လားရှိုးမှာ စိတ်ကြွဆေးပြား ၄သန်း နီးပါး ဖမ်းဆီးရမိ

လားရှိုးမှာ စိတ်ကြွဆေးပြား ၄သန်း နီးပါး ဖမ်းဆီးရမိ
June 20, 2017 Asian Fame

6:15 pm
လားရှိုးမှာ စိတ်ကြွဆေးပြား ၄သန်း နီးပါး ဖမ်းဆီးရမိ

လားရှိုး၊ ဇွန် ၂၀

မုံရွာမှာ ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့ မူးယစ်ဆေးပြား တစ်သိန်း ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတဲ့ ဇွန်လ ၁၉ရက်နေ့ကပဲလားရှိုးမြို့နယ်က ရပ်ကွက်တစ်ခုထဲမှာ ဆူဒိုအက်ဖီဒရင်း ဆေးပြား အပြား ၄သန်း လောက်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ရက်နေ့ က လားရှိုးမြို့ (၁)ရပ်ကွက် ခလရ(၄၁)ရှေ့မှာ လှည့်ကင်းဆောင်ရွက်နေတုန်း မန္တလေးကနေလားရှိုးကို ထွက်ခွာလာတဲ့6B/1358 ISUZU Light Truck ယာဉ်ပေါ်ကနေ ဖမ်းဆီးရမိခဲ့တာပါ။ဒီယာဉ်ကို စစ်ဆေးဖို့ တားဆီးတဲ့အချိန်မှာ မောင်းနှင်ထွက်ပြေးခဲ့လို့ ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ယာဉ်ပေါ်မှာ ပီနှံအိတ်တွေနဲ့ထုတ်ထားတဲ့ ဆူဒိုအက်ဖီဒရင်း ဆေးပြားကြီး/သေး ၃၈၈၈၀၀၀ ပြား၊ ရွှေပြည်သာ ကုန်စည်ပို့ဆောင်ရေးအမည်ပါ မူရင်း(၄)စောင်၊ဖုန်း(၁)လုံး၊ ငွေ ၈၅,၀၀၀ ကျပ်၊ ယာဉ်သက်သေခံလက်မှတ်(၁)ခု၊ လိုင်စင်စာအုပ်(၁)ခုတို့ကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တော့ ဆေးပြားတွေနဲ့အတူ ယာဉ်မောင်းကိုပဲဖမ်းဆီးရမိတယ်လို့ ဆိုထားပါတယ်။လက်ရှိမှာတော့ ဒီအမှုကို လားရှိုးမြို့ မြို့မရဲစခန်းက မယ(ပ) ၁၁၉/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/ ၁၆(ခ)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

ပုံစာ- လားရှိုးတွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့်ယာဉ်
Photo- ပြည်ထဲရေးဝန်ကြီးဌာန

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*