ဆိုင်ရာဝန်ကြီးချုပ်များ ရဲ့ ဆန္ဒအတိုင်းပါပဲ”ဟု ရဲမှူးကြီး သက်နိုင်က ပြောသည်။

၂၀၁၇ ခုနှစ် မေလ ၂၃ ရက်က ကျင်းပသည့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ သတ္တမအကြိမ် ၄၇ ပါး စုံညီ ပဉ္စမမြောက် အထူး အစည်းအဝေးတွင် “မဘသ”အမည်ခံ ပုဂ္ဂိုလ်များ အနေဖြင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ယင်း “မဘသ” အမည်အား သုံးစွဲပြီး မည်သည့် အမှုကိစ္စမျိုးကို မျှ ဆောင်ရွက်ခြင်း မပြုရန်၊ မြန်မာပြည် အနှံ့ရှိ “မဘသ”အမည်ပါရှိသည့် ဆိုင်းဘုတ် များအား ယခုနှစ် ဇူလိုင် ၁၅ ရက်တွင် နောက်ဆုံးထားပြီး ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်း မရှိပါက ရဟန်းဖြစ်လျှင် သံဃာ့ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် လည်းကောင်း၊ လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲ ဥပဒေများဖြင့်လည်းကောင်း အရေးယူ သွားရန် ဆုံးဖြတ် ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ပြုလုပ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သတ္တမအကြိမ် ၄၇ ပါး စုံညီ ဧကဒသမ အစည်းအဝေး တွင်မူ အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)သည် သံဃာ့ အဖွဲ့အစည်း အခြေခံ စည်းမျဉ်း၊ လုပ်ထုံ လုပ်နည်းများဖြင့် ညီညွတ်ခြင်း မရှိသည့် အတွက် တရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခု မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*