သင်္ကြန် ၅ ရက်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် သစ်တန်ချိန် ၁ဝဝဝ နီးပါး ဖမ်းဆီးရမိ

သင်္ကြန် ၅ ရက်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် သစ်တန်ချိန် ၁ဝဝဝ နီးပါး ဖမ်းဆီးရမိ
April 26, 2017 Asian Fame

2:11 pm
သင်္ကြန် ၅ ရက်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် သစ်တန်ချိန် ၁ဝဝဝ နီးပါး ဖမ်းဆီးရမိ

ဝေရှိုင်းကျော်
ရန်ကုန်၊ ဧပြီ ၂၅

သင်္ကြန်ကာလ ၅ ရက်အတွင်း တိုင်းဒေသကြီး ပြည်နယ်များတွင် စီမံချက်ဖြင့် တရားမဝင်သစ်များဖမ်းဆီးရာ ကျွန်း ၊ သစ်မာနှင့် တမလန်းသစ်များ တန်ချိန် ၁ဝဝဝ နီးပါး ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းက ပြောသည်။ အဆိုပါ ဖမ်းဆီးရမိမှုများတွင် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် စသည်တို့တွင် ဖမ်းဆီးရမိပြီး ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံး ဖမ်းဆီးရမိကြောင်း သစ်တောဦးဌာနမှ သိရသည်။

ထို့အပြင် တရားမဝင်သစ် ဖမ်းဆီးရာတွင် ပါဝင်ပတ်သက် သော တရားခံ ၃၂ ဦးနှင့် သစ်စက် အင်ဂျင် ၉ လုံး၊ လွှဝိုင်း ၈ ခု၊ ဆိုင်ကယ် ၁၁ စီးနှင့် စက်လှေ ၄ စီး စသည်တို့ကို ဖမ်းဆီးရမိကြောင်း ဦးဇော်မင်းက ပြောသည်။ အဆိုပါ တရားမဝင်သစ်များ နှင့်အတူ ဖမ်းဆီးရမိသော တရားခံ ၃၂ ဦးကို သစ်တောဦးစီးဌာနက သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း ၎င်းက ပြောသည်။ အဆိုပါ စီမံချက်ဖြင့် ဧပြီ ၁၃ ရက် မှ ၁၇ ရက်နေ့အထိကို သစ်တောဝန်ထမ်း၊ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းရေးသစ်တောဦးစီးဌာနနှင့် အုပ်ချုပ်ရေးမှူးများဖြင့် ဖမ်းဆီးဆောင်ရွက်ကြောင်း သစ် တောဦးစီးဌာနမှ သိရသည်။

”အခုနှစ်မှာ တရားမဝင်သစ်ဖမ်းဆီးမိတာ တိုးလာပါတယ်။ စီမံချက်နဲ့ စနစ်တကျဖမ်းဆီးလို့ အခု နှစ်မှာ တိုးလာတာပါ” ဟု ဦးဇော်မင်းက ဆိုသည်။ ပြီးခဲ့နှစ်သည့် မဟာသင်္ကြန် ကာလ (၁ဝ) ရက်အတွင်း စီမံချက် ဖြင့် ဆောင်ရွက်ရာတွင် တရားမ ဝင်သစ်များဖြစ်သည့် ကျွန်း၊ သစ်မာ နှင့် တမလန်းသစ်များ တန်ချိန် ၁၂၅ဝ ဖမ်းဆီးရမိကြောင်း သစ် တောဦးစီးဌာနမှ သိရသည်။ သစ်တောဦးစီးဌာနအနေဖြင့် တရား မဝင်သစ်များခိုးယူထုတ်လုပ်မှုများကို ထိန်းသိမ်းကာကွယ် တားဆီးခြင်းနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းစသည့် နည်းလမ်း (၂) ခုဖြင့် ဆောင်ရွက်သည်။ တစ်နိုင်ငံလုံး ကျွန်းသစ်ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းထားပြီး ကျွန်းသစ်အများဆုံးထွက်ရှိသည့် ပဲခူးရိုးမတောကို ပြုပြင်ထိန်းသိမ်းရန် ၁ဝ နှစ် ရပ်ဆိုင်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*