ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းသည့် လမ်းကြောင်း

ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းသည့် လမ်းကြောင်း
May 24, 2017 Asian Fame

2:23 pm
ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းသည့် လမ်းကြောင်း

PinLoneပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ-ညီလာခံ ကျင်းပရန်က အချိန်နာရီ အနည်း ငယ်မျှသာ လိုတော့သည်။ ယခု အချိန်တွင် ညီလာခံနှင့် ပတ်သက် ၍ အများစု စိတ်ဝင်တစား မျှော် လင့်သည့်ကိစ္စကား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုံစုံညီညီ ပါဝင်ခြင်း ရှိ/မရှိ ကိစ္စပင် ဖြစ် သည်။

မေလ ၂၃ ရက်နေ့ ညဦးပိုင်း အထိ ညီလာခံတွင် လက်နက်ကိုင် အဖွဲ့မည်မျှ တက်ရောက်မည်ကို အစိုးရက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထုတ် ပြန်ချက် အရမူ ညီလာခံ တက် ရောက်မည့် လက်နက်ကိုင် အဖွဲ့ များ အတော်အသင့်စုံ သွားပြီဖြစ် သည်ဟု ဆိုရမည်ဖြစ်သည်။ အဖွဲ့ အများစုမှာလည်း နေပြည်တော်သို့ ပင် ရောက်ရှိနေပြီဖြစ်သည်။ မေလ ၂၃ ရက်နေ့က ထုတ်ပြန်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ပလောင်အဖွဲ့ PSLF/TNLA ထုတ်ပြန်ချက်တွင် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်ချမ်းရေး ညီလာခံ သို့ တက်ရောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ညီလာခံသို့ FPNCC ကော်မ တီ (ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးညှိနှိုင်းရေးကော်မတီ)နှင့် အ တူ တက်ရောက်မည် ဖြစ်ကြောင်း၊ ရပ်တန့် ပိတ်ဆို့နေသော မြန်မာ ပြည် ငြိမ်းချမ်းရေး လုပ်ငန်းများ လမ်းစပွင့်ရန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မေတ္တာ ရပ်ခံချက် ကို အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ညီလာ ခံသို့ တက်ရောက်မည်ဖြစ်ကြောင်း TNLA က ဆိုသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေး နွေး ညှိနှိုင်းရေး ကော်မတီတွင် UWSA (ဝ)၊KIA (ကချင်)၊ NDAA (မိုင်းလား)၊ SSPP (ရှမ်း)၊ MNDAA (ကိုးကန့်)၊ TNLA (ပလောင်)၊ AA (ရခိုင်) တို့ ပါဝင် ရာ ယင်းအဖွဲ့များ အားလုံး ကိုယ် စားလှယ် ၂ ဦးကျစီဖြင့် ညီလာခံ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ နာဂအဖွဲ့NSCN-K မှာ လေ့လာသူအဖြစ် တက်ရောက် မည်ဟု ဆိုထားသည်။

နုတ်ထွက်မှုများဖြင့် အား နည်းသွားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ မှာမူ ညီလာခံ တက် ရောက်မည် မဟုတ်ကြောင်း ထုတ် ပြန်သည်။ UNFC တွင် မွန်ပြည် သစ် NMSP၊ ကရင်နီ KNPP၊ လားဟူ LDU၊ ရခိုင် ANC တို့ သာလျှင် ကျန်ရှိတော့သည်။

သို့သော်လည်း ယခုတစ်ကြိမ် ကျင်းပမည့် ဒုတိယအကြိမ် ပင်လုံ ညီလာခံတွင် NCA စာချုပ်လက် မှတ်ရေးထိုးထားသည့် လက်နက် ကိုင် အဖွဲ့ ၈ ဖွဲ့၊ စာချုပ်လက်မှတ် မရေးထိုးထားသည့် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်မှ လက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့တို့မှာ တက်ရောက် ရန် သေချာသွားပြီဖြစ်သည်။

UNFC မှ နုတ်ထွက်သွား သော ‘ဝ’ အမျိုးသား အစည်းအရုံး WNO မှာမူ မြောက်ပိုင်းရှိ UWSA (ဝ) အဖွဲ့နှင့်ပူးပေါင်းမည်ဟု ဆို ထားသော်လည်း ထပ်မံ၍ တိကျ သည့်သတင်း၊ ညီလာခံတက်ရေး၊ မတက်ရေး ကိစ္စများ ထွက်ပေါ် သေးခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ လက်ရှိ အနေအထားအရမူ မကြာ ခင် ကျင်းပမည့် ဒုတိယအကြိမ် ညီလာခံတွင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ ၉ဝ ရာခိုင်နှုန်း စုံညီပြီဖြစ်သည် ဟုဆိုရမည် ဖြစ် သည်။

ယခု ကျင်းပမည့် ဒုတိယအ ကြိမ် အစည်းအဝေးတွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မှရရှိထားသော အကြောင်းအရာ များကို တင်သွင်း ဆွေးနွေးသွား မည်ဖြစ်သည်။ ညီလာခံကို ၅ ရက် ကျင်းပရန် လျာထားပြီး နောက်ဆုံး ရက်တွင် သဘောတူညီချက် တစ်ခု ခုကို ပြည်ထောင်စု သဘောတူညီ ချက် စာချုပ်၏ အစိတ်အပိုင်း တစ်ခု အဖြစ် လက်မှတ်ထိုးချုပ်ဆိုမည်ဟု သိရသည်။

