ခွင့်ပြုချက် မရှိသည့် ရေသန့်လုပ်ငန်း ၁၃ ခုကို FDA တရားစွဲပြီ

ခွင့်ပြုချက် မရှိသည့် ရေသန့်လုပ်ငန်း ၁၃ ခုကို FDA တရားစွဲပြီ
January 11, 2017 Asian Fame

10:25 am
ခွင့်ပြုချက် မရှိသည့် ရေသန့်လုပ်ငန်း ၁၃ ခုကို FDA တရားစွဲပြီ

စိုင်းလမင်း
နေပြည်တော်၊ ဇန်နဝါရီ ၁ဝ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးညွှန်ကြားမှုဦးစီးဌာန (FDA)ထံမှ ခွင့် ပြုချက်ရယူထားခြင်းမရှိသော ရေသန့် လုပ်ငန်း ၁၃ ခုကို တရားစွဲထားကြောင်း FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

ရန်ကုန်ရှိ ရေသန့်လုပ်ငန်း ၇ ခုနှင့် မန္တလေးရှိ ရေသန့်လုပ်ငန်း ၆ ခုကို ဖမ်း ဆီးအရေးယူထားခြင်းဖြစ်ကြောင်း၊ ဈေး ကွက်အတွင်း တရားမဝင် ရောင်းချနေ သော ရေသန့်များကို ထပ်မံဖမ်းဆီးသွား မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

”ဒီလိုတရားမဝင် ရေသန့်တွေဖမ်းဆီး ဖို့ ကျွန်တော်တို့ကလည်း ဈေးကွက်ထဲ ဆင်းရတယ်၊ တချို့ကလည်း သူတို့သောက် ဖို့ လုပ်ထား တာပါ ပြောတာပေါ့။ ရောင်း နေတာကိုသိတယ်။ အဲ့ဒီတော့ ရေသန့်ဝယ် တဲ့အခါကျတော့ ပြေစာလေးရအောင် တောင်းရတာပေါ့။ အဲဒီအခါ ငေါက်တာ တောင်ခံရသေးတယ်”ဟု ၄င်းက ပြော သည်။

FDA ထံမှ ခွင့်ပြုချက်ရယူထားသော ရေသန့်လုပ်ငန်းစာရင်းများကို ပြုစုကာ အ ဆိုပါစာရင်းကို တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ အစာဆေးဝါးကော်မတီများနှင့် ဒေသ တာဝန်ရှိပုဂ္ဂိုလ်များထံ ပေးထားပြီး ထိုစာရင်းတွင်မပါသည့် လုပ်ငန်းများကို ဖမ်းဆီးရန် ပြော ကြားထားကြောင်း ၄င်းက ပြောသည်။

FDA အနေဖြင့် ရေသန့်လုပ်ငန်း ၁၃ ခုကို ဖမ်းဆီးအရေးယူထားသည်ဟု ပြော သော်လည်း အဆိုပါ လုပ်ငန်းများ၏ အ မည်ကိုမူ ညွန်ကြားရေးမှူးချုပ်က ပြော ကြားခဲ့ခြင်း မရှိပေ။

တရားမဝင် ရေသန့်လုပ်ငန်းများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ယမန် နှစ် နှစ်ကုန်ပိုင်းကတည်းက FDA က ကြေ ညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။            ဆက်လက်၍ တရားမဝင် ရေသန့် လုပ်ငန်းများ ပပျောက်ရန်အတွက် FDA က အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်က ပြော ကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*