လာမည့်နှစ်တွင် စလစ်ကပ်ကားအပါအဝင် လူစီးကားအားလုံးဘယ်မောင်းတစ်မျိုးထဲသာတင်သွင်းခွင့်ပြုမည်ဆိုသည့်သတင်းများကြောင့် ကားဈေးနှုန်း ကျပ်ဆယ်သိန်းခန့်မြင့်တတ်သွား

လာမည့်နှစ်တွင် စလစ်ကပ်ကားအပါအဝင် လူစီးကားအားလုံးဘယ်မောင်းတစ်မျိုးထဲသာတင်သွင်းခွင့်ပြုမည်ဆိုသည့်သတင်းများကြောင့် ကားဈေးနှုန်း ကျပ်ဆယ်သိန်းခန့်မြင့်တတ်သွား
June 23, 2017 Asian Fame

4:34 pm
လာမည့်နှစ်တွင် စလစ်ကပ်ကားအပါအဝင် လူစီးကားအားလုံးဘယ်မောင်းတစ်မျိုးထဲသာတင်သွင်းခွင့်ပြုမည်ဆိုသည့်သတင်းများကြောင့် ကားဈေးနှုန်း ကျပ်ဆယ်သိန်းခန့်မြင့်တတ်သွား

car2slid

နေပြည်တော် ဇွန် (၂၃)

၂၀၁၈ခုနှစ်တွင် ပြည်ပမှမော်တော်ယာဉ်တင်သွင်းပါက ဘယ်မောင်းအမျိုးအစားကိုသာတင်သွင်းခွင့်ပြုမည်ဆိုသောသတင်းများကြောင့် ဈေးကွက်အတွင်းရှိ လူစီးကားများကျပ်ဆယ်သိန်းခန့် မြင့်တတ်သွားကြောင်းရန်ကုန်နှင့်မန္တလေးရှိ ကားဝယ်ရောင်းများထံမှသိရသည်။

(၂၀၁၅)ခုနှစ်စက်တင်ဘာလတွင်ပြဌန်းခဲ့သည့်မော်တော်ယာဉ်ဥပဒေကို ပြင်ဆင်ရေးစွဲရန်လွှတ်တော်တွင်ပြင်ဆင်နေပြီး မြန်မာနိုင်ငံ၏ လမ်းအခြေအနေနှင့်ကိုက်ညီသည့်ဘယ်မောင်းကားများကိုသာ လာမည့်နှစ်တွင် တင်သွင်းခွင့်ပြုမည်ဆိုသည့်သတင်းများကြောင့် ကားဈေးကွက်အတွင်းလှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။ပြည်တွင်း၌အများဆုံးအသုံးပြုနေသည့်ဂျပန်ကားများမှာညာမောင်းအမျိုးအစားများသာဖြစ်ပြီး ဘယ်မောင်းကားများကိုသာတင်သွင်းခွင့်ပြုမည်ဆိုပါက အနောက်နိုင်ငံထုတ်ကားများနှင့်ကိုရီးယားနိုင်ငံထုတ်ကားများကိုသာဝယ်ယူအသုံးပြုရတော့မည်ဖြစ်သည်။

“နောက်နှစ်ကျရင်ဘယ်မောင်းဘဲပေးသွင်းမယ်ဆိုတဲ့သတင်းကြောင့် ကားဈေးကမနေ့ကနဲ့ဒီနေ့တောင်လေးငါးသိန်းတတ်သွားတယ်၊ဂျပန်ညာမောင်းမော်ဒယ်အမြင့်ကိုင်ထားသူတွေဆိုဆယ်သိန်းလောက်အထိဈေးတွေတိုးရောင်းနေကြတယ်”ဟု ရန်ကုန်မြို့မှဝါရင့်ကားဝယ်ရောင်း ဦးစန်းလွင်ကဆိုသည်။

ဂျပန်နိုင်ငံထုတ်ညာမောင်းကားများကိုပြည်တွင်းတွင် နှစ်ပေါင်းများစွာလူကြိုက်များအသုံးပြုလာခဲ့ခြင်းဖြစ်သော်လည်းပြည်တွင်းရှိလမ်းစနစ်အရဘယ်မောင်းကားအမျိုးအစားများကပိုမိုအန္တရာယ်ကင်းနိုင်သည့်အပြင်ပြည်တွင်းတွင်ထုတ်လုပ်တပ်ဆင်မည့်(Brand New)ဘယ်မောင်း ကားများကိုဈေးကွက်ပိုမိုရောင်းချလိုသည့်အတွက်ယခုကဲ့သို့စီစဉ်ခြင်းဖြစ်နိုင်ကြောင်းကားလောကအသိုင်းအဝိုင်းမှသုံးသပ်ထားကြသည်။ ယခုနှစ်အတွင်းစလစ်ကပ်ကားများကို(၂၀၁၁)မော်ဒယ်မှ(၂၀၁၄)မော်ဒယ်အထိဘယ်မောင်းညာမောင်းမခွဲခြားဘဲတင်သွင်းနိုင်ပီး (၂၀၁၅)  မော်ဒယ် မှ (၂၀၁၇)မော်ဒယ် အထိကိုမူ ဘယ်မောင်းတစ်မျိုးထဲသာတင်သွင်းခွင့်ပြုထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*