မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ဆေးသွားကုပါက ရက်ပေါင်း ၉၀ အထိနေထိုင်ခွင့်ရပြီ

မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ဆေးသွားကုပါက ရက်ပေါင်း ၉၀ အထိနေထိုင်ခွင့်ရပြီ
July 14, 2017 Fame Asian

12:25 pm
မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ဆေးသွားကုပါက ရက်ပေါင်း ၉၀ အထိနေထိုင်ခွင့်ရပြီ

news

ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာအပါအ၀င် အာရှ ငါးနိုင်ငံရှိ လူနာများအနေဖြင့် ထိုင်းနိုင်ငံတွင် ဆေးကုသရန် လာရောက်ပါက ယခင် ရက်ပေါင်း ၃၀ ခန့်သာ နေထိုင်ခွင့်ပြုရာမှ ယခုအခါ ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့်ကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV အုပ်စု) နှင့်တရုတ်နိုင်ငံတို့ကနေ ထိုင်းနိုင်ငံကို လာရောက်ပြီး ဆေးဝါးကုသမှုခံယူများအတွက် ယခုကဲ့သို့ တိုးချဲ့ခွင့်ပြုပေးရာတွင် လူနာတစ်ဦးချင်းစီအတူ အဖော်လေးဦးထိ ကိုလည်း အလားတူနေထိုင်ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် ယခင်က ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများမှ လာရောက်သူတွေကိုလည်း အလားတူ ကာလရှည်ဗီဇာတွေကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ယခုခွင့်ပြုခဲ့သည့် အာရှနိုင်ငံငါးခုသည် ဒုတိယမြောက်အကြိမ်ခွင့်ပြုပေးခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံကို ဒေသဆေးဝါးကုသမှုဆိုင်ရာ အချက်အချာနိုင်ငံအဖြစ် ပြောင်းလဲဖန်တီးဖို့ ရည်ရွယ်ပြီး ယခုကဲ့သို့ အာရှနိုင်ငံ ငါးနိုင်ငံက လူနာတွေအတွက်ထပ်မံ နေထိုင်ခွင့်ကာလကို တိုးချဲ့သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*