သက်ငယ်မုဒိမ်းအတွက် အသင့်တော်ဆုံး ပြစ်ဒဏ်က ဘာလဲ

သက်ငယ်မုဒိမ်းအတွက် အသင့်တော်ဆုံး ပြစ်ဒဏ်က ဘာလဲ
November 23, 2016 Asian Fame

5:09 am
သက်ငယ်မုဒိမ်းအတွက် အသင့်တော်ဆုံး ပြစ်ဒဏ်က ဘာလဲ
In Articles, Crime

special

ယခုရက်ပိုင်း လူတော်တော်များများက ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေသည့်အရာမှာ စားဝတ်နေရေးသက်သာချောင်ချိရေး တို့နှင့်အတူ
တရားဥပဒေစိုးမိုးရေး ကိုပါဖြစ်သည်။ တရားဥပဒေ စိုးမိုး ရေးဆိုသည်ကလည်း ကြီးကြီးကျယ် ကျယ်မဟုတ်။ လူသတ်၊ ဓားပြတိုက်၊ ပစ္စည်းလု အစရှိသည့် ကိစ္စတို့ထက် ကလေးမုဒိမ်းကို ယင်းတို့က အ ပြစ်ကြီးကြီးပေးစေချင်ကြသည်။ ထိုပြစ်မှုအပေါ်တွင် တရားဥပဒေ ထိရောက်စွာ စိုးမိုးစေလိုကြခြင်း ဖြစ်သည်။ခက်သည်က နိုင်ငံတွင် အသက်ကြီး၊ အသက်ငယ် မည်သူကိုမဆို မုဒိမ်းမှုကျူးလွန်သည်ဖြစ်စေ အမျိုးအစားမခွဲခြားဘဲ ပြစ်ဒဏ်ကို တစ်တန်းတစ်စားတည်း ထားပြီး ပြစ်ဒဏ်ပေးနေသည်။ ဒါကို လူထုက မကျေနပ်။

ထို့ကြောင့် နိုင်ငံတွင် တန်ခိုး ထွားနေသည့် facebook ၌ သက် ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး တောင်းဆိုသူများအဖွဲ့၊ သက်ငယ် မုဒိမ်းကို သေဒဏ်ပေးပါဆိုသည့်အ ဖွဲ့၊ သက်ငယ်မုဒိမ်းကို ကြီးလေးသည့် ပြစ်ဒဏ်ပေးပါစသဖြင့် ဂရု(ပ်)များ ဖွဲ့ကာ သက်ဆိုင်ရာအား တောင်း ဆိုနေကြပြီဖြစ်သည်။ အထူးအား ဖြင့် သူတို့က ဥပဒေပြဋ္ဌာန်းရာ လွှတ်တော်ကို ဦးတည်ကြသည်။လွှတ်တော်က ယင်းအမှုကို သေ ဒဏ် သို့တည်းမဟုတ် ကြီးလေးသည့် ပြစ်ဒဏ်ပေးရေး မပြဋ္ဌာန်းပေးသေး သရွေ့ သက်ငယ်မုဒိမ်းက မပ ပျောက်ဟု သူတို့က လက်ရှိပကတိ အခြေအနေအရ ယုံကြည်သွားကြ ပြီဖြစ်သည်။

မုဒိမ်းမှု စတင်ခြေဖျားခံရာအခြင်းအရာနှင့် ဖြစ်စဉ်ဖြစ်ရပ်များ

မုဒိမ်းမှုသည် အနေနီးခြင်း၊ လူပြတ်လပ်ခြင်း၊ မိဘများ၏ ပေါ့ လျော့မှု၊ သူတစိမ်းကို ယုံကြည်မှု၊ စီးပွားရေးမပြေလည်မှု၊ မိဘများ၊ ပတ်ဝန်းကျင်နှင့် မိသားစုဝင်တို့၏ အနေအထိုင် မဆင်ခြင်မှု၊ မူးယစ် ဆေးသုံးစွဲမှု၊ အသိပညာအတတ် ပညာနည်းပါးမှု၊ စဉ်းစားသုံးသပ် ဝေဖန်နိုင်သည့် အသိÓဏ်မရှိမှု၊ လွန်ကဲသည့် တဏှာရှိမှု၊ အသက် အရွယ်အနေအထားအရ ပြင်ပတွင် အပျော်မရှာဘဲ အနီးအနားမှသူကို ဦးတည်လိုက်မှုစသည့် အကြောင်း အရာများစွာတို့မှတစ်ဆင့် မြစ်ဖျားခံသည်ကို တွေ့ရသည်ဟု အမှုစစ်အရာရှိအချို့က ပြောပြသည်။

