လူကြီးများ အတွက် ဖတ်စာ

လူကြီးများ အတွက် ဖတ်စာ
March 9, 2017 Asian Fame

1:38 pm
လူကြီးများ အတွက် ဖတ်စာ

BoNyeinThar

ဤခေါင်းစဉ်မှာ အနည်းငယ် ရင့်သီးသွားသည်ဟု ယူဆပါက ကြို တင်တောင်းပန်ပါသည်။ လူတစ် ကိုယ်စိတ်တစ်ခု ဟုသာ ယေဘုယျ အားဖြင့် ပြောကြသည်။ လူတိုင်း လူတိုင်းတွင် စိတ်အမျိုးမျိုး ဖြစ် တတ်သဖြင့် ဤခေါင်းစဉ်ကို ဖတ် မိပါက မိမိစိတ်၌ ရုတ်တရက် ပေါ် လာသော အတွေးကို သတိပြုကြည့် ပါ။ ခေါင်းစဉ် တပ်ထားပုံကို ဘဝင် မကျ သူများရှိပါမည်။ ယင်းထက် ပိုမိုကာ စိတ်ဆိုးလာပါက-

”လူကြီးတွေပဲကွာ။ စာတွေ အများကြီး ဖတ်လာတာ။ သေပဲ သေတော့မယ်။ အခုမှ ဖတ်စာဆို တော့ ငါတို့က သူငယ်တန်းကလေး တွေမှ မဟုတ်တာဘဲ။ ဒီကောင် ကွာ။ လူချင်းတွေ့ရင် နားရင်း တောင် တီးမိမှာ” ဟူ၍ မြည်တွန် တောက်တီး မိပါမည်။ ထိုအပြုအမူ ကား မနောကံမှ ဝစီကံ ကူးသွား ခြင်းသာ ဖြစ်ပါသည်။ တစ်စက္ကန့် ပင် မရှိသေးသော အချိန်တွင် မိမိ စိတ်က မည်မျှ မြန်ဆန်စွာ ကူး သန်းသွားသည်ကို မသိလိုက်ကြ။ သတိမမူလျှင် ဂူမမြင်ဘဲ သတိထား တော့ မြူမှုံလေးပင် မြင်တတ်မည် ဖြစ်ပါသည်။

ယင်းခေါင်းစဉ်ကို သဘော မတွေ့သူများ အတွက် ဦးတည်ကာ ရှင်းပြပါမည်။ ပြောရလျှင် လူကြီး များ အလွယ်တကူ ဖတ်ရှုနိုင်ရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။ အမှန် စင်စစ် ဥပဒေ အသုံးအနှုန်းအရ လူကြီးဆိုသော အနက် အဓိပ္ပါယ်ကို မည်သိုဖွင့်ပြထားသည်ကို မရှာ မိ။ မြန်မာစာ အဘိဓာန်တွင် ကား လူ ကြီးဆိုသည်မှာ ”၁၊ အသက်အ ရွယ်ကြီးရင့်သောသူ၊ လူအို၊ အ ရွယ် ရောက်ပြီးသူ။ ၂၊ ရပ်ရွာတွင် အကြီးအကဲ၊ ရှေ့ဆောင်ရှေ့ရွက် ပြုသူ၊ လေးစားကြည်ညို ထိုက်သူ” ဟူ၍ ဆိုထားပါသည်။ ယင်းအဆို များအနက် မိမိခေါင်းစီး တင်ထား သော စကားရပ်မှာ ရပ်ရွာတွင် အ ကြီးအကဲဟူသော စကားရပ်နှင့် နည်းနည်း ဆင်တူနေမည်ထင်ပါ၏။

