ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် စီမံကိန်းအတွက် ဖယ်ရှားခံ ခဲ့ရသော ပျံကျ ဈေးသည်များအား ဈေးများတွင် နေရာပြန်ပေးမည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် စီမံကိန်းအတွက် ဖယ်ရှားခံ ခဲ့ရသော ပျံကျ ဈေးသည်များအား ဈေးများတွင် နေရာပြန်ပေးမည်
May 4, 2017 Asian Fame

1:56 pm
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် စီမံကိန်းအတွက် ဖယ်ရှားခံ ခဲ့ရသော ပျံကျ ဈေးသည်များအား ဈေးများတွင် နေရာပြန်ပေးမည်

Train-2(ရန်ကုန်၊ ဧပြီ ၂၈)

ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရာတွင် ဖယ်ရှားခံခဲ့ရ သော  ပျံကျဈေးသည် များကို ဈေး များတွင် နေရာ ပြန်လည်ချထား ပေးမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရကပြောသည်။

”ပျံကျဈေးသည် များကို နိုင်ငံ တကာစံနှုန်းအရ လျော်ကြေးမပေး ပေမယ့် သက်ဆိုင်ရာ ရန်ကုန်မြို့  တော် စည်ပင် သာယာရေး ကော် မတီ၊ ဈေးများဌာနက အစားထိုး နေရာ ချထားပေးဖို့ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ် စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

ဧပြီလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့ သော ရန်ကုန်တိုင်း ဒေသကြီးလွှတ် တော်တွင် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော် ကိုယ်စား လှယ် ဦးကျော်ဇေယျက ရန်ကုန်မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင် ရေး စီမံကိန်းအတွက် ပြန်လည် နေရာချထားရန် ထိခိုက် ဈေးသည် များ စာရင်းပြုစုရာ တွင် မည်သည့် အဖွဲ့အစည်းက တာဝန်ယူ၍ မည် သည့်အဖွဲ့ ဝင်များဖြင့် ဆောင်ရွက် ခဲ့သည်၊ စာရင်းတွင် မပါဝင်ခဲ့သည့် ဈေးသည် များကို မည်ကဲ့သို့ဆောင် ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ ဝန်ကြီးက ထိုသို့ ဖြေ ကြားခဲ့ခြင်းဖြစ် သည်။

”ကျွန်တော် တင်ပြတဲ့နေရာက ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နေရာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီး နေရာပါ။ ဥက္ကဋ္ဌကြီး ကို ဒီတာဝန် ထမ်းဆောင်ခွင့် ရအောင် အသည်း ကြားက မဲတစ်ပြား ပေးခဲ့တဲ့ အဖွဲ့  တွေပါ။ ဒီအဖွဲ့တွေက မပါပါဘူး။ အခု စာရင်း ကောက်ရင်လည်း မြို့ နယ်ကိုယ်စားလှယ်တွေ အုပ်ချုပ် ရေးမှူးတွေ အလွန်ပါသင့်တဲ့ ဟာ ပါ။ အခု စာရင်းထဲ မပါဘူး။ ကျန်ခဲ့ တယ်။ သူတို့က ထမင်းအိုး ကွဲမယ့် အနေအထားပါ” ဟု ဦးကျော်ဇေ ယျက ပြောသည်။

ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းသည် ရန်ကုန်- ပုဇွန်တောင် ဘူတာကြား မှ စကာ ရန်ကုန်-ဘုရားလမ်း ဘူ တာကြားတွင် ပြီးဆုံးသည်။ ၄င်း စီမံကိန်းအတွက် ထိခိုက်ခဲ့သော ဈေးသည်များအား စာရင်းကောက်ယူခဲ့သည်မှာ မြန်မာ့မီးရထားနှင့် JICA လေ့လာရေး အဖွဲတို့ ဖြစ် သည်။ ထိုသို့ ကောက်ယူရာတွင် ထိခိုက်နေရာ ၃၄ နေရာနှင့် ပျံကျ ဈေးသည် ၃၄၆ ဦးတို့ စာရင်းရရှိ ခဲ့ပြီး အခြားဈေးသည်များ ကျန်နေ သေးသောကြောင့်ဟု ဆိုကာ  ဦး ကျော်ဇေယျက မေးခွန်းမေးမြန်း ခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*