ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ”သတင်းမီဒီယာလောကကြီး ယခုကဲ့သို့ ရပ်တည်နိုင်ရန်အတွက် အရင်ဆုံးထောင်ကျခံပြီး ရပ်တည်ခဲ့တယ်” လို့ သတင်းရှင်းလင်းပွဲမှာ ပြော

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ”သတင်းမီဒီယာလောကကြီး ယခုကဲ့သို့ ရပ်တည်နိုင်ရန်အတွက် အရင်ဆုံးထောင်ကျခံပြီး ရပ်တည်ခဲ့တယ်” လို့ သတင်းရှင်းလင်းပွဲမှာ ပြော
June 9, 2017 Asian Fame

6:05 pm
ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ”သတင်းမီဒီယာလောကကြီး ယခုကဲ့သို့ ရပ်တည်နိုင်ရန်အတွက် အရင်ဆုံးထောင်ကျခံပြီး ရပ်တည်ခဲ့တယ်” လို့ သတင်းရှင်းလင်းပွဲမှာ ပြော

pmt2

ရန်ကုန် ဇွန် ၉

သတင်းမီဒီယာလောကကြီး ယခုကဲ့သို့ ရပ်တည်နိုင်ရန်အတွက် အရင်ဆုံးထောင်ကျခံပြီးရပ်တည်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒီကနေ့ ဇွန်လ ၉ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များရဲ့ မေးခွန်းများမေးမြန်းမှုအပေါ် ထည့်သွင်းပြောကြားခဲ့တာပါ။

” ဒီစတုတ္ထမဏ္ဍိုင်ကြီး တည်တံ့ခိုင်မြဲနိုင်ဖို့ ဆိုတာ ၊ သတင်းမီဒီယာလောကကြီး ရပ်တည်နို င်ဖို့ ဆိုတာ ကျွန်တော်တို့က အရင်ဆုံးထောင်ကျခံပြီး သတင်းမီဒီယာလမ်းကြောင်းတွေပေါ်မှာပထမဦးဆုံးရပ်ခဲ့တာပါ။ အဲဒီအချိန်ကာလတုန်းက ဂျာနယ်တွေ ၊ စာစောင်တွေဆိုတာ နိုင်ငံရေးဆိုတဲ့ လမ်းကြောင်းပေါ်မှာ မရှိသေးပါဘူး။ အဲဒီအတွက် အလကားရလာခဲ့တဲ့ အခွင့်အရေးတွေမဟုတ်ဘူး ပေးဆပ်မှုကြီးကြီးနဲ့  ထောင်နှုတ်ခမ်းပေါ်မှာဖြတ်ပြီး ရခဲ့တဲ့ အခြေအနေတွေဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းကဆိုပါတယ်။

ဝန်ကြီးချုပ်က အထက်ပါစကားမပြောခင် ဆောင်ရွက်နေသော အပြောင်းအလဲများကို မီဒီယာများအနေနဲ့ ဘယ်လိုလိုက်မလဲဆိုတာ ပြင်ဆင်ကြဖို့ ၊လူထုကိုလမ်းပြပေးဖို့ ၊ဒေါသမသသင့်ဖို့ ဆိုခဲ့ပါသေးတယ်။

” ကျွန်တော်တို့ တိုင်းပြည်ဟာ အနှစ်ငါးဆယ် အာဏာရှင်အရိပ်အောက်မှာ တိုင်းသူပြည်သားတွေအားလုံးက ဒုက္ခသုက္ခတွေကြုံခဲ့တာပါ့။အဲဒီအခြေအနေရဲ့ အပြောင်းအလဲကိုဆောင်ရွက်နေတဲ့အခြေအနေအပေါ်မှာ သတင်းမီဒီယာက ဘယ်လိုလိုက်ပါမလဲဆိုတဲ့ အခြေအနေတွေအားလုံးကိုပြင်ဆင်ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အနေနဲ့ အနည်းငယ်ပြောပြလိုတဲ့အခြေအနေတစ်ခုကတော့ မီဒီယာဆိုတာ ဒေါသသိပ်သင့်နေလို့ မရပါဘူး။အမှန်တရားအတွက် လူထုကိုလမ်းပြပေးဖို့ ဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းကပြောခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*