ဤဆောင်းပါးတွင် မိမိဆိုလို သည့် လူကြီးဆိုသည်ကား အစိုးရ ဌာန တစ်ခုခု၏ အကြီးအမှူး သို့မ ဟုတ် အုပ်ချုပ်မှု ဝါစဉ်အရ အကြီး ဆုံး လူဖြစ်ပါသည်။ ပြန်ကြည့် လိုက်လျှင် အများအားဖြင့် ထိုလူ အများစုသည် အောက်ခြေမှ စတင် တာဝန် ထမ်းဆောင်ရသော ဝန် ထမ်းများ မဟုတ်ကြ။ အများစုက ဝင်ပေါက် ရာထူးဟုခေါ် နေကြ သောနေရာ အတွက် အရည်အ ချင်းစစ် ရေးဖြေအောင်မြင်ကာ အ ရာထမ်း အဖြစ် ဌာန စုမှူး တာဝန် ကို စတင်ယူကာ လုပ်သက်နှင့် အ ရည်အချင်း အရ အဆင့်မြင့်ရာထူး များကို ရရှိပိုင်ဆိုင် ထားသူများ ဖြစ် ကြပါသည်။ ယင်းတို့အထဲတွင် ထိပ်ဆုံးမှ တာဝန်ရှိ ဝန်ကြီးများ၊ ဦး ဆောင် ညွှန်ကြားရေးမှူးချုပ် ကဲ့သို့ အထက်လူကြီးများက ခေါ်ယူလာ သည့် အပါးတော်မြဲ ကြရသည့် ဝန် ထမ်းများ၊ နှစ်သီးစားဟု အခေါ် ခံရသော တပ်မတော်မှ ဝင်ရောက် လာကြသည့် ပင်စင်စား အရာရှိ များ၊ စစ်ဆင်ရေးတွင် တာဝန်ထမ်း ဆောင်ရင်း အားကောင်းမောင်း သန်သော အရွယ်တွင်ရှိသော် လည်း ကိုယ်လက်အင်္ဂါ ချို့တဲ့နေ သဖြင့် အရပ်ဘက်ဌာန တစ်ခုခုသို့ သနား ကရုဏာထားကာ ပြောင်း ရွှေ့ခံရသည့် တပ်မတော်အရာရှိ များ စသည့်သူများ အားလုံး အကျုံး ဝင်ကြသည်ဟု မှတ်ယူထားပါ သည်။ ထိုသူများထဲမှ အချို့သည် လုပ်သက်လည်း တဖြည်းဖြည်း ကြီး လာ၊ ဝါစဉ်အရ လည်း မြင့် လာ သောအခါ မြင့်မားသော ရာထူး နေရာသို့ မိမိ၏ ပင်ကိုအရည်အ ချင်းအရ ဖြစ်စေ၊  ကံအကြောင်း သင့်ကာဖြစ်စေ တက်လှမ်းရောက် ရှိ သွားတတ်ကြပါသည်။

ယင်းပုဂ္ဂိုလ်များကို လေးစားမှု အရ အသက်ကြီးသည် ငယ်သည် မဟုတ်ဘဲ ဂုဏဝုတ္တိဖြင့် လူကြီး ဟုခေါ်ကြပါသည်။ အချို့ဌာနများ မှ ဝန်ထမ်းငယ် များဆိုလျှင် ထိုသို့ သော လူကြီးကိုတွေ့ပါက ”အဘ”၊ ”အဘ” ဟု ခေါ်လေ့ရှိပါသည်။ အစကနဦးတွင် ယင်းသို့ အခေါ်ခံရ သဖြင့် တစ်မျိုး တစ်မည် ဖြစ်သွား တတ်ပါသည်။ ” ငါများ အသက် ရလာလို့ ခေါ်ကြသလား” တွေးမိ ကြ၏။ ထိုသို့ အခေါ်ခံ ရပါ များ သောအခါ ခေါ်သူများတွင် နှုတ် ကျိုး မကျိုးတော့မသိ။ နားထောင် ရသူ၌ နားယဉ် သွားကြပါသည်။ နောင်တွင် ထိုသို့ခေါ်သံ မကြားရ ပါက ကိုယ့်ကိုခေါ်ခြင်း မဟုတ်ဟု ယူဆကာ လှည့်မကြည့်ဖြစ်သည့် အကျင့်ရသွားကြပါသည်။ လူကြီး ဟူသော ဝေါဟာရကို ဤမျှ အ ကျယ်တဝင့် ရှင်းပြခဲ့သည်မှာ အ ကြောင်းမဲ့ မဟုတ်ပါ။ ရှေ့ဆက် ဖတ်ပါက မြင်လာပါမည်။