နိုင်ငံတွင် ယခုဖြစ်နေသည့် မုဒိမ်းမှုအမျိုးအစားအားလုံးထက်သက်ငယ်မုဒိမ်းအကြောင်းကို ရွေးပြောရလျှင် အများစုဖြစ်စဉ်များက မိဘများ၊ ပတ်ဝန်းကျင်နှင့် မိသား စုဝင်တို့၏ အနေအထိုင် မဆင်ခြင် မှု၊ လွန်ကဲသည့် တဏှာရှိမှု၊ တစ်ဖက်သားကို ယုံကြည်မှုနှင့် စဉ်းစား သုံးသပ်ဝေဖန်နိုင်သည့် အသိဥာဏ် မရှိမှုတို့က အများဆုံးဖြစ်နေသည် ကိုတွေ့ရကြောင်း အမှုစစ်အရာရှိ တစ်ဦးကပြောသည်။ ၎င်းက မိဘများ၊ ပတ်ဝန်းကျင် နှင့် မိသားစုဝင်တို့၏ အနေအထိုင် မဆင်ခြင်မှုဆိုသည်က လက်ရှိဖြစ် ပေါ်နေသည့်လူဦးရေထူထပ်မှု၊ အ နေအထိုင် ကျပ်တည်းမှု၊ နေထိုင်စရာ မလုံခြုံမှုတို့က အဓိကနေရာ တွင် ရှိနေသည်ဟု သူကဆိုသည်။”အတုမြင် အတတ်သင်တာပေါ့ ဗျာ”ဟု ယင်းအရာရှိကပြောသည်။

နောက်တစ်ခုက လွန်ကဲသည့် တဏှာကြီးမားသူ ဆိုသည်ကို နောက်ထပ်အမှုစစ်အရာရှိတစ်ဦးက ဖခင်၊ ပထွေးတို့ကို ဆိုလိုသည် ဟု ရှင်းပြသည်။ စဉ်းစားသုံးသပ် ဝေဖန်နိုင်သည့် အသိဥာဏ်မရှိမှုဆို သည်ကိုတော့သူက ဘုန်းတော်ကြီး အချို့၊ ကျောင်းဆရာအချို့နှင့် သက်ကြီးရွယ်ကြီးအချို့ကို ညွှန်ပြ ချင်သည်ဟု ဆက်ပြောသည်။ ယခု နောက်ပိုင်းတွင် အသွေး အသား ရယူသူတို့က အစဖျောက်မှု ကိုပင် လုပ်လာကြသည်ကိုပင်တွေ့ လာရသည်ဟု လုပ်သက် ၂ဝ ကျော် ရှိ ရဲအရာရှိတစ်ဦးက ပြောပြသည်။

