ဆရာတော်တစ်ပါး မိမိကိုယ်ကိုယ် ကြိုးဆွဲချ ပျံလွန်တော်မူ ကန့်ဘလူမြို့နယ် တွင်ဖြစ်ပွား

ဆရာတော်တစ်ပါး မိမိကိုယ်ကိုယ် ကြိုးဆွဲချ ပျံလွန်တော်မူ ကန့်ဘလူမြို့နယ် တွင်ဖြစ်ပွား
July 5, 2017 Asian Fame

12:40 pm
ဆရာတော်တစ်ပါး မိမိကိုယ်ကိုယ် ကြိုးဆွဲချ ပျံလွန်တော်မူ ကန့်ဘလူမြို့နယ် တွင်ဖြစ်ပွား

(ရန်ကုန်၊ ဇူလိုင် ၅)

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန်ဘလူမြို့ အမှတ်၂ ရပ်ကွက်ရှိ မဟာသန္တာရုံကျောင်းတိုက် အတွင်း သီတင်း သုံးနေသော ဆရာတော် ဥူးဝေပုလ္လသည် ဇူလိုင်၎ရက်နေ့၊ ည၉နာရီခွဲ က ကြိုးဆွဲချ ပျံလွန်တော်မူ သွားသည်ဟု ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“မနေ့ည ကိုးနာရီခွဲမှာ ကြိုးဆွဲချသေသွားတယ်။ ဘာကြောင့် အဲ့လိုကြိုးဆွဲချလဲ ဆိုတာတော့ မသိဘူး။ အဲ့ဦးဇင်း ရဲ့ဝါတော် က နှစ်ဝါ ရှိပြီ။ သက်တော်က ၄၂နှစ်ပါ။” ဟု စခန်းမှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

လက်ရှိတွင် ကန့်ဘလူမြို့်မ ရဲစခန်းမှ ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးလျက် ရှိပြီး သေမှုသေခင်းရေး ဖွင့်ဆိုရန် အတွက် စီစစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*