မန္တလေး ခရိုင်ရှိ တရားရုံး များသို့လာရောက် သူများနိုင်ငံသား စိစစ်ရေးကတ်ပါ မှသာ ၀င်ခွင့်ပြုတော့မည်

မန္တလေး ခရိုင်ရှိ တရားရုံး များသို့လာရောက် သူများနိုင်ငံသား စိစစ်ရေးကတ်ပါ မှသာ ၀င်ခွင့်ပြုတော့မည်
May 16, 2017 Asian Fame

5:16 pm
မန္တလေး ခရိုင်ရှိ တရားရုံး များသို့လာရောက် သူများနိုင်ငံသား စိစစ်ရေးကတ်ပါ မှသာ ၀င်ခွင့်ပြုတော့မည်

mdy1(မန္တလေး မေ ၁၆)

မန္တလေးခရိုင် အတွင်းရှိ တရားရုံးများသို့ လာရောက်သူများအား မေ ၁၅ ရက်မှစ၍ နိုင်ငံသား စိစစ်ရေးကတ် ( သို့မဟုတ် )သက်သေခံ ကတ်ပြားပါ မှသာ ရုံးဝင်းအတွင်း ၀င်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည် ။  နေ့စဉ် တရားရုံးသို့ ၀င်ထွက်သွားလာ သူများတွင် အမှန်တကယ် တရားရုံးကိစ္စဖြင့် လာရောက် သူများရှိသလို တစ်ချို့လည်း မည်သည့် အတွက် ကြောင့် လာသည်ကို ခန့်မှန်းရ ခက်သဖြင့် မလိုအပ်ဘဲ ၀င်ခွင့်မပြုရန် အတွက် ယခုလို ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းအေးသာစံ မြို့နယ်တရားရုံး တွဲဖက်တရားသူကြီး (၁) ဦးမောင်မောင်သက်လွင်က “တရားရုံး လုံခြုံရေးအရ လုပ်ရတာပါ၊ တရားရုံး မှာက ခိုးဆိုး လုယက် ဆိုးသွမ်းလို့ အမှုရင်ဆိုင်နေရသူလည်း ရှိတာ ဆိုတော့ သူတို့ကိုမကြည်သူလည်း ရှိမယ်၊ နောက်ပြီးတော့ တရားရုံး မှာတာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေရဲ့လုံခြုံရေးလည်း ရှိတယ်၊ တရားရုံး လာပြည်သူတွေရဲ့လုံ ခြုံရေးလည်းရှိတယ်၊ ဒီအတွက် အခုလို စီစဉ်လိုက်ရတာပါ” ဟု ပြောသည် ။

mdy2ယခု အစီအစဉ် သည် တရားခွင် အမှု ကြားနာချိန် ၀င်ရောက် နားထောင်ခွင့် မပြုစေလိုသည့် အတွက် စီစဉ် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြည်သူ့ လုံခြုံရေး အတွက်သာ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။  “တရားခွင်ဟာ မပိတ်ပင် ထားဘူး ကြိုက်တဲ့သူ လာနားထောင်လို့ ရတယ်၊ သူ့စည်းသူ့ကမ်း နဲ့တော့ ရှိပြီးသားပါ၊ အမှု စစ်ဆေးတဲ့ အခါမှာ လုံခြုံရေးအရ ပိတ်ပြီး စစ်ဆေးရတာ မျိုးရှိတတ်ပါတယ်၊ ဒီလို မလုပ်ထားတဲ့ အတွက် တရားရုံးကို လက်ဖက်ရည်ဆိုင် လို ၀င်လိုက် ထွက်လိုက် လုပ်နေ တာတွေတောင် ရှိတယ်၊ ဒီတော့ ဘာကြောင့် လာတယ် ဆိုတာကို ခွဲခြား လို့မရဘူးပေါ့၊ ဘယ်ဟာ အမှုသည်လဲ ဘယ်ဟာ သက်သေ လဲ ဆိုတာကို ဒါတွေကခွဲခြား သွားမှာပါ၊ မလိုအပ်ရင်မ၀င်ရဘူးပေါ့၊ ဘယ်ရုံးပဲ ဖြစ်ဖြစ်စည်းနဲ့ကမ်း နဲ့ရှိတာပဲကောင်းပါတယ်” ဟု၎င်းကပြောသည်။

တရားရုံး ၀င်ရောက်လိုသူသည် မိမိတို့၏ သက်သေခံ ကတ်ပြားအား လုံခြုံရေး ၀န်ထမ်းထံ အပ်နှံကာ တရားရုံးဝင် ခွင့်လည်ဆွဲ ကတ်ဖြင့်သာ ၀င်ရောက်ရမည်ဖြစ်ပြီး အခက်အခဲရှိပါက တရားရုံးတာဝန်ရှိသူ အဆင့်ဆင့်ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*