အချိုရည်ပုလင်း အသုံးပြုပြီး အသေးစားဖောက်ခွဲခဲ့မှု ပြည်သူတွေထိတ်လန့်အောင် လုပ်နေတာလားဟု မေးခွန်းထုတ်

အချိုရည်ပုလင်း အသုံးပြုပြီး အသေးစားဖောက်ခွဲခဲ့မှု ပြည်သူတွေထိတ်လန့်အောင် လုပ်နေတာလားဟု မေးခွန်းထုတ်
November 30, 2016 Asian Fame

4:53 am
အချိုရည်ပုလင်း အသုံးပြုပြီး အသေးစားဖောက်ခွဲခဲ့မှု ပြည်သူတွေထိတ်လန့်အောင် လုပ်နေတာလားဟု မေးခွန်းထုတ်

m-150

PNews
ရန်ကုန်၊ နိုဝင်ဘာ၂၉

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး အတွင်း အချိုရည်ပုလင်းအသုံးပြုပြီး  အသေး စားဖောက်ခွဲခဲ့သူဟု သံသယရှိသူအချို့ကို ရဲက ဖမ်း ဆီးစစ်ဆေးနေစဉ်မှာပင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ  ကြွပ်ကြွပ် အိတ်ဖြင့်ထည့်ထားသောM- 150  အချိုရည် ပုလင်းများ   နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ပိုင်းက တွေ့ရှိမှုဖြစ်ပွားခဲ့သည်။

ထိုသို့ တွေ့ရှိမှုဖြစ်ပေါ်ခဲ့ပြီး နာရီပိုင်း အကြာတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ပေါက်ကွဲမှုမရှိသေးသောM- 150  အချို ရည်ပုလင်းများတွေ့ရှိဆိုသည့်သတင်း ထုတ်ပြန် ချက်တစ်ရပ်ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်တွင် ယင်းနေ့ နံနက် ၉နာရီခွဲအချိန်က ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံ ပေါ်၌ မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး တွေ့ရှိကြောင်း၊ သတင်းအရ နယ်မြေခံတပ်မှ အထူးမိုင်း ရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့စဉ် ၄င်းကြွပ်ကြွပ် အိတ်ထဲ၌ M- 150  အချိုရည် ၄ ပုလင်း အား တွေ့ရှိရပြီး ပုလင်းများအတွင်း အဝါရောင် အရည်ပျစ်ပျစ်များကိုထည့်ထားကြောင်း၊ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့ များက စနစ်တကျ သက်မဲ့ရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါနေရာနှင့် လေဆိပ်အတွင်း နေရာများတွင်အသေး စိတ် ဆက်လက် ရှင်းလင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူများက ပြည်သူလူထုထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စသဖြင့်ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ကမူ ယင်းအချိုရည်ပုလင်း နှင့် ပါဝင်သည့်ပစ္စည်းတို့သည် အသေးစား ပေါက်ကွဲမှု ပင်မဖြစ်သည့် ပစ္စည်းတို့ဖြစ် ကြောင်း   ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက သတင်းထုတ် ပြန်ရာတွင် ထိုပုလင်းထဲ၌ ပေါက်ကွဲစေ တတ်သော ဓာတုပစ္စည်း ပါရှိခြင်းမရှိဘဲ ပုလင်းထဲရှိအရည်မှာ ဖယောင်းနှင့်အဆီတို့ ရောစပ်ထားသောဒဏ်ကြေလိမ်းဆေး အဆီများဖြစ်သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

ယင်းအပြင်၎င်းအချိုရည်ပုလင်း ၄လုံး ကိုဓာတုဗေဒဝန်ရုံးသို့ပေးပို့၍ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိနေကြောင်း လည်း ဖော်ပြ ခဲ့သည်။

”ဒါဟာ ပြည်သူတွေထိတ်လန့်အောင် လုပ်နေတာလား” ဟု မြန်မာနိုင်ငံရှေ့နေ များကွန်ရက်အဖွဲ့မှ ဦးကြီးမြင့်က မေးခွန်း ထုတ်သည်။

လက်ရှိတွင် ရန်ကုန်ရဲက ပြီးခဲ့သည့် ရက်ပိုင်းများက ဈေးဝယ်စင်တာ ၂ ခု၊ တောင်ဒဂုံ လဝကရုံးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး အတွင်း ဖောက်ခွဲခဲ့သူ ဟုယူဆရသူနှင့် ပါဝင်ပတ်သက်သူ ၃ ဦးကို ဖမ်းဆီးထားပြီး၊ နောက်ကွယ်မှ အကြောင်း အရာတို့ကိုသိရှိနိုင်ရန် စစ်ဆေးနေကြောင်း ရန်ကုန်နယ်လုံဝန်ကြီးက ပြောသည်။

”အသေးစိတ်ကို ပြည်ထောင်စု အဆင့်က သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးကဆက်ပြောသည်။

ဖမ်းဆီးခံထားရသည့် ၃ဦးတွင်တစ်ဦး မှာ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ အတွင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ် ၂ မှနေ၍ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီကိုယ်စားပြုပြီး ရွေး ကောက်ပွဲဝင်ခဲ့သူဖြစ်နေသည်။

အဆိုပါပါတီ၏ ဒုတိယဥက္ကဋ္ဌ (၁) ဦးမောင်မောင်စိုးက ရဲဖမ်းခံထားရသည့် သူအပါအဝင် ၁ဝ ဦးကျော်ကို စည်းကမ်း များဖောက်ဖျက် မှုဖြင့် ပါတီမှထုတ်ပယ် ထားသည်မှာကြာပြီဟု ပြောသည်။

NLD  အစိုးရမတက်ခင်နှင့် တက်ပြီး နောက်ပိုင်း ရန်ကုန်တွင် ဗုံးလန့်မှုများ၊ ဗုံးတွေ့မှုများ၊ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ခဲ့သည်။ ထိုသို့ဖြစ်ပေါ်တိုင်း ဖမ်းဆီးရမိ ခဲ့သည့်ဖြစ်စဉ်အရေအတွက်က မရှိသလောက် နည်းပါးခဲ့သည်။

ယခုတစ်ခေါက် အချိုရည်အသုံးပြုကာ ဖောက်ခွဲခဲ့မှုကိုသာ ရဲကအချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*