မုဒိမ်းဖြစ်စဉ်တွေ ယခင်ကထက် များလာတာ ငြင်းမရတော့ပါဘူး

အင်တာနက်ကြောင့် လက်ရှိအခြေအနေတို့ကို အလွယ်တကူသိလာကြသည်ကိုတော့ ငြင်းမရ။ အကြောင်းပြချက်ပေး၍ မရတော့။ ရဲတပ်ဖွဲ့ဌာနချုပ်ထံ တက်လာသည့် မှုခင်းဖြစ်စဉ်များက တစ်နေ့တခြား၊ တစ်လတခြား တက်လာနေသည်။ ထိုထဲတွင် မုဒိမ်းမှုက လူသတ်မှုပြီး လျှင် ဒုတိယအများဆုံး ဖြစ်နေ သည်။ လက်ရှိ ၂ဝ၁၆ ခုနှစ်၏ ၁ဝ လကျော်ကြာ ကာလ၏ မုဒိမ်းမှုဖြစ် စဉ်သည် ၁ဝ နှစ်တာအတွင်း စံချိန် တင်ဖြစ်နေသည်ဟု ဆို၍ရသွား သည်။ ယခု ၂ဝ၁၆ ခုနှစ် ၁ဝ လ ကျော်ကြာ မုဒိမ်းမှုအရေအတွက်က ၂ဝဝ၈၊ ၂ဝဝ၉၊ ၂ဝ၁ဝ ခုနှစ်တို့က ဖြစ်ခဲ့သည့် အမှုစုစုပေါင်းထက် ထက်ဝက်နီးပါးခန့် ရှိနေသည်။ရဲတပ်ဖွဲ့ဌာနချုပ်မှ ရရှိထား သည့်စာရင်းအရ ယခု ၁ဝ လကျော် ကာလအတွင်း မုဒိမ်းမှုဖြစ်စဉ်သည် အမှု ၈ဝဝ ပြည့်ရန် သိပ်ပင်မလို တော့သည်ကို တွေ့ရသည်။ ထိုထဲ တွင် သက်ငယ်မုဒိမ်းအမှုက မုဒိမ်း မှုအားလုံး၏ ထက်ဝက်ကျော်တွင် ရှိနေသည်။ ပြီးခဲ့သည့်နှစ်က သက် ငယ်မုဒိမ်းသည် မုဒိမ်းမှုအားလုံး၏ ၃ ပုံ ၁ပုံသာ ရှိသည့်အတွက် ယခု နှစ် သက်ငယ်မုဒိမ်းက ပိုများနေ သည်က ငြင်းမရတော့။ သို့သော်လည်း ယခုနောက် ပိုင်းများလာခြင်းမှာ ယခင်က အ သက် ၁၄ နှစ်အောက်ကို သက်ငယ် မုဒိမ်းဟု သတ်မှတ်ထားခြင်းအား ၁၆ နှစ်အောက်ဟု ပြောင်းလိုက် သည့်အတွက်ကြောင့်လည်း ပါသည် ဟု မှုခင်းဌာနမှ ရဲမှူးကြီးရွှေသောင်း ကပြောသည်။

သက်ငယ်မုဒိမ်းက နေရာအစုံ၊
ကဏ္ဍအစုံမှာ ဖြစ်နေပါပြီ

သက်ငယ်မုဒိမ်းသည် နေရာအစုံ၊ဒေသအစုံ၊လူပုဂ္ဂိုလ်အစုံတွင်ဖြစ်နေကြပြီဟု ပြော၍ရနေသည်။ ယခု ၁ဝ လကျော်အတွင်းဖြစ်ခဲ့ သည့်
သက်ငယ်မုဒိမ်းဖြစ်စဉ်တို့ကို ကြည့်ပါလျှင် ကျူးလွန်သူတို့က သာသနာ့ဝန်ထမ်းအချို့၊ ကျောင်း ဆရာအချို့၊ သူစိမ်းတစ်ရံ၊ ဖခင်၊ ပထွေး၊ အစ်ကို၊ ဆွေမျိုးအချို့ စသည်တို့ ဖြစ်နေသည်ကို တွေ့ရ သည်။ ထိုထဲတွင် မုဒိမ်းကျင့်ပြီး အသတ်ခံလိုက်ရသည့် ဖြစ်စဉ်တို့ လည်းပါနေသည်။ အဆိုးဆုံးက စက်တင်ဘာလ ၂၆ ရက်နေ့က ဖြစ်ခဲ့သော ဧရာဝတီတိုင်းဒေသ ကြီး၊ ရေကြည်၊ ကွမ်းသီးကုန်းကျေး ရွာမှ ပထမတန်းကျောင်းသူလေးအသတ်ခံလိုက်ရမှုဖြစ်သည်။ အစ် ကိုဝမ်းကွဲက အဆိုပါကလေးကို အဓမ္မကျင့်ခဲ့ပြီး၊ ပစ္စည်းယူ သတ် ဖြတ်ခဲ့သည်။

