အလုံမြို့နယ် အတွင်းတိုက်ပေါ်က ခုန်ချတဲ့ အမျိုးသမီး ကွယ်လွန်

အလုံမြို့နယ် အတွင်းတိုက်ပေါ်က ခုန်ချတဲ့ အမျိုးသမီး ကွယ်လွန်
July 4, 2017 Asian Fame

5:35 pm
အလုံမြို့နယ် အတွင်းတိုက်ပေါ်က ခုန်ချတဲ့ အမျိုးသမီး ကွယ်လွန်

Ahlone(ရန်ကုန်၊ ဇူလိုင် ၄)

ဒီကနေ့ မနက် ၇ နာရီလောက်က အလုံမြို့နယ်အတွင်း တိုက်ပေါ်က ခုန်ကျခဲ့တဲ့ အမျိုးသမီး ကွယ်လွန်သွားပြီ လို့ မြို့နယ်ရဲစခန်း က ပေါ်ပြူလာနယူးစ်ကို အတည်ပြုပြောကြားပါတယ်။

သေဆုံးသူဟာ အလုံမြို့နယ်၊ လွတ်လပ် ရေး ရပ်ကွက်၊ အောင်ဇေယျ လမ်းမှာ နေထိုင်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး (၆)လွှာ တိုက်ခန်းပေါ် က ခုန်ချခဲ့သူဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်ကစပြီး တီဘီဆေး တွေသောက်ခဲ့ရသူ တစ်ဦးဖြစ်သလို စိတ်ကျရောဂါ ခံစားနေရသူ တစ်ဦးဖြစ်တယ် လို့လည်း သိရပါတယ်။

သူဟာ တိုက်ပေါ်က ခုန်မချမီ ရေအိမ် အသုံးပြု ကြွေဂျီး ချွတ်ဆေး အနည်းငယ်သောက်ခဲ့တယ်လို့လည်းသိရပါတယ်။
ခုန်ချမှုကြောင့် ၀ဲ/ယာခြေချောင်း တွေ ၊ ခြေသလုံး တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူနေရာကနေ ဆုံးသွားတာဖြစ်ပါတယ်။

လောလောဆယ် ဒီအမှုအတွက် သေမှုသေခင်းဖွင့် ဆောင်ရွက်နေတယ်လို့ အလုံမြို့ရဲစခန်းက ပြောပါတယ်။
YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*