ကမ်းရိုးတန်းဒေသရှိ ရေထွက်ကုန်ပစ္စည်းမွေးမြူရေးလုပ်ငန်းများအတွက် သဘာဝဘေးနှင့်ရာသီဥတုဒါဏ် ကိုကြံကြံခံနိုင်စေရန် အကူအညီပေးမှု စီမံချက်စတင်

ကမ်းရိုးတန်းဒေသရှိ ရေထွက်ကုန်ပစ္စည်းမွေးမြူရေးလုပ်ငန်းများအတွက် သဘာဝဘေးနှင့်ရာသီဥတုဒါဏ် ကိုကြံကြံခံနိုင်စေရန် အကူအညီပေးမှု စီမံချက်စတင်
June 14, 2017 Asian Fame

4:07 pm
ကမ်းရိုးတန်းဒေသရှိ ရေထွက်ကုန်ပစ္စည်းမွေးမြူရေးလုပ်ငန်းများအတွက် သဘာဝဘေးနှင့်ရာသီဥတုဒါဏ် ကိုကြံကြံခံနိုင်စေရန် အကူအညီပေးမှု စီမံချက်စတင်

npt2

နေပြည်တော် – ဇွန် ၁၄

မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများဖြစ်သော ရခိုင်၊ဧရာဝတီနှင့်ရန်ကုန်တိုင်းများအတွင်းရှိ ငါး၊ပုစွန်စသည့်ရေထွက်ကုန်ပစ္စည်းမွေးမြူရေးလုပ်ငန်းများအတွက် ရေကြီးခြင်းငလျင်လှုပ်ခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့်ပျက်စီးမှုများကို ပြန်လည်ကုစားပေးနိုင်ရန်နှင့်ကြံ့ကြံ့ခိုင်နိုင်စေရန် အတွက်အကူအညီပေးမှု(၅)နှစ်စီမံချက်ကို စတင်လိုက်ပြီဖြစ်သည်။

အဆိုပါစီမံချက်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိငါးလုပ်ငန်းဦးစီးဌာနမှဦးဆောင်ကာFAO၏အကူအညီဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။စီမံချက်တွင် ပါဝင်သောဒေသများရှိ ငါးပုစွန်ရေထွက်ကုန်ပစ္စည်းမွေးမြူသူများကို ရာသီဥတုနှင့်သဘာဝဘေးဒါဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ၊ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြန်လည်မွေးမြူနိုင်မည့် အခြေအနေများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

npt

“အဓိကအားဖြင့် ရခိုင်၊ဧရာဝတီနဲ့ရန်ကုန်တိုင်းတွေမှာရှိနေတဲ့ ငါးပုစွန်ဂဏန်းမွေးမြူကြသူတွေ အတွက် မုန်တိုင်းကြောင့်ပင်လယ်ရေလွှမ်းတယ်ကန်တွေပျက်တယ်ဆိုရင်ပြန်လည်မွေးမြူဆောင်ရွက်နိုင်ဖို့စီစဉ်တာပါ၊အရံအဖြစ်စစ်ကိုင်းနဲ့မန္တလေးကိုလျာထားတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်ဦးမြင့်ဇော်ထူးကဆိုသည်။ ယခုစီမံချက်အား ကမ္ဘာ့ပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ GEF ၏အထောက်အပံ့ဖြင့်FAOမှကူညီဆောင်ရွက်ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ(၁)သန်းကျော်ခန့်သုံးစွဲသွားမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*