တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို ကျေနပ်တယ်ဆိုတဲ့ ရန်ကုန်ဝန်ကြီးချုပ်

တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို ကျေနပ်တယ်ဆိုတဲ့ ရန်ကုန်ဝန်ကြီးချုပ်
June 9, 2017 Asian Fame

5:54 pm
တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို ကျေနပ်တယ်ဆိုတဲ့ ရန်ကုန်ဝန်ကြီးချုပ်

pmt

ရန်ကုန် ဇွန် ၉

တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သော ပြုပြင်ပြောင်းလဲမှုတိုင်းကို ကျေနပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးသိန်းကပြောပါတယ်။ဒီကနေ့ ဇွန်လ ၉ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။

” ကျွန်တော်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲတိုင်းကို ကျွန်တော်ကျေနပ်ပါတယ်။ ဘာကြောင့်ကျေနပ်သလဲဆိုတော့ ကျွန်တော်တို့ ဆောင်ရွက်နေတာတွေက နာမည်ကြီးဖို့ ၊ ကိုယ်ကျိုးဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ပြည်သူအတွက်ဆောင်ရွက်ရမှာပါ။ဒီလိုဆောင်ရွက်လို့ မှတ်ကျောက်တင်ခံသွားရဖို့ ပဲရှိပါတယ်။ကျွန်တော်တို့ ရဲ့ အပြောင်းအလဲဟာ ဘယ်လောက်အရေးကြီးတဲ့ အပြောင်းလဲဆိုတာ သမိုင်းအလှည့်အပြောင်းတစ်ခုကိုဆောင်ရွက်နေတာပါ။ဒီအပေါ်မှာ တစ်ချို့ အနေအထားတွေက သိနိုင်မှသိဦးမယ် အချိန်ကာလအဆုံးအဖြတ်ကိုခံရပါဦးမယ်” လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ မှ စပြီး တာဝန်ယူခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ တစ်နှစ်တာအတွင်းမှာ ကျူးကျော်ကိစ္စ၊ကမ်းနားလမ်းညဈေးန်းကိစ္စ၊ရန်ကုန်မြို့ သစ်စီမံကိန်းကိစ္စ၊မထသမှ YBS ပြောင်းလဲမှုအပ်အ၀င် အခြားသော ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*