ရန်ကုန် ညဈေးတန်းမှ ဈေးသည်များအတွက်အစားအသောက် ဘေးကင်းရေးဆိုင်ရာ သင်တန်းများပြန်စတော့မည်

ရန်ကုန် ညဈေးတန်းမှ ဈေးသည်များအတွက်အစားအသောက် ဘေးကင်းရေးဆိုင်ရာ သင်တန်းများပြန်စတော့မည်
June 1, 2017 Asian Fame

5:25 pm
ရန်ကုန် ညဈေးတန်းမှ ဈေးသည်များအတွက်အစားအသောက် ဘေးကင်းရေးဆိုင်ရာ သင်တန်းများပြန်စတော့မည်

လင်းဟိန်း၊ ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၂၆

ကမ်းနားလမ်း ညဈေးတန်းမှ ဈေးသည်များအား အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သင်တန်းပေးခြင်းကို မကြာမီ ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနမှ သိရသည်။ ညဈေးတန်းမှ ဈေးသည်များကို သင်္ကြန်မတိုင်ခင်က သင်တန်းပေးခဲ့ပြီး သင်္ကြန်ကာလအတွင်း သင်တန်းကိုနားခဲ့ရာမှ လက်ရှိအချိန်ထိ သင်တန်းနားထားခြင်း ဖြစ်သည်။

”ပြန်စတော့မယ်။ ဘယ်တော့စမလဲတော့ အတိအကျပြောလို့ မရသေးဘူး။ တခြားလုပ်စရာတွေနဲ့ သင်္ကြန်ပြီးပြီးချင်းမဖွင့်ဖြစ်တာပါ”ဟု စည်ပင်ကျန်းမာရေး ဌာနမှ ခေတ္တဌာနမှူး ဒေါက်တာ သန်းသန်းလွင်က ပြောသည်။ ယင်းဈေးသည်များကို အပတ်စဉ် စနေနေ့တိုင်း အလှည့်ကျခေါ်ယူပြီး ရန်ကုန်မြို့သိမ်ကြီးဈေး အပေါ် ထပ်တွင် ကျန်းမာရေးဗဟုသုတဆိုင်ရာများကို သင်ကြားပေးခြင်း ဖြစ်သည်။ ”အစားအသောက်တွေက တစ်ဆင့် စားသုံးသူတွေ အန္တရာယ်ကင်းအောင် အစားအသောက်တွေကို သန့် သန့်ရှင်းရှင်းထားကြဖို့ ဓာတုဆေးတွေ၊ ဆိုးဆေးတွေ မသုံးဖို့ သင်ကြားပေးပါတယ်” ဟု ဒေါက်တာ သန်းသန်းလွင်က ပြောသည်။

အဆိုပါသင်တန်းကို စည်ပင်ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့က ပူးပေါင်းပို့ချခြင်း ဖြစ် သည်။အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအ တွက် သင်တန်းပို့ချသည့်အပြင် စည်ပင်ကျန်းမာရေး ဌာနက ညဈေးတန်းရှိ အစားအသောက်များတွင် ဆိုး ဆေး၊ ဖော်မလင်စသည့်အန္တရာယ် ဖြစ်စေသည့် ဓာတု ဆေးဝါးများ ပါဝင်ခြင်းရှိ၊ မရှိ စစ်ဆေးမှုများကိုလည်း ပြုလုပ်ခဲ့သေးသည်။ ကမ်းနားလမ်း ညဈေးတန်းကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ယမန်နှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*