တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် ဆေးလိပ်ကင်းစင်ရေးနယ်မြေများ သတ်မှတ်မည်

တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် ဆေးလိပ်ကင်းစင်ရေးနယ်မြေများ သတ်မှတ်မည်
May 25, 2017 Asian Fame

3:09 pm
တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် ဆေးလိပ်ကင်းစင်ရေးနယ်မြေများ သတ်မှတ်မည်

သီဟ
ရန်ကုန်၊ မေ ၁၉

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည် နယ်ခြောက်ခုမှ အများနှင့်သက်ဆိုင်သော နေရာများအား ဆေးလိပ်ကင်းစင်ရေး နယ်မြေအဖြစ် ယခုနှစ်အတွင်း လုပ်ဆောင်သွားနိုင်ရန် စီစဉ်နေကြောင်း ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။ ယင်းတိုင်းနှင့် ပြည်နယ်ခြောက်ခုမှာ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

”လူနေထူထပ်တဲ့ နေရာတွေ၊ လူအများသွားရောက်တဲ့နေရာတွေမှာ ဆေးလိပ်ကင်းစင်တဲ့ နယ်မြေဖြစ်ဖို့ပါ။ အဓိက ကတော့ လူငယ်တွေ ဆေးလိပ်သောက် နေတာကို တားဆီးဖို့နဲ့ ဆေးလိပ်မသောက်တဲ့သူတွေကလည်း သောက်သုံးသူတွေကြောင့် တစ်ဆင့်ခံရောဂါရတဲ့အတွက်ကြောင့်ပါ” ဟု ¤င်းက ဆေးလိပ်ကင်းစင် ရေးနယ်မြေ ဖော်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္က သိုလ်၊ ကောလိပ် ၁၈ ခုတွင် ဆေး လိပ်ကင်းစင်ရေး နယ်မြေများ ထူထောင်နေကြောင်း ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရသည်။

”ဇူလိုင်လအတွင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တက္က သိုလ်အသီးသီးက တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံမယ်။ သူတို့အကြံပေးတာတွေနဲ့ ပေါင်းစပ်ပြီး အ ကောင် အထည် ဖော်မှာပါ” ဟု ၎င်းက ပြောသည်။ တိုင်းနှင့်ပြည်နယ် ခြောက်ခုရှိဆေးရုံ၊ ကျောင်းနှင့် ဘုရားများတွင် ဆေးလိပ်ကင်းစင်ရေး နယ်မြေများ သတ်မှတ်ခြင်းကို သက်ဆိုင်ရာအစိုးရများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နှစ်စဉ် လူဦးရေ ခြောက်သန်းမျှ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံးနေကြရပြီး ၎င်းတို့ထဲမှ ငါးသန်းသည် ကိုယ်တိုင်သုံးစွဲသူများဖြစ်ပြီး ခြောက်သိန်းခန့်မှာ ဒုတိယလူအဖြစ် ဆေးလိပ်ငွေ့ရှူမိ၍ ဖြစ်ကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။ သို့ဖြစ်ရာ ဆေးလိပ်သောက် သုံးမှုကိုသိသိသာသာ လျှော့ချမှုများ မပြုလုပ်နိုင်ပါက ၂ဝ၃ဝ ပြည့်နှစ်တွင် လူဦးရေ ရှစ်သန်းထက်ပိုပြီး သေဆုံးဖွယ်ရာရှိသည်ဟု WHO က ခန့်မှန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*