စစ်ကိုင်း အထက (၃) တွင် စာသင်ချိန် အတွင်း တုတ်/ဓါး အသုံးပြု၍ ကျောင်းသားများ အုပ်စုဖွဲ့ ရန်ဖြစ်

စစ်ကိုင်း အထက (၃) တွင် စာသင်ချိန် အတွင်း တုတ်/ဓါး အသုံးပြု၍ ကျောင်းသားများ အုပ်စုဖွဲ့ ရန်ဖြစ်
July 10, 2017 Asian Fame

3:31 pm
စစ်ကိုင်း အထက (၃) တွင် စာသင်ချိန် အတွင်း တုတ်/ဓါး အသုံးပြု၍ ကျောင်းသားများ အုပ်စုဖွဲ့ ရန်ဖြစ်

Sagaing(စစ်ကိုင်း ၊ ဇူလိုင် ၁၀)

စစ်ကိုင်းမြို့က အထက(၃) ကျောင်း မှာ ကျောင်းသားတွေ အချင်းချင်း တုတ်/ဓါး အသုံးပြု ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းသား တစ်ချို့ ဒဏ်ရာရရှိခဲ့တယ် လို့ စစ်ကိုင်းမြို့မရဲစခန်းက ပြောပါတယ်။

အခု ခိုက်ရန်ဖြစ်ပွားတဲ့ ကျောင်းသားတွေ ထဲက အချို့ဟာဆိုရင် ဇူလိုင် ၈ ရက်နေ့ (၀ါဆိုလပြည့်နေ့) ကလည်း စစ်ကိုင်းတောင်ပေါ်မှာ အချင်း များခဲ့ကြပါသေးတယ်။

ဒီကနေ့ စာသင်ကျောင်းထဲမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကတော့ ၀ါဆိုလပြည့်နေ့ မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို မကျေနပ်လို့ ထပ်မံခိုက်ရန် ဖြစ်ပွား ကြတာ လို့ သိရပါတယ်။

“ဖြစ်တာကတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို ဘာမှ တော့ မပြောသေးပါဘူး။ တိုင်တာတန်းတာလည်း မရှိသေးပါဘူး” လို့ စစ်ကိုင်းမြို့မ ရဲစခန်းက ရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်ကြောင့် ကျောင်းသား ၅ ဦးလောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

YL

Photo-PhyoAung

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*