လမ်းပေါ်တွင် စည်းကမ်းမဲ့ ရပ်သည့် အတွက် အရေးယူထားသော ယာဉ်စီးရေ နှစ်သောင်းကျော်ရှိ

လမ်းပေါ်တွင် စည်းကမ်းမဲ့ ရပ်သည့် အတွက် အရေးယူထားသော ယာဉ်စီးရေ နှစ်သောင်းကျော်ရှိ
May 25, 2017 Asian Fame

12:37 pm
လမ်းပေါ်တွင် စည်းကမ်းမဲ့ ရပ်သည့် အတွက် အရေးယူထားသော ယာဉ်စီးရေ နှစ်သောင်းကျော်ရှိ

(ရန်ကုန်၊ မေ ၂၂)

နှစ်နှစ်ကျော် အတွင်း ရန်ကုန်တိုင်း အတွင်းရှိ အများပြည်သူ ဆိုင်ရာ လမ်းမ များတွင် စည်းကမ်းမဲ့ ရပ်နားမှုကြောင့် ဖမ်းဆီး အရေး ယူခဲ့သော ယာဉ်စီးရေနှစ် သောင်းကျော် ရှိပြီဟု  ရန်ကုန်တိုင်း အစိုးရ က ပြောသည်။

လမ်းမများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားမှုကြောင့် ကရိန်းယာဉ်ဖြင့် ဆွဲကာ အရေးယူခဲ့သော မော်တော် ယာဉ်ပေါင်း ၇၃၉၆ စီးရှိပြီး ချလန်ဖြတ် အရေးယူခဲ့ သော ယာဉ်စီးရေပေါင်း ၁၃၅၁၆ စီးရှိ ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီ လာကျော်က ပြောသည်။

”ကားတွေကို ဒီလိုစည်းကမ်းမဲ့ ရပ် နားထားတာ တွေကို တွေ့ရင် ကျွန်မတို့ ဆီကို အချိန်နဲ့ တပြေးညီ အကြောင်းကြား စာလေးတွေ ပို့ပေးလို့ ရှိရင် ကျွန်မတို့ အနေ နဲ့ စီစဉ်ဆောင်ရွက်ပေးလို့ ရပါတယ်။ လတ် တလောမှာတော့ တတ်နိုင် သလောက် ဖြေရှင်းနေ ပါတယ်” ဟု ၄င်းကပြောသည်။

၎င်းတို့ကို ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၃၊ ပုဒ်မခွဲ(ဋ)အရ ဖမ်းဆီး အရေးယူခဲ့ ခြင်း ဖြစ်ပြီး ၄င်းဥပဒေ အရ ဒဏ်ငွေကျပ် တစ်သောင်းမှ ငါးသိန်းဖြစ်စေ၊ ထောင် ဒဏ်တစ်နှစ် အထိဖြစ်စေ၊ နှစ်ရပ်လုံးဖြစ် စေ ချ မှတ်နိုင်ကြောင်း ဒေါ်နီလာကျော် က ပြောသည်။

မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ် ဝင်းက ”တရားဝင် လုပ်ငန်းလိုင်စင်ရရှိ သောကား အရောင်းပြခန်းများနှင့် တရား မဝင် တင်သွင်းရောင်း ချနေ သူများ၏ ကားများသည် အများပြည်သူအသုံးပြု လျက်ရှိသော လမ်းများ ပေါ်တွင် အချိန် ကြာမြင့်စွာ ရပ်နား ထားခြင်း ကိစ္စကို မည် သို့ဖြေရှင်း ပေးမည်နည်း”ဆိုသည့် မေး ခွန်းကို မေးမြန်းခဲ့သည်။

ဝန်ကြီးက ထိုသို့သော တရားဝင် အရောင်းပြခန်းများမှာ သတ်မှတ်ထား သောနေရာတွင်သာ ရောင်းချခွင့်ရှိ ကြောင်း၊ တစ်နိုင် တစ်ပိုင် ရောင်း ဝယ်နေ ကြသော ကားအရောင်းသမား များအ တွက် အများပြည်သူ လမ်းပေါ်မရပ်ဘဲ သီးခြားနေရာတွင် ရောင်းချနိုင်ရန် စီစဉ် နေကြောင်း ဖြေကြားခဲ့ပြီး လမ်းပေါ်တွင် ရပ်သော ကားများအား မည်ကဲ့သို့ အရေး ယူဆောင်ရွက်ခဲ့သည်ကိုမူ မဖြေကြားခဲ့ ပေ။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*