NLD အစိုးရ လက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများ တစစ မြင့်တက်

NLD အစိုးရ လက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများ တစစ မြင့်တက်
May 31, 2017 Asian Fame

11:22 am
NLD အစိုးရ လက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများ တစစ မြင့်တက်

(ရန်ကုန်၊ မေ ၃ဝ)

လက်ရှိ အစိုးရ တာဝန်ယူပြီး တစ်နှစ်အတွင်း ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၆၆ (ဃ)ကို အသုံး ပြုပြီး အွန်လိုင်းပေါ် တွင် ပြောဆို ရေးသားမှုများအား ‘အသရေဖျက် မှု’ ဖြင့် ဖမ်းဆီးအရေးယူ ထောင်ချမှုများ တိုးမြင့်လာလျက် ရှိနေကြောင်း အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂ဝ ခန့်ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ပူး ပေါင်းအဖွဲ့က ဝေဖန်လိုက်သည်။

ဆက်သွယ်ရေး ဥပဒေ သုတေ သနအဖွဲ့၏ ကောက်ယူ ရရှိသော အချက်အလက် များအရ ဆက် သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး ချိန် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် မေလ အတွင်းပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရမှု စုစုပေါင်း ၆၇ မှုရှိ ခဲ့ပြီး ယင်းတို့အနက် လက်ရှိ အစိုးရ လက်ထက်တွင် အမှုပေါင်း ၅၉ မှုရှိပြီး၊ ပြစ်ဒဏ်ချမှတ် ခံရ သည့်အမှုပေါင်း ၁ဝ မှု ပါဝင်သည်။

ယခင်အစိုးရ လက်ထက်တွင် တရားစွဲခံရမှု (၇)မှုရှိခဲ့ပြီး ပြစ် ဒဏ် ချမှတ်ခံရမှု(၅)မှုသာ ရှိသည် ဖြစ်ရာ လက်ရှိအစိုးရ လက်ထက် တွင် ပုဒ်မ ၆၆(ဃ)ကို သုံးကာ တရားစွဲမှုနှင့် ဖမ်းဆီး အရေးယူမှု များ သိသိသာသာ တိုးမြင့်လာသည် ကို တွေ့ရှိသည်။

”ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)က ကြားလူက တရားစွဲ ခွင့်ကိုပါခွင့်ပြုတော့ အခုဆို အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ထောက် ခံသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေအကြား တစ်ဖက် နဲ့တစ်ဖက် အပြန်အလှန် တရားစွဲ ဆိုတာတွေလည်း တွေ့ရတယ်၊ ဒီလိုမျိုးသာ NLD တက်လာရင် NLD ကစွဲ၊ ပြည်ခိုင်ဖြိုးတက်လာရင် ပြည်ခိုင်ဖြိုး ကစွဲနဲ့ အပြန်အလှန် တရားစွဲ နေ ကြရင် နိုင်ငံရဲ့ငြိမ်းချမ်း ရေးဖော်ဆောင်မှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိုပါ ပုဒ်မ ၆၆ ထားရှိခြင်းက ထိခိုက်စေတယ် လို့ ပြောလို့ရတယ်။ ဒီအတွက်  ပုဒ်မ ၆၆ ပယ်ဖျက်ဖို့လိုတယ်လို့ ယုံကြည် ပါတယ်” ဟု ကာတွန်းပြပွဲနှင့် ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ကို ဦး ဆောင် လုပ်ကိုင်နေသူ တစ်ဦးဖြစ် သူ ကဗျာဆရာ မောင်ဆောင်းခ က ပြောသည်။

အဆိုပါ ပုဒ်မဖြင့် တရားစွဲ၊ ဖမ်းဆီး အရေးယူခံရသည့် ဖြစ် စဉ်များကို လေ့လာ ကြည့်မည် ဆိုပါက facebook ပေါ်တွင် ပြောဆိုရေးသားမှု များအတွက် အသေရေ ဖျက်မှုဖြင့် တရားစွဲဆို ခံရမှုများတွင် သတင်းစာဆရာများ၊ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများနှင့် နိုင်ငံရေး သမားများပါ ပါဝင်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် ပုဒ်မ ၆၆ (ဃ) သည် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆို ဝေဖန်နိုင်ခွင့် အပေါ် ထိပါး လာသည့်အပြင် သတင်း မီဒီယာ၏ လွတ်လပ်စွာ ထောက်ပြပြောဆို ပိုင်ခွင့်၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် လူ့ရပိုင်ခွင့် လှုပ်ရှားသူ များ၏ လွတ်လပ် စွာ ထောက်ပြ ပြောဆို ပိုင်ခွင့်၊ ဝေဖန်သုံးသပ်ပိုင် ခွင့်များကို ကန့်သတ်မှုများ ရှိလာ နေသည်ကို တွေ့ရသည်။

ထို့အပြင် ပုဒ်မ ၆၆(ဃ)သည် ရှင်းလင်း တိကျမှုမရှိဘဲ ကျယ်ပြန့်လွန်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီ ခြင်းမရှိဘဲ အသရေ ဖျက်မှုကို ရာဇ ဝတ်မှုအဖြစ် သတ်မှတ်ထားခြင်း၊ ပြစ်မှု ကျူးလွန်ပါက ရာဇဝတ်မှုဆိုင် ရာပြစ်ဒဏ်များချမှတ် အပြစ်ပေး နိုင်သည်ဟု ဆိုရာ ရာဇဝတ်မှုဆိုင် ရာ ဥပဒေအခြေခံမူများနှင့် ကိုက် ညီမှု မရှိခြင်း၊ ပုဒ်မ ၆၆(ဃ) တွင် ဖော်ပြထားသော ပြစ်မှုများသည် မြန်မာနိုင်ငံရှိ ရာဇသတ်ကြီးနှင့် သက်သေခံ အက်ဥပဒေတို့တွင် လုံလောက်စွာ ပါဝင်ပြီး ဖြစ်ခြင်း၊ ကာယကံရှင်၏ ခွင့်ပြုချက် သို့ မဟုတ် ဆန္ဒမပါဘဲ တတိယလူက တရားစွဲဆိုနိုင်ခြင်းစသည်တို့ကို တွေ့ရကြောင်း ၄င်းတို့က ပြော သည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*