ပိတ်ဆို့မှုတွေ ခံနေရတဲ့ ကာတာနိုင်ငံထဲက မြန်မာတွေကို ကူညီပေးမယ် လို့ ကာတာ သံအမတ်ပြော

ပိတ်ဆို့မှုတွေ ခံနေရတဲ့ ကာတာနိုင်ငံထဲက မြန်မာတွေကို ကူညီပေးမယ် လို့ ကာတာ သံအမတ်ပြော
June 14, 2017 Asian Fame

3:47 pm
ပိတ်ဆို့မှုတွေ ခံနေရတဲ့ ကာတာနိုင်ငံထဲက မြန်မာတွေကို ကူညီပေးမယ် လို့ ကာတာ သံအမတ်ပြော

Quatar(ရန်ကုန်၊ ဇွန် ၁၄)

သံ အဆက်အသွယ်ဖြတ်ခြင်း ၊ လေကြောင်းလိုင်း ရပ်ဆိုင်းခြင်းတွေ ခံထားရတဲ့ ကာတာနိုင်ငံက မြန်မာ လုပ်သားတွေကို ကူညီထောက် ပံ့ပေးမယ် လို့ ကာတာနိုင်ငံ သံအမတ်ကြီးက အာမခံပြောကြား ထားတယ်ကြောင်း အလုပ်သမားနဲ့လ၀က ၀န်ကြီး ဌာနကပြောပါတယ်။

လက်ရှိ ကာတာနိုင်ငံကို တရားဝင်ပို့ဆောင်ထားတဲ့ မြန်မာလုပ်သား ၄၆၀ လောက် ရှိနေပါတယ်။ အစ္စလာမ်မစ်နိုင်ငံတော် (IS) အကြမ်းဖက် အဖွဲ့နဲ့ အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ တို့ကို ကာတာနိုင်ငံက အထောက်အပံ့တွေ ပေးနေတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ဆော်ဒီ ၊ အီဂျစ် ၊ UAE ၊ ဘာရိန်း၊ ယီမင်၊ လစ်ဗျား စတဲ့ အာရပ် ၆ နိုင်ငံက အခုလ လဆန်းပိုင်း အတွင်းမှာပဲ ကာတာနိုင်ငံနဲ့ သံ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

အလားတူ ဆော်ဒီအာရေဗီးယား မြို့ပြလေကြောင်း အာဏာပိုင် အဖွဲ့(GACA)က ကာတာလေကြောင်းလိုင်း က လေယာဉ်တွေ ကို ဆော်ဒီနိုင်ငံ က လေဆိပ်တွေမှာ ဆင်းသက်ခွင့် ပိတ်ပင်လိုက်ပြီး၊ ကာတာလေကြောင်း လိုင်စင်ကိုပါ ရုပ်သိမ်းခဲ့ပါတယ်။

ကာတာနိုင်ငံနဲ့ ကပ်ရက် ဆော်ဒီအာရေဗျနိုင်ငံ ရဲ့ နယ်စပ်တွေကိုလည်း ဆော်ဒီ အစိုးရက ပိတ်လိုက်ပါတယ်။ အခုလို ဖြစ် ရပ်တွေ ကြောင့် ကာတာ မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အလားတူ ကာတာနိုင်ငံရောက် မြန်မာလုပ်သားတွေ အတွက် လည်း စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကာတာ သံ အမတ်ကြီးက ပြီးခဲ့တဲ့ ၂ ရက်က မြန်မာနိုင်ငံ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနကို လာရောက်တွေ့ဆုံပြီး ကာတာနိုင်ငံမှာ ရှိတဲ့မြန်မာ လုပ်သားတွေ အတွက် မစိုးရိမ်ဖို့ ပြောကြားခဲ့တယ် လို့ အလုပ်သမား နဲ့လ၀က ၀န်ကြီးဌာန ရဲ့ တာဝန်ရှိသူ တစ်ဦး က ပေါ်ပြူလာ နယူးစ်ကို ပြောပါတယ်။

လောလောဆယ်မှာ လေကြောင်းလိုင်းတွေ လည်းပြန်ပွင့် လာပြီဖြစ်ကြောင်း ၊ လေယာဉ်ငှားပြီး ကာတာကို အစားအသောက် လိုအပ် ချက်တွေ ထောက်ပံ့မှုတွေ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၊မြန်မာလုပ်သားတွေ အတွက်လည်း ကာတာနိုင်ငံမှာ ရှိတဲ့ လူတွေအားလုံး က ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေကြောင်း၊ ဒီအတွက် အာမခံတယ်လို့ သံအမတ်ကြီး က ဆိုခဲ့ကြောင်း သူက ဆိုပါတယ်။

“မြန်မာအလုပ်သမားတွေ အတွက် သူ့ဘက်က အစားအသောက် ကအစ ထောက်ပံ့ပေးမယ် လို့ အာမခံသွားပါတယ် ။ ဆောင် လည်းဆောင်ရွက်နေတယ် လို့ပြောတယ်” လို့ သူက ဆက်ပြောပါတယ်။

ကာတာနိုင်ငံကို ၁၉၉၀ ခုနှစ်ကတည်းက နှစ်နိုင်ငံ G to G အနေနဲ့ အလုပ်သမားတွေ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အခု ကာတာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလုပ်သား ၄၆၀ လောက်ဟာ တရားဝင် သွားရောက်သူတွေဖြစ်ပြီး တရားမ၀င် သွားရောက် သူတွေလည်း ရှိနေတယ်လို့ ၀န်ကြီးဌာနကဆိုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*