ထိုအမှုသာမက မကြာသေး သည့် အောက်တိုဘာလ ၂ ရက် နေ့က ပြည်မြို့တွင် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် ၃ နှစ်အရွယ် ကလေးငယ် ကို မုဒိမ်းကျင့်ခဲ့ပြန်သည်။ အဓမ္မ ပြုကျင့်သူသည် ယင်းကလေးငယ် မိခင်၏ ခင်ပွန်းဟောင်းဖြစ်သည်။နေပူနေသည့်အတွက် ဈေးမခေါ် သွားလို၍ ထိုသူ့ထံ မိခင်က ခေတ္တ အပ်ခဲ့စဉ်အချိန် ၁ နာရီ ကျော်အ တွင်း ယင်းအမှုဖြစ်သွားသည်။ ကျန်သည့်အမှုများက စာမျက် နှာထက်တွင် ဖော်ပြပေးရန် မသင့် တော်သည့် အမှုများဖြစ်သည်။ ရေးပြရန်ပင် စိတ်ထဲမရဲ။ ထိုဖြစ်စဉ်တို့အနက်က ဖြစ် စဉ်တစ်ခုကိုတော့ ဖော်ပြပါမည်။ ယင်းက ကရင်ပြည်နယ် မြဝတီမြို့ နယ် ပွင့်လင်းအေးမြိုင်ကျေးရွာရှိ ပုညရှင်ကျောင်းတိုက်မှ ကျောင်း ထိုင်ဆရာတော်က စစ်ဘေးရှောင် အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမ တန်းကျောင်းသူတစ်ဦးကို သား မယားပြုကျင့်ခဲ့သည့်ကိစ္စ ဖြစ်သည်။လက်ရှိတွင် ယင်းပုဂ္ဂိုလ်အမှုရင် ဆိုင်နေရသည်။ မည်သူ့ကိုမှ မယုံရတော့သည့် အခြေအနေဆိုက်လာပြီဟု သက် ငယ်မုဒိမ်းရှုတ်ချသူတို့က ယင်း ဖြစ်စဉ်ကို လက်ညှိုးထိုးပြောကြ သည်။ သူတို့အပြောကလည်း လွန် အံ့မထင်။ ယခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ကျိုက်လတ်၊ ရွှေညောင် ပင်ကျေးရွာ အလကခွဲမှ ကျောင်း ဆရာတစ်ဦးကို ရှစ်တန်းကျောင်း သူနှစ်ဦးအား သားမယားပြုကျင့်မှု နှင့် ဖမ်းဆီးခဲ့ရသည်။ အဆိုပါ
ကျောင်းဆရာက တစ်ကြိမ်တည်း မဟုတ်၊ အကြိမ်ကြိမ် ပြုကျင့်သည် ဟု သိရသည်။