ထိုအထဲတွင် မိမိကြုံဖူးသော လူ ကြီးများတွင် ရင့်ကျက် တည်ငြိမ် စွာသည်းခံ တတ်ခြင်း၊ စဉ်းစားဝေ ဖန်တတ်ခြင်း၊ တတ်သိလိမ္မာခြင်း စသော စိတ်ဓာတ် အပြုအမူများ ကို ယေဘုယျအားဖြင့် တွေ့ရပါ သည်။ ထိုသူတို့သည် နာယက ဂုဏ်နှင့်အကျင့်သိက္ခာ ပြည့်စုံကာ ရိုသေလေးစား ထိုက်သော လူကြီး လူကောင်းများ ဖြစ်ကြပါသည်။ ထို သူတို့သည် အကျင့်စာရိတ္တသာမ က အရည်အချင်းပါ ပြည့်စုံသော လူတော် လူကောင်းအဖြစ်မှ အ ဆင့်ဆင့် တက်လာကြခြင်းကို တွေ့ ရပါသည်။

ယင်း လူတော်လူကောင်းဟူ သော စကား အသုံးအနှုန်းနှင့် စပ် လျဉ်း၍ မိမိတို့ ငယ်စဉ်အခါက အ ငြင်းပွား ခဲ့ကြဖူးသည်ကို ပြန်သတိရ မိသေးသည်။ ” လူက ကောင်းမှဖြစ် မှာကွ။ ဒါကြောင့် ကောင်းတာကို ရှေ့မှာထားပြီး တော်တာကို နောက် က လာသင့်တယ်။ လူကောင်း လူ တော်လို့ခေါ်သင့်တာ” ဟု စောဒက တက်ကြသူများလည်း အများအပြား ရှိခဲ့ပါသည်။ ရှေ့တွင် ထားလျှင်ဖြစ် ဖြစ် ၊ နောက် တွင် ထားလျှင်ဖြစ်ဖြစ်  ပညတ် သဘောအရ အမည်အမှတ် အသားအဖြစ် ခေါ်ဝေါ်သမုတ်ခြင်း သာဖြစ်သဖြင့် ‘လူ’ ပုဂ္ဂိုလ် အနေ ဖြင့် ကား ”ဒီလူ ဒီလူပဲ ဖြစ်ပြီး ဒီ့ ပြင် လူတစ်ယောက် မဟုတ်ဘူး”ဟု သာမန်အားဖြင့် ဆိုနိုင်သည်။ လူ တော် လူကောင်းဟု ဆိုသည်ဖြစ် စေ၊ လူကောင်း လူတော်ဟု ဆို သည်ဖြစ်စေ ပရမတ်သဘောတွင်မူ အမည်အခေါ်အဝေါ်မျှသာ မဟုတ် ဘဲ တကယ် ဖြစ်ပျက်နေသော ရုပ် နာမ်ခန္ဓာကိုယ်ကြီး ၏အမြဲမပြတ် တရစပ် ပြောင်းလဲနေခြင်းကိုသာ ဦးစားပေးကာ ရှုမှတ် ရမည်ဖြစ်ပါ သည်။ သို့ဖြစ်၍ ”ယင်း အ ကြောင်း အချက် များကိုငြင်းနေ လျှင် မင်းတို့ပင်မိုက်ရာကျပါမည်။ ထားလိုက်ပါတော့”။ ယင်းသို့ဖြင့် ကြာမြင့်လာသော အခါ ငြင်းခုံနေ ကြသူများ မောသွားပုံရပါသည်။ မည်သည့် အသံမှ မကြားမိတော့ ချေ။ ရံဖန်ရံခါ လိုအပ်သည် ထက်ပို၍ ငြင်းခုံကာ အငြင်း ပွား နေကြခြင်းကို ဆင်ခြင်သင့်သည် ဟု သဘောရပါ၏။

