သီလဝါ အထူး စီးပွားရေးဇုန်နှင့် ကူဘိုတာ ကော်ပိုရေးရှင်း တို့က မြန်မာအင်ဂျင်နီယာ များကို သင်တန်းပေး

သီလဝါ အထူး စီးပွားရေးဇုန်နှင့် ကူဘိုတာ ကော်ပိုရေးရှင်း တို့က မြန်မာအင်ဂျင်နီယာ များကို သင်တန်းပေး
May 31, 2017 Asian Fame

5:30 pm
သီလဝါ အထူး စီးပွားရေးဇုန်နှင့် ကူဘိုတာ ကော်ပိုရေးရှင်း တို့က မြန်မာအင်ဂျင်နီယာ များကို သင်တန်းပေး

(ရန်ကုန်၊ မေ ၂၆)

သီလဝါ အထူး စီးပွားရေး ဇုန်နှင့် ကူဘိုတာ ကော်ပိုရေးရှင်း တို့ ပူးပေါင်း၍ မြန်မာအင်ဂျင် နီယာများကို ရေနှင့်သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ အတတ်ပညာနှင့် စီမံခန့်ခွဲမှု သင်တန်း အခမဲ့ပေးလျက် ရှိ ကြောင်း သိရသည်။

မြန်မာ၊ ဂျပန်သီလဝါ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ (MJTD) ၊ သီလဝါ အထူး စီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီ (TSMC) နှင့်  ကူဘိုတာကော်ပိုရေးရှင်း တို့ ပူး ပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး  ရေ ပေးဝေမှု၊ ရေသန့်စင် စနစ်များနှင့် ပတ်သက်သည့် နည်းပညာများကို  သင်ကြားပေးသွားမည် ဖြစ်သည်။

သင်တန်းတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီနှင့် ဂျပန် နိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ ရုံးမှ ကျွမ်းကျင် ပညာရှင်များက သင်ကြားပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် ကူဘိုတာ ကော်ပိုရေးရှင်းမှ နည်းပြဆရာ များကလည်း ၄င်းတို့ ၏ အတွေ့ အကြုံများကို ဝေငှ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက အခြေ ခံ အဆောက်အအုံ စနစ်များကို  ပံ့ပိုးရန် လိုအပ်သည့် ကျွမ်းကျင် အင်ဂျင်နီယာ မလုံလောက်မှု ကို ဖြေရှင်းနိုင် ရန် ရည်ရွယ်၍ သင် တန်းပေးခြင်းဖြစ်ပြီး ပထမဆုံး သင် တန်းကို မေလ ၂၅ ရက်တွင် စတင်နေပြီဟု သိရသည်။

MJTD ၏ ဥက္ကဋ္ဌနှင့် အမှု ဆောင် အရာရှိချုပ်မစ္စတာ တကရှီ ရန်နိုင်က သင်တန်းပြုလုပ်ခြင်းနှင့် ပတ်သက်၍ ”ခိုင်မာ စိတ်ချ ရတဲ့ ရေသန့်ဖြန့်ဝေပေးပို့မှု နဲ့ စနစ် ကျတဲ့ ရေဆိုးနဲ့ အညစ်အကြေး စွန့်ပစ်စနစ်တွေ ရှိခြင်းဟာ လူတိုင်း အတွက်လည်း လိုအပ်သလို စီးပွား ရေးလုပ်ငန်းတွေ ကို စွဲဆောင်ဖို့ အတွက်လည်း အင်မတန်မှ အရေးပါတဲ့ အရာ ဖြစ်ပါတယ်။ အခုသင်တန်းဟာ မြန်မာနိုင်ငံ အတွက် လာမယ့် အနာဂတ် ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့  ရေနဲ့ ရေဆိုး စွန့်ပစ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ကို ကောင်းမွန်စွာ ကြာရှည်ထိန်းသိမ်း ထားနိုင်ဖို့နဲ့ သေချာ လည်ပတ်နိုင် ဖို့အတွက် အများကြီးအထောက် အကူပြုလိမ့်မယ်လို့ ယုံကြည် ပါ တယ်” ဟု ပြောသည်။

သင်တန်းတွင် စုစုပေါင်း အင် ဂျင်နီယာ ၁ဝဝ ကျော်၊ အစိုးရ ရုံးများမှအရာရှိများ၊ နည်းပညာ ဆိုင်ရာ တက္ကသိုလ် ၂ ခုနှင့် သီ လဝါအထူးစီးပွားရေးဇုန်အတွင်း မှ ကုမ္ပဏီပေါင်း ၃၈ ခုတို့ တက် ရောက်ကြမည်ဟု သိရသည်။

MZW

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*