ကျောင်းသားသမဂ္ဂအ​ဆောက်​အအုံကို ငွေကျပ်သန်းပေါင်း ၅၀၀၀ အသုံးပြုပြီး ယခုနှစ်အတွင်းတည်ဆောက်သွားမည်

ကျောင်းသားသမဂ္ဂအ​ဆောက်​အအုံကို ငွေကျပ်သန်းပေါင်း ၅၀၀၀ အသုံးပြုပြီး ယခုနှစ်အတွင်းတည်ဆောက်သွားမည်
July 4, 2017 Asian Fame

4:35 pm
ကျောင်းသားသမဂ္ဂအ​ဆောက်​အအုံကို ငွေကျပ်သန်းပေါင်း ၅၀၀၀ အသုံးပြုပြီး ယခုနှစ်အတွင်းတည်ဆောက်သွားမည်

school(ရန်ကုန် ၊ ဇူလိုင် ၄)

ရန်ကုန် တက္ကသိုလ် အတွင်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ဖို့ ပြည်ထောင်စု အစိုးရကနေ ငွေကျပ် သန်းပေါင်း ၅၀၀၀ ချပေးခဲ့ပြီး အခုနှစ် အတွင်းပြန်လည် တည်ဆောက် သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ ကျောင်းသားသမဂ္ဂ ပြန်လည် တည်ဆောက်ရေး နဲ့ပတ်သတ်ပြီး အစည်းအဝေး တစ်ရပ်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို တိုင်းအစိုးရ အဖွဲ့ဝင်တွေ ၊ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက် ခဲ့ပါတယ်။

သမဂ္ဂ အဆောက်အအုံကို ပြန်ဆောက်ဖို့ ကော်မတီ၂ခု ဖွဲ့စည်း သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လမတိုင်ခင် ချထားပေးတဲ့ ဘတ်ဂျက် ကိုအပြီး သုံးစွဲတည်ဆောက် သွားရမှာဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပုဇွန်တောင် မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်ကပြောပါတယ်။

” ဆောက်တာကတော့ ပြည်ထောင်စုက ဘတ်ဂျတ်ချပေးတာ ဆိုတော့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနကပဲ ဆောက် သွားမှာပါ။ လတ် တလောတော့ အဆောက်အအုံ ဒီဇိုင်းပုံစံက၂ခုဖြစ်နေတယ်။ သိပ်တော့မကွာပါဘူး။ ဖြိုဖျက် ခံလိုက်ရတဲ့ အဆောက်အအုံ ရဲ့ အုတ်ရိုးတွေ ကိုတော့ သမိုင်းတစ်ခု အဖြစ်ထား သွားမယ်လို့ သိရပါတယ်”လို့ သူကေ ပြာပါတယ်။

သမဂ္ဂ အဆောက်အအုံပြန်ဆောက်ပြီးရင် အများပြည်သူ ကြည်ရှုနိုင်ဖို့ ပြတိုက်သဘောမျိုး ထားပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် အတွင်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက် နဲ့ဖြိုခွင်းခဲ့တာဟာ ယခုနှစ်ဆိုရင် ၅၅နှစ်ရှိပြီဖြစ် ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*