RansNet နှင့် KMD ပူးပေါင်း၍ ၀န်ဆောင်မှုပေးမည်

RansNet နှင့် KMD ပူးပေါင်း၍ ၀န်ဆောင်မှုပေးမည်
July 14, 2017 Asian Fame

12:24 pm
RansNet နှင့် KMD ပူးပေါင်း၍ ၀န်ဆောင်မှုပေးမည်

RansNet(ရန်ကုန်၊ ဇူလိုင် ၁၄)

စင်္ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော RansNet ၏မြန်မာနိုင်ငံဆိုင် စီးပွားရေး လုပ်ငန်း သုံး အိုင်စီတီ Solution product ထုတ်ကုန်များဖြန့်ချီရေး ကိုယ်စားလှယ် အဖြစ် အိုင်တီ ပစ္စည်းများဖြန့်ချီသော KMD ကုမ္ပဏီ အား ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်၍ ခန့်အပ် လိုက်ပြီဖြစ်သည်။

RansNet Pte.Ltd သည် ၂၀၁၁ ခုနှစ်တွင် စတင် တည်ထောင်ကာ mbox Hotspot Gateways(HSG)ကို ဦးဆောင်သူ အနေဖြင့် နိုင်ငံ တဝှန်းတွင် နေ့စဉ် သုံးစွဲသူသန်း၂၀ကျော်နှင့် ပြည်ပနိုင်ငံ များတွင်လည်း mbox Product များဖြင့်ထောင်ပေါင်း များစွာသော ကြိုးမဲ့ကွန်ယက် စနစ်ကို တည်ဆောက် ခဲ့သော ကုမ္ပဏီဖြစ်သည်။

ယခုကဲ့သို့ KMD ကုမ္ပဏီနှင့် RansNet ကုမ္ပဏီ တို့ကျိုးတူ ပူးပေါင်း လက်တွဲဆောင်ရွက်ခြင်းဖြင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၊လုပ်ငန်းခွင်များတွင် ပြီးပြည့်စုံသော ကြိုးမဲ့စနစ်သုံး ကွန်ယက် အသုံးပြုမှုစနစ် ကို ဖြန့်ကျက်စေမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*