ပညာပေးမှာလား၊ ဥပဒေနဲ့ ကိုင်မှာလား

ယခင်က ပညာပေးမှရမည်ဆို သည်က အတိုင်းအတာတစ်ခုအထိ ရှိခဲ့သော်လည်း၊ ယခုနောက်ပိုင်း တော့ ပညာပေးလိုသူက နည်းလာ ပြီး ဥပဒေနှင့်နှိပ်ကွပ်လိုသူက များ လာသည်။ ရဲအရာကြီးအချို့ကပင် သက်ငယ်မုဒိမ်းကောင်တို့ကို ပြစ် ဒဏ်များများပေးသင့်ကြောင်း ပြော နေကြသည်။”မဟုတ်ရင် ဘယ်ကြောက် မလဲ၊ ချပြလိုက် နှစ်ရှည်ထောင်ဒဏ်၊ ပေးလိုက်သေဒဏ်၊ ကြောက်သွား မယ်။ ရေရှည်အတွက်ကတော့ ပညာပေးမှရမယ်”ဟု အမည်မဖော် လိုသည့် ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ ပညာပေးမှုကို လက်ရှိအချိန်တွင် မဖြစ်မနေ လုပ်သင့် လုပ်ထိုက်သည်ဟုဆိုသူတို့ကို အစိုးရက လိုက်လျောသည့် သဘောဖြင့် ပညာပေးမှုကို ယခင်ကထက်အရှိန် မြှင့်သင့်သလို လွှတ်တော်ဘက်က လည်း ဥပဒေပြဋ္ဌာန်းပြီး မုဒိမ်းကောင်တို့ကို ကိုင်တွယ်သင့်ကြောင်း သက်ငယ်မုဒိမ်းအား သေဒဏ်ပေး ရေးတောင်းဆိုခဲ့ဖူးသည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောသည်။တကယ်စင်စစ် ပညာပေးရေးသည် အစိုးရတာဝန်၊ ဥပဒေပြုရေးသည် လွှတ်တော်တာဝန်ဖြစ်နေ၍ အစိုးရနှင့်လွှတ်တော်ကသာ ပညာ ပေးမှာလား၊ ဥပဒေနဲ့ကိုင်မှာလား ဆိုသည့်မေးခွန်းကို အဖြေပေးနိုင် လိမ့်မည်ဖြစ်သည်။ ပြင်ပကတော့ တောင်းဆိုရန်သာ တတ်နိုင်သည်။

သက်ငယ်မုဒိမ်းအတွက်
အသင့်တော်ဆုံးပြစ်ဒဏ်က ဘာလဲ

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ မုဒိမ်းမှုကို အမြင့်ဆုံးပြစ်ဒဏ် အနေဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း သို့မဟုတ် ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်၍ ရသည်ဟု ဖော်ပြထားသည်။ ထိုကြားထဲ ခိုင်လုံသည့် အ ကြောင်းပြချက်ရှိလျှင် အာမခံရ သေးသည်။ သက်ငယ်မုဒိမ်းမှုအ တွက် သီးခြားပုဒ်မက လက်ရှိ အ ချိန်အထိ မရှိသေးပေ။ ထို့ကြောင့် တရားသူကြီးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အစား သက်ငယ်မုဒိမ်းကို ၁ဝ နှစ်ထောင်ဒဏ်ကိုသာ ရွေးပြီး အပြစ်ပေးလိုက်လျှင် မုဒိမ်းကျင့်ခံ လိုက်ရသည့် မိန်းကလေးငယ်၏ ဘဝနစ်နာမှုနှင့် နှိုင်းယှဉ်ပါက မမျှ တသည့်အပြင်၊ ကလေးငယ်မှာ လည်း ထိုသူလွတ်လာချိန်တွင် အ သက်အရွယ်အရ ထိုသူကို မှတ်မိ ကာ စိတ်ဒဏ်ရာ အကြီးအကျယ် ထပ်ရနိုင်သေးသည့် ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနိုင်သေးသည်။ ပတ်ဝန်းကျင်တွင် ထိုးနှက်မှု၊ ရိုက်ခတ်မှုများလည်း မပါသေးပေ။ တစ်ဖက်တွင်လည်း သေဒဏ်ဟု သတ်မှတ်လိုက်ပါက ကျူးလွန်သူ က သေဒဏ်ကို သိပြီးဖြစ်၍ အစ ဖျောက်ပစ်နိုင်သည်။ စစ်ကိုင်းတိုင်းဒေသကြီး လူ ငယ်ကွန်ရက်မှ ကိုဇော်သူရိန်ထွန်း က ”ထောင်ဒဏ်အနေနဲ့ကတော့ အများဆုံး တစ်သက်တစ်ကျွန်းနဲ့ အနည်းဆုံး ထောင်ဒဏ် (၃ဝ)နှစ် ခန့် ချသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ အသက် ၄ နှစ် အရွယ်ကလေးငယ်ကို အိမ်နီးချင်း တစ်ဦးက မုဒိမ်းကျင့်မယ်။ သူ့မှာ စိတ်ဒဏ်ရာအကြီးအကျယ် ရသွား လိမ့်မယ်။ ဒီလူကို ပြန်မြင်တိုင်း သူ့ မှာ အကြီးအကျယ် စိတ်ခံစားမှုဖြစ် နေလိမ့်မယ်။ မုဒိမ်းကောင်ဟာ ထောင်ကျသွားလို့ ပြန်လွတ်လာ မယ့်အချိန်ဆိုရင် ကလေးငယ်ရဲ့အ သက်ဟာ (၄+၃ဝ) စုစုပေါင်း ၃၄ နှစ်ထိရောက်ပြီမို့ မုဒိမ်းကောင်ကို ပြန်တွေ့လည်း မှတ်မိချင်မှ မှတ်မိ တော့မှာ ဖြစ်သလို မှတ်မိရင်လည်း ရင့်ကျက်တဲ့ အရွယ်ရောက်နေပြီ ဖြစ်တဲ့အတွက် စိတ်ဒဏ်ရာအကြီး အကျယ် မရနိုင်တော့ပါဘူး” ဟု သက်ငယ် လိင်အကြမ်းဖက်မှုကာကွယ်ရေးကွန်ရက်တွင် အကြံပြု ထားသည်။

