ရခိုင်လက်နက်ကိုင်အဖွဲ့အကြောင်း သတင်းရေးသားသောသတင်းသမားတစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ

ရခိုင်လက်နက်ကိုင်အဖွဲ့အကြောင်း သတင်းရေးသားသောသတင်းသမားတစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ
May 4, 2017 Asian Fame

10:57 am
ရခိုင်လက်နက်ကိုင်အဖွဲ့အကြောင်း သတင်းရေးသားသောသတင်းသမားတစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ

Myanmar Now
ရန်ကုန်၊ မေ ၂

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အကြောင်း သတင်းရေးသားသည့် စစ်တွေမြို့မှ သတင်းသမားတစ်ယောက်ဖြစ်သော ကိုနေမင်းအောင် (ခေါ်) ကိုမင်းမင်းသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရနေရကြောင်း သိရသည်။

စစ်တွေမြို့အခြေစိုက် Root Investigative Agency (RIA) သတင်းဌာန၏ တည်ထောင်သူနှင့် အယ်ဒီတာချုပ်ဖြစ်သူ ကိုနေမင်းအောင် က ဒေသခံ တက်ြ<ွကလှုပ်ရှားသူများ အဖမ်းခံရသောအမှုသည် လက်နက် ကိုင်အဖွဲ့တစ်ခုနှင့် ပတ်သက်ဆက်နွှယ်နေသည်ဟူသော သတင်းပါသည့် စာစောင်ကို ဧပြီ ၁ဝ ရက်နေ့တွင် ထုတ်ဝေခဲ့ပြီးနောက်ပိုင်း အသက် အန္တရာယ်ကို ခြိမ်းခြောက်သောစာများ လက်ခံရရှိနေကြောင်း ၎င်းကပြောသည်။

အဆိုပါ သတင်းဌာနမှ စာဖတ်ပရိသတ်များသို့ အသိပေးခြင်းဆိုသောခေါင်းစဉ်ဖြင့် ဧပြီလ ၂၁ ရက် နေ့တွင် ကြေညာချက်တစ်စောင်ထုတ် ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေ ရကြောင်း ဖော်ပြခဲ့သည်။ ”ကျွန်တော် သိုသိုသိပ်သိပ်ပဲ နေရတယ်။ ရုံးသွားတက်တာတောင်မှ တစ်ပတ်မှာ နှစ်ရက်လောက်ပဲတက်တယ်။ အခြေအနေကြည့်ပြီးတော့ တတ်နိုင်သမျှ အိမ်ကပဲလုပ်တယ်” ဟု ကိုမင်းမင်းက ပြောသည်။

၂ဝ၁၆ ခုနှစ် မတ်လ ၁ဝ ရက် နေ့တွင် စစ်တွေမြို့ရှိ ကိုမင်းမင်း၏ နေအိမ်ကို ဗုံးဖောက်ခွဲတိုက်ခိုက်ခံ ခဲ့ရဖူးသည်။ ထိုသို့ တိုက်ခိုက်မခံရ ခင်အချိန်ကလည်း ယခုကဲ့သို့ပင် ခြိမ်းခြောက်မှုမျိုးကို လူမှုကွန်ရက်မှ တစ်ဆင့် ခြိမ်းခြောက်ခံခဲ့ရဖူးကြောင်း သိရသည်။ ရခိုင် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့သည် ပြည်သူတချို့ကို ဖမ်းဆီးပြီး အထမ်းသမားအဖြစ် ခိုင်း စေမှုများရှိနေကြောင်း သတင်းရေး သားပြီးနောက်ပိုင်း ယခုကဲ့သို့ တိုက် ခိုက်ခံရခြင်းဖြစ်ပြီး ခြိမ်းခြောက်မှုများ တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ပါဝင် ပတ်သက်မှု ရှိ၊ မရှိ တိတိကျကျမပြော နိုင်သော်လည်း ခြိမ်းခြောက်သူများ သည် ထိုလက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူများ ဖြစ်ကြောင်း ကိုမင်းမင်းက ပြောသည်။

ကိုမင်းမင်းက ၎င်း၏ လုံခြုံရေး အတွက် နေအိမ်တွင် လုံခြုံရေး ကင် မရာတပ်ဆင်ခွင့်ပြုရန်အတွက် မြန် မာနိုင်ငံသတင်း မီဒီယာကောင်စီမှ တစ်ဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူး ဦးမျိုးမြတ်ဟိန်းထံသို့ တင်ပြတောင်း ဆိုထားသော်လည်း ထူးခြားမှုမရှိသေး ကြောင်း သိရသည်။

စစ်တွေမြို့နယ် အမှတ်(၁) ရဲ စခန်းမှ စခန်းမှူး ဒုတိယရဲမှူး ရန်နိုင်လတ်က လုံခြုံရေးကင်မရာ တပ်ဆင် ခြင်းနှင့် ပတ်သက်၍ ကိုမင်းမင်း၏ အိမ်နီးနားချင်း တချို့က ကန့်ကွက် မှုများ ရှိနေကြောင်း ပြောသည်။ ”သူကတော့ သူ့ရဲ့လိုအပ်ချက် အရ သူ့ဘာသာသူ လုံခြုံမှုကို လုပ် ထားတဲ့သဘောပါ။ ကိုမင်းမင်းနဲ့ ပတ်သက်လို့ အရမ်းအန္တရာယ်ကြီး မားပြီး ဒုက္ခရောက်လောက်အောင် တော့ ကျွန်တော်ကတော့ မတွေ့ပါ ဘူး။ လုံခြုံရေးအရ ကိုမင်းမင်းကဖုန်း ဆက်ရင်တော့ ကျွန်တော်ကတော့ ချက်ချင်းရောက်သွားမှာပဲ။ သူနဲ့ကျွန် တော်နဲ့က ဖုန်းအဆက်အသွယ်က ရှိပြီးသား”ဟု ၎င်းက ပြောသည်။ ကိုမင်းမင်းသည် RIA သတင်း ဌာနကို ရခိုင်ပြည်နယ်တွင်း ဖြစ်ရပ်များအကြောင်း တင်ပြနိုင်ရန်အတွက် ၂ဝ၁၅ ခုနှစ်အတွင်း တည်ထောင်ခဲ့ပြီး ဒေသတွင်း အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပဋိပက္ခစသော သတင်းများကို ရေးသားဖော်ပြနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*