အစိုးရသစ်​လက်​ထက်​တွင် ​ကျောင်းသားသမဂ္ဂများ တရားဝင်​ရပ်​တည်​ခွင့်​ရခဲ့ပြီဟု ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ပြောကြား

အစိုးရသစ်​လက်​ထက်​တွင် ​ကျောင်းသားသမဂ္ဂများ တရားဝင်​ရပ်​တည်​ခွင့်​ရခဲ့ပြီဟု ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ပြောကြား
July 9, 2017 Asian Fame

6:37 pm
အစိုးရသစ်​လက်​ထက်​တွင် ​ကျောင်းသားသမဂ္ဂများ တရားဝင်​ရပ်​တည်​ခွင့်​ရခဲ့ပြီဟု ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ပြောကြား

19875091_846899525457032_7273712498329977821_n

ရန်ကုန်၊ ဇူလိုင် ၉

အစိုးရသစ်လက်ထက်မှာ ကျောင်းသားသမဂ္ဂများဟာ တရားဝင်ရပ်တည်ခွင့်ရခဲ့ပြီလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီကနေ့ ရန်ကုန်တက္ကသိုလ်မှာ ပြောလိုက်ပါတယ်။

အမှာစကားပြောကြားရာမှာ တိုင်းဝန်ကြီးချုပ်က “ကျောင်းသားသမဂ္ဂဟာ ဘယ်တုန်းကမှ တရားမဝင်အသင်းမဖြစ်ခဲ့ပါဘူး။ဘယ်အစိုးရကမှလည်း တရားမဝင်အသင်းအဖြစ်ကြေညာတဲ့အထဲမှာ ကျောင်းသားသမဂ္ဂမပါခဲ့ပါဘူး။ ဒါကြောင့်မို့ ကျောင်းသားသမဂ္ဂရဲ့ တရားဝင်ရပ်တည်ခွင့်ဟာ အလွန်အင်မတန်အရေးကြီးပါတယ်။အခု အစိုးရသစ်လက်ထက်မှာ အားလုံးဟာ တရားဝင်ရပ်တည်ခွင့်ရခဲ့ပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲကို ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကတော့ “ကျောင်းသားကျောင်းသူတွေကို အလေ့အကျင့်ကောင်းတွေရရှိဖို့အတွက် ဆောင်ရွက်ဖို့အတွက် လာအားပေးတာပါ။လုပ်တာကတော့ အမျိုးသားပညာရေးဥပဒေရယ်၊အဆင့်မြင့်ပညာရေးဥပဒေရယ်၊ ရန်ကုန်တက္ကသိုလ်ရဲ့ ပဋိဥာဉ်အရဆောင်ရွက်ရမှာ။ဒါပေမဲ့ ဒီဟာတွေကိုစောင့်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့အလေ့အကျင့်ကောင်းတွေရဖို့အတွက်ပြုစုပျိုးထောင်ပေးတာပါ” လို့ပြောခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဝန်ကြီးချုပ်တို့ဟာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ကျောင်းသားသမဂ္ဂမြက်ခင်းပြင်နေရာကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဇူလိုင်လ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအချို့ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ကျောင်းသားသမဂ္ဂအဆောက်အအုံသစ်ပြန်ဆောက်ဖို့ကို သမဂ္ဂများတရားဝင်လွတ်လပ်စွာလှုပ်ရှားခွင့်ရပြီးမှသာ ဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*