သို့သော် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည့် နေရာတချို့ ကျန်ရှိနေ သေးသည်။ ရှမ်းပြည်နယ်တွင် ပြု လုပ်ရမည့် ရှမ်းလူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲ၊ ရခိုင်ပြည် နယ်တွင် ကျင်းပရမည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပရသေးပေ။

ယင်းနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုး ထားသည့် ALP ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသော်လည်း ရှမ်းအဖွဲ့ RCSS ကမူ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ နိုင်ခြင်း မရှိသည့် အတွက် ညီလာခံ တွင် ဆွေးနွေးမည့် ကဏ္ဍအလိုက် အကြောင်းအရာများသည် ရှမ်းလူ ထု၏ ဆန္ဒနှင့် လိုလားချက်များ ပါ ဝင်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး မူဝါဒများ ချမှတ်ရာ တွင် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ ပြီး ပြည့်စုံသော သဘောထားများ မပါဝင်နိုင်သေးသည့် အတွက် ယခုကျင်းပမည့် ညီလာခံသို့ NCA လက်မှတ်ရေးထိုး ထားသော လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့ အနေဖြင့်သာ တက်ရောက်မည် ဖြစ်ကြောင်း၊ မည်သည့် အဆိုပြုချက်ကိုမှ တင်ပြ နိုင်မည် မဟုတ်ဘဲ ညီလာခံမှသဘော တူညီချက် များကို ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း တစ်ခုအဖြစ် ချုပ်ဆိုရာတွင်လည်း သဘောတူပါဝင် လက်မှတ်ရေးထိုး နိုင်ဦးမည် မဟုတ်ကြောင်း ပြော ထားသည်။

NCA စာချုပ်လက်မှတ်မထိုး ထားသည့် အဖွဲ့များနေဖြင့် ညီ လာခံတွင် ဆွေးနွေးမှု ပုံစံအပိုင်း နှင့်ပတ်သက်၍မူ သေချာစွာ မသိ ရှိရသေးပေ။ လေ့လာသူ အဖြစ် တက်ရောက်သည့် အဖွဲ့သည် ညီ လာခံတွင်ဆွေးနွေးခွင့် မရှိပေ။

သို့သော် ယခု NCA လက် မှတ်မရေးထိုးထားသည့် အဖွဲ့များ ကို အထူး ဖိတ်ကြားသူ အနေဖြင့် ဖိတ်ကြားသဖြင့် တက်ရောက်ကြ ခြင်းဖြစ်ပြီး၊ သဘောထားတင်ပြ ဆွေးနွေးခွင့် ပြု/မပြု အပိုင်းများ နှင့်ပတ်သက်၍မူ နှစ်ဖက်အဖွဲ့ များက တစ်စုံတစ်ရာ အသိပေး ပြောဆိုခြင်း မရှိသေးပေ။

ညီလာခံတွင် NCA လက် မှတ်ရေးထိုးပြီးသည့် အဖွဲ့များကမူ နိုင်ငံရေး ဆွေးနွေးပွဲမှ ရရှိသော အချက်များကို တင်သွင်း ဆွေးနွေး သွားမည်ဟုသိရှိရသော်လည်း အ ထူး ဖိတ်ကြားသူ အဖြစ် ဖိတ်ကြား ခံရသော မြောက်ပိုင်းမှ အဖွဲ့များ မှာ ဆွေးနွေးခွင့် ရပါက မည်သည့် အကြောင်းအရင်းများ ဆွေးနွေး မည်ကိုလည်း တစ်စုံ တစ်ရာထုတ် ဖော် ပြောဆိုခြင်းမရှိသေးပေ။

သို့သော် တရုတ် အစိုးရ၏ ကြားဝင် ညှိနှိုင်းပေးမှုအရ ပါဝင်ခဲ့ သည့် မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် သဘောထား တင်ပြဆွေးနွေးခွင့်ကို မြန်မာအစိုးရ က သဘောတူပေးရကြောင်း VOA သတင်းဌာနတွင် ဖော်ပြထား သည်။ သို့သော် တိကျ သေချာသည့် ထုတ်ပြန်မှုမျိုး မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ ညီလာခံ ကား ယနေ့ မေ ၂၄ ရက်တွင် စတင်ပြီ ဖြစ်သည်။ ပထမအကြိမ် အစည်းအဝေးက ကိုယ်ပိုင်ပြည် နယ်များ တောင်းဆိုရေး နှင့် ပတ် သက်၍သာ အကြံပြု တင်ပြမှုများ ပြားခဲ့သဖြင့် အတောင်းအရမ်း ကြမ်းသည့် ပင်လုံဟု အမည်တွင်ခဲ့ သော်လည်း ယခု ဒုတိယ အကြိမ်အ စည်းအဝေးမှာ မည်ကဲ့သို့ အဖြေ ထွက်လာမည် မသိရှိရသေးပေ။ တိုက်ပွဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပြည်တွင်းငြိမ်း ချမ်းရေး အ ခြေအနေတစ်ရပ်တွင် ယခုကဲ့သို့ ညီလာခံ၌ မျှော်လင့်မ ထားသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ ပါဝင်လာခြင်း က ငြိမ်းချမ်းရေးအတွက် အခြေအ နေကောင်း တစ်ရပ်ပေါ်လာရန် လမ်းကြောင်း ပွင့်သွားခြင်းပင်ဖြစ် လေတော့သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*