အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများ ရပ်ကွက်ဖွံ့ ဖြိုးရေးအကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းအစိုးရပြော

အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများ ရပ်ကွက်ဖွံ့ ဖြိုးရေးအကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းအစိုးရပြော
October 27, 2017 Fame Asian

11:39 am
အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများ ရပ်ကွက်ဖွံ့ ဖြိုးရေးအကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းအစိုးရပြော

22789074_1584444834932809_1903136593580181604_n

ရန်ကုန်၊ အောက်တိုဘာ ၂၇

အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများ ရပ်ကွက်ဖွံ့ ဖြိုးရေး အကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြောပါတယ်။

မနေ့ က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက” ရပ်ကွက်သို့ မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေမှာ အုပ်ချုပ်ရေးမှူးများသည်လည်းကောင်း၊ ရာအိမ်မှူးများသည်လည်းကောင်းတစ်ဦးတစ်ယောက်ထံမှ အလှူငွေကောက်ခံရန်အခွင့်အာဏာမပေးထားသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူးများအနေနဲ့ ရပ်ကွက်ဖွံ့ ဖြိုးရေးအကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံခွင့်မရှိပါဘူး ” လို့ သူကပြောတာဖြစ်ပါတယ်။

မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အချို့မှာ တည်ဆဲဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးသာယာရေးအဖွဲ့ ၊ လမ်းသာယာရေးအဖွဲ့ ၊ စသငြ့် အဖွဲ့ များဖွဲ့ ပြီး လစဉ်ကြေးများ၊အလှူငွေများေ ကာက်ခံနေပြီးတော့ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ စာရင်းရှင်းတမ်းများ၊ ရှင်းလင်းတင်ပြခြင်းမရှိဘဲ ငွေကြေးသုံးစွဲနေမှုတွေကို တည်ဆဲဥပဒေအရေ စနစ်တကျ မှတ်ပုံတင်ပြီး အလွဲသုံးစွဲမှုမပေါ်ပေါက်ရေးအတွက် ကြီးကြပ်ဖို့ အစီအစဉ်ရှိမရှိနဲ့ ရပ်ကွက်ဖွံ့ ဖြိုးရေးအကြောင်းပြချက်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ အလှူငွေကြေးကောက်ခံခွင့်ရှိပါသလား၊ရှိတယ်ဆိုရင် ယင်းငွေကြေးတွေကို အများအကျိုးအတွက်သုံးစွဲဖို့ ညွှန်ကြားချက်ရှိသလား” ဆိုတဲ့မေးခွန်းကို မနေ့ ကလွှတ်တော်မှာမေးမြန်းခဲ့မှုနဲ့ ပတ်သတ်ပြီး တိုင်းအစိုးရက အဲသလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

”ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ အခန်း ၁၃ ၊၁၄ မှာ ရန်ပုံငွေသုံးစွဲမှုနဲ့ ပတ်သတ်ပြီး မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချပေးတဲ့ ရန်ပုံငွေသုံးစွဲရေးဆိုင်ရာ စီမံခန့် ခွဲရေးအတွက်သာပါတာတွေ့ ရပါတယ်။လက်တွေ့ မှာသူတို့ အနေနဲ့ ရန်ပုံငွေ သုံးစွဲမှု မလုံလောက်တာတွေ၊ နိုင်ငံတော်ဘတ်ဂျတ်နဲ့ ဆောင်ရွက်တဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းများမှာ ထည့်သွင်းတင်ပြဖို့ အချိန်စောင့်နေလို့ မဖြစ်နိုင်တာတွေ၊ အရေးပေါ်လိုအပ်ချက်ဆောင်ရွက်ပေးရတာတွေ၊ သာသနာရေးလူမှုရေးလုပ်ငန်းတွေမှာ အကူအညီတောင်းခံတာတွေကို အရေးပေါ်ဆောင်ရွက်ပေးရတာတွေ ကြောင့် မလွှဲမရှောင်သာ အလှူငွေကောက်ခံခြင်းနဲ့ ရပ်ကျေးရန်ပုံငွေများကို ဆောင်ရွက်နေရတယ်လို့ ကြားသိရပါတယ်။အဲဒီလိုဆောင်ရွက်ရာမျာ ရိုးရိုးသားသားတိကျမှန်ကန်စွာ ဆောင်ရွက်ပေးသူတွေရှိသလို အချို့ မှာ ပွင့်လင်းမြင်သာစွာမဆောင်ရွက်တာတွေတွေ့ ရပါ
တယ်။ အထူးသဖြင့် တစ်ချို့ နေရာတွေမှာ ရပ်ကျေးအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေထံမှ သဒ္ဒါကြေးမဟုတ်ဘဲ နှုန်းထားတွေနဲ့ သတ်မှတ်ပြီး အလှူငွေကြေးကောက်ခံနေတာတွေကို ကြားသိရပါတယ်” လို့ ဦးရန်ရှင်းကပြောပါတယ်။

”အခြားရပ်ကွက်တွေတော့ ကိုယ့်ရပ်ကွက်မဟုတ်လို့ ကျွန်တော်မပြောနိုင်ဘူး။ ကျွန်တော့်ရပ်ကွက်မှာတော့ ရန်ပုံငွေဆိုပြီးကောက်ခံမှု အရင်ကလည်းမရှိဘူး အခုလည်းမရှိဘူး။ လမ်းသာယာရေးအဖွဲ့ ဆိုတာလည်း ယာယီပဲရှိပါတယ် ။ ရပ်ကွက်ထဲလည်း ဘယ်သူ့ ကိုမှကောက်ခွင့်မပြုပါဘူး။ တစ်လောက လမ်းထဲက လူငယ်လေးတွေ ရန်ပုံငွေလေးရအောင် ဘူးသီးကြော်လေးကြော်ရောင်းတာပဲရှိတယ်။ ဒါတောင် ကျွန်တော်တို့ က ၀င်ပဲကူပါတယ် ပိုက်ဆံကိုမကိုင်ပါဘူး ” လို့ ပန်းဘဲတန်းမြို့ နယ်မှ (၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖုန်းမော်ကပြောပါတယ်။

တိုင်းအစိုးရမှ ပြန်လည်ဖြေကြားရမှာတော့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများရဲ့အသုံးစရိတ်တွေကို နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းများမှ တဆင့် မြို့နယ်အလိုက် သင့်တော်တဲ့ရန်ပုံငွေများကို မြို့ နယ်အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်အတိုင်းသုံးစွဲရတာဖြစ်တယ်လို့ ပါဝင်ပါတယ်။ဒါ့အပြင် ရပ်ကွက်များကိုချပေးတဲ့ ပြည်ထောင်စု ဖွံ့ဖြိုးရေးရန်ပုံငွေ ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း ကော်မတီဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*