ချင်းတွင်းမြစ် အတွင်း အမြန်ရေယာဉ် မီးလောင်မှုမှ လူတစ်ဦး ပျောက်ဆုံးနေ

ချင်းတွင်းမြစ် အတွင်း အမြန်ရေယာဉ် မီးလောင်မှုမှ လူတစ်ဦး ပျောက်ဆုံးနေ
July 4, 2017 Asian Fame

4:42 pm
ချင်းတွင်းမြစ် အတွင်း အမြန်ရေယာဉ် မီးလောင်မှုမှ လူတစ်ဦး ပျောက်ဆုံးနေ

Chindwin-boat(ကနီ၊ ဇူလိုင် ၄)

ဒီကနေ့ နေ့လည် ၁ နာရီက ဖြစ်ပွားခဲ့တဲ့ ချင်းတွင်းမြစ် အတွင်း အမြန်ရေယာဉ် တစ်စီးမီးလောင်မှုမှာ လူတစ်ဦး ပျောက်ဆုံးနေတယ် လို့ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရွှင်ဌေးက အတည်ပြုပြောပါတယ်။

“ဟုတ်တယ်ခင်ဗျ။ ကျွန်တော်တို့ကို အတည်ပြုပြောထားတယ်” လို့ သူက ဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ မြင့်မြတ်သူအမြန်ရေယာဉ်ပေါ်မှာ ဆိုရင် ခရီးသည် ၄၈ ဦးလိုက်ပါလာတယ်လို့သိရပါတယ်။

ကျန်တဲ့ခရီးသည်တွေ ကတော့ အန္တရာယ် ကင်းရှင်းကြောင်းနဲ့ သူတို့ကို မဲဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကို ပို့ဆောင်ပြီး ကယ်ဆယ် ထားတယ်လို့ ခရီးသည်တွေကို ပို့ဆောင်ပေးနေတဲ့ စက်လှေမောင်းသမား ကို အောင်ခိုင်စိုးက ပြောပါတယ်။

အမြန်ရေယာဉ် မြင့်မြတ်သူ ဟာဆိုရင် ဒီကနေ့ နေ့လည် ၁ နာရီက ချင်းတွင်းမြစ် အတွင်း ကနီမြို့နယ် မဲဒင်ကျေးရွာ အထက်နားမှာ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

YL
Photo- Tun Tun Win

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*