ကျောင်းသားအဖွဲ့ များဟာ တစ်​စုတည်း မလုပ်​ကြတာဟာ 7July တစ်​​နေ့လုံး ကို ကိုယ့်​နည်း ကိုယ်​ဟန်​နဲ့ ဂါရဝပြုကြတာဖြစ်​လို့ တကသ ဆို

ကျောင်းသားအဖွဲ့ များဟာ တစ်​စုတည်း မလုပ်​ကြတာဟာ 7July တစ်​​နေ့လုံး ကို ကိုယ့်​နည်း ကိုယ်​ဟန်​နဲ့ ဂါရဝပြုကြတာဖြစ်​လို့ တကသ ဆို
July 7, 2017 Asian Fame

5:58 pm
ကျောင်းသားအဖွဲ့ များဟာ တစ်​စုတည်း မလုပ်​ကြတာဟာ 7July တစ်​​နေ့လုံး ကို ကိုယ့်​နည်း ကိုယ်​ဟန်​နဲ့ ဂါရဝပြုကြတာဖြစ်​လို့ တကသ ဆို

TaKaTha(ရန်ကုန်၊ ဇူလိုင် ၇)

ဒီက နေ့ ကျရောက်တဲ့ 7July အထိမ်းမှတ်နေ့ တစ်နေ့လုံးမှာ ကျောင်းသား သမဂ္ဂများ ၊နိုင်ငံရေး အင်အားစုများက ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းက သမဂ္ဂမြက်ခင်းပြင် နေရာကို လာရောက် အလေးပြုကြပါတယ်။ ဒီကနေ့ ညနေ ၄နာရီ မှာတော့ တက္ကသိုလ် ၅ ခု က ကျောင်းသား သမဂ္ဂ(တကသ)များက လာရောက်အလေးပြုပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင်းဆီပန်းချကြပါတယ်။ သူတို့ဟာ အင်းလျား ကန်ဘောင်ကနေ ချီတက် အလေးပြုကြတာ လည်းဖြစ်ပါတယ်။

ကျောင်းသား သမဂ္ဂများက အခုလို ကိုယ့်အစီအစဉ် နဲ့လာရောက် အလေးပြုကြတာနဲ့ပတ်သတ်ပြီး တကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က”ဒီနှစ်မှာ ဝေဖန်မှုမြင့်တက်နေတဲ့ ကိစ္စက ကျောင်းသား အဖွဲ့အစည်းတွေက ပေါင်းမလုပ်ကြဘဲနဲ့ ကိုယ့် အဖွဲ့ နဲ့ ကိုယ်လုပ် တဲ့ကိစ္စပေါ့။ ကျွန်တော်တို့ကွဲပြားနေတာ မှန်ပါတယ်ဝန်ခံပါတယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်နည်း ကိုယ့်ဟန် နဲ့အဖွဲ့ အားလုံး က 7July တစ်နေ့လုံးကို လာရောက် ဂါရဝပြုကြတာပါ။ ဥပမာပြောရရင် ဇူလိုင် ၁၉ လိုနေ့မျိုးမှာ တစ်နိုင်ငံလုံး က တစ်ချိန်တည်း လာပြုကြတာ မဟုတ်ဘူး။ အကုန်လုံးကပေါင်း လုပ်ကြတာ မဟုတ် ပါဘူး။ အကုန်လုံးက သူ့နည်းသူ့ဟန်နဲ့ အာဇာနည်ကုန်း မှာ အစု လိုက်လာပြီး ဂါရဝပြုကြတာပါ” လို့ဆိုပါတယ်။

မဆလအစိုးရ လက်ထက် ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် အတွင်းရှိကျောင်းသား များဟာ တင်းကျပ်တဲ့ အဆောင် စည်းကမ်းများကို ကန့်ကွက်ဆန္ဒပြတဲ့ အနေနဲ့ ရန်ကုန် တက္ကသိုလ်ဝန်း အတွင်း ”မတရားစည်းကမ်းတွေ အလိုမရှိ၊ မတရား ချုပ်ချယ်မှုတွေ အလိုမရှိ၊ ကျောင်းဆောင်တွေကို အကျဉ်းထောင် မလုပ်နဲ့၊ ချုပ်ချယ်မှုတွေ အလိုမရှိ ၊မတရားစည်းကမ်းတွေ ဖျက်သိမ်း ၊ကျောင်းသားထု ညီညွတ်ကြဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ အဲဒီနောက် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) မှ ကြီးမှူးပြီး သမဂ္ဂအဆောက်အဦး မှာကျောင်းသားထု အစည်းအဝေးကျင်းပကာ တင်းကျပ်တဲ့ အဆောင် စည်းကမ်းများကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တက္ကသိုလ်ဝင်း ထဲသို့ တော်လှန်ကောင်စီ အစိုးရတပ်များ ရောက်ရှိလာပြီး အဓိပတိလမ်း နဲ့တကသ အဆောက်အဦး ရှေ့မှာ စုဝေးနေတဲ့ ကျောင်းသားများ ကို မောင်းပြန်သေနတ်များ နဲ့ပစ်ခတ်ခဲ့ မှုကြောင့် ကျောင်းသား များစွာသေ ဆုံးခဲ့ကြပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်မှာလည်း ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အဦ ကိုလည်း ဒိုင်းန မိုက်ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

ဖြိုးထက်အောင်
ဓါတ်ပုံ – အောင်နိုင်စိုး (ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*