လက်ရှိကျင့်သုံးနေတဲ့ ဥပဒေပုဒ်မတွေနဲ့ သင့်တော် မတော်

လက်ရှိတွင် နိုင်ငံ၌ မုဒိမ်းမှုကို ပုဒ်မ ၃၇၆ နှင့် အများဆုံး အမှုဖွင့် ကြသည်။ သက်ငယ်အမှုဆိုလျှင် ထိုပုဒ်မအပြင် အခြားသော ဥပဒေ ပုဒ်မတို့ တပ်ကြသည်။ ယခုနှစ်များ အတွင်း သက်ငယ် မုဒိမ်းနှင့်ပတ် သက်၍ တရားစီရင်ရေးဘက်က ပြဋ္ဌာန်းထားသည့် ဥပဒေလုပ်ထုံး လုပ်နည်းများအရ အပြစ်ပေးမှုကို လူထုက ပြစ်ဒဏ်နည်းသည်ဆိုပြီး မကျေနပ်ကြ။ တစ်ဖက်ကလည်း တည်ဆဲဥပဒေဖြင့် လုပ်နေရ၍ အ ကန့်အသတ်က ရှိနေသည်။ လက် ရှိ သက်ငယ်မုဒိမ်းအခြေအနေကို အဖြေတစ်ခုထွက်အောင် လုပ်ပေး နိုင်သည်က လွှတ်တော်သာရှိတော့ သည်။ လွှတ်တော် ကိုယ်စားလှယ်အချို့က သက်ငယ်မုဒိမ်းကို ထိ ရောက်စွာ ပြစ်ဒဏ်ပေးရေး အဆို တင်ရန် ကြိုးပမ်းနေပြီဟု ကြားနေ ရသည်။ ထိုအကြောင်းကို လွှတ် တော်က ပယ်ချမချ စောင့်ကြည့် နေသူ၊ တင်မတင်စောင့်ကြည့်နေ သူတို့ များစွာရှိနေကြသည်။

ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ”မကြားဝံ့ မနာသာတွေ ဖြစ်နေတာ က ထိရောက်တဲ့ ပြစ်ဒဏ်မရှိလို့ ဖြစ်တယ်။ ဒါ့ကြောင့်အန်တီကတော့ ဒီဥပဒေဖြစ်မြောက်အောင် လွှတ် တော်မှာတင်မယ်”ဟု ပြောသည်။ ထို့ကြောင့် လွှတ်တော်က ပြဋ္ဌာန်းပေး/မပေး စောင့်ကြည့်ရန် မှတစ်ပါး တခြားမရှိတော့ပေ။ ထို ကြားထဲ သက်ငယ်မုဒိမ်းများ ဖြစ် မလာစေရန် အုပ်ထိန်းသူတို့ကိုယ် တိုင် အထူးသဖြင့် မိခင်တို့က မိမိ တို့၏သမီးငယ်များကို မျက်ခြည် မပြတ်တမ်းစောင့်ကြည့်ရန်သာ ရှိ ပေတော့သည်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*