ငလိုက်သာဆင်စခန်းသို့ ပြည်ပဧည့် ဝင်ရောက်မှုနည်းသဖြင့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေ

ငလိုက်သာဆင်စခန်းသို့ ပြည်ပဧည့် ဝင်ရောက်မှုနည်းသဖြင့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေ
May 25, 2017 Asian Fame

3:00 pm
ငလိုက်သာဆင်စခန်းသို့ ပြည်ပဧည့် ဝင်ရောက်မှုနည်းသဖြင့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေ

Nga Like Thar Elephant

ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၁၉

မကြာသေးမီက ဖွင့်လှစ်လိုက်သော ငလိုက်စခန်းသာဆင်ထိန်းသိမ်းရေးစခန်းသို့ နိုင်ငံခြားဧည့်သည်များ ဝင်ရောက်မူနည်းသော် လည်း
ပြည်တွင်းဧည့်လာရောက်မှုများနေကြောင်း အဆိုပါဆင်စခန်းမှ တာဝန်ခံ ဦးမျိုးဆွေက ပြောသည်။

အဆိုပါ အပန်းဖြေစခန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် ၂၁၇/ဝ ငလိုက် ဆည်အနီးတွင်တည်ရှိပြီး ယခုနှစ် မေလ ၈ ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်ပဧည့်ဝင်ရောက်မှု နည်းနေသည့်အတွက် ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း ဦးမင်းဆွေက ပြောသည်။

”ပြည်တွင်းကတော့ တစ်နေ့ကို အယောက် ၃ဝ လောက်လာကြပါတယ်။ အစိုးရရုံးပိတ်ရက် ဆိုရင် တော့ ပိုပြီးများပါတယ်။ အခါကြီး ရက်ကြီးတွေဆိုရင်တော့ တစ်နေ့ ကို တစ်ရာနီးပါးလာကြတယ်” ဟု ၎င်းက ပြောသည်။ အပန်းဖြေစခန်းတွင် ဆင်များ၏ ပြကွက်များ၊ အနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများနှင့် ဆင်သမားတို့၏ လူမှုဘဝများကို လေ့လာနိုင်မည် ဖြစ်သည်။ အလားတူ ဆင်များသဘာဝအတိုင်း တောတွင်း အစာစားနေပုံများကိုပါကြည့်ရှုနိုင်အောင် စီစဉ်ထားကြောင်း အဆိုပါ ဆင်စခန်းမှ သိရသည်။ ထို့အပြင် ဆင်များကို အစာ ကျွေးလိုပါကလည်း ပြောင်းဖူး၊ ငှက်ပျောပင်နှင့် ကြံ စသည့်အစား အစာများ ထည့်ထားသည့် ဗန်း တစ်ခုလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် ကျွေးမွေးနိုင်မည်ဟုသိရသည်။

ဆင်စခန်းသို့ လာရောက်သော ခရီးသွားဧည့်သည်များအတွက် ကားပါကင်များ ပြုလုပ်ပေးထားပြီး နားနေရန်အတွက် ဘန်ဂလို ၈ခု ဆောက်လုပ် ပေးထားကြောင်း၊ ဝင်ကြေးအနေဖြင့် ပြည်တွင်းဧည့် တစ်ဦးလျှင် ကျပ် ၁ဝဝဝ၊ ပြည်ပ ဧည့်တစ်ဦးလျှင် ကျပ် ၂ဝဝဝဝ၊ ဆင်စီးခမှာ ပြည်တွင်းဧည့်တစ်ဦး လျှင် ကျပ် ၅ဝဝဝ၊ ပြည်ပဧည့်တစ် ဦးလျှင် ကျပ် ၂ဝဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိ ဆင်စခန်း၌ ဆင်ထီး ၅ ကောင်နှင့် ဆင်ပေါက်၂ ကောင် စုစုပေါင်း ၇ ကောင်ရှိပြီး ဆင်များ ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ထားရှိမည်ဖြစ်သည်။ အဆိုပါ ဆင်စခန်းသို့ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီးမှ လာလျှင် ၂ ဖာလုံသာဝေးကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*