ထို ‘အဘ’ ဟု အခေါ်ခံရသော လူကြီးများသည် နိုင်ငံရပ်ခြားတွင် လည်းကောင်း၊ ပြည်တွင်းတွင် လည်းကောင်း၊ သီးခြားဘာသာရပ် သို့မဟုတ် စီမံကိန်းများ အတွက် စဉ်ဆက်မပြတ်သည့် အစည်းအ ဝေးများ (Workshops) ၊ ပညာ ရေးဆိုင်ရာ အုပ်စုလိုက် ဆွေးနွေးပွဲ များ (Seminars) ကို မကြာခဏ တက်ရောက်ကာ သဘာပတိ လုပ်ရလေ့ ရှိပါသည်။ ပုံမှန်အား ဖြင့် ယင်းအစည်း အဝေး များ၊ ဆွေး နွေးပွဲများ၌ တက်ရောက် သူများက အချင်းချင်း သတင်းအချက်အ လက်များ ဖလှယ်၍ မျှဝေကြခြင်း မျိုးရှိတတ်ပါသည်။ တစ် ဦးနှင့် တစ် ဦး ပညာရပ်ဆိုင်ရာ အသိအမြင် များ လက်ဆင့် ကမ်းကြလေ့ရှိပါ သည်။ သဘာပတိ လုပ်ရသူမှာမူ ထိပ်ဆုံး စာပွဲတွင် ထိုင်ကာ အစည်း အဝေးကို ထိန်းရုံသာဖြစ်ပါသည်။ အစည်းအဝေး အစီအစဉ်တစ်ခု ပြီး ဆုံးတော့မည် ဆိုလျှင် မေးစရာများ ရှိကြပါသလား ခင်ဗျာ”။ အင်္ဂလိပ် လိုမှုတ်ချင်လျှင်လည်း ဗညပ Any question  ဟု ဆိုလိုက်ရုံသာ ရှိပါသည်။ တော်ရုံ တန်ရုံနှင့် မေးခွန်း ထမေး လေ့မရှိကြပါ။ အဆိုပြုချက် တစ်ခု ခုကို ငြင်းခုံခြင်း၊ ပယ်ချခြင်းလည်း မရှိသလောက်ရှားပါသည်။ တစ် ဖန် ကိုယ့်ဌာနတွင်း အစည်းအဝေး များ ကျင်းပရာတွင်လည်း မိမိ လက်အောက်ငယ်သား များနှင့် ဆောင်ရွက်ရခြင်း ဖြစ်၍ သူတို့ အားလုံးက ”ဗောင်းတော်ညိတ် စိတ်တော်သိ” ဆိုသည်မျိုး လုပ် တတ်ကြပါသည်။ အားလုံး တစ်ညီ တစ်ညာတည်း ဖြစ်နေ၍ ဇာတ် တိုက်ထားသလား ဟုပင် ထင်မှတ် ရပါသည်။

ယင်းသို့ထိပ်စားပွဲတွင် ထိုင် ကာ သဘာပတိ လုပ်စားပါများ လာသောအခါ ထိုလူကြီးမျိုးသည် အလေ့အကျင့် မှ အလေ့အထသို့ ပြောင်းလာသည်ဟု မိမိ ကိုယ်ကိုယ် မိမိ ထင်တတ်လာပါသည်။ ထို့ပြင် ”ငါကွ”ဟူ၍ မာန်ဝင်လာတတ်ပါ သည်။ မည်သည့် အရေး ကိစ္စမျိုး ကိုမဆို အလေးအနက် မထားတတ် တော့ချေ။ မည်သို့သော လူအုပ်စု ကိုမဆို မျက်နှာချင်းဆိုင် ပြောဆို ဆွေးနွေးရန် မခက်ခဲတော့ ဟု ထင်လာပါသည်။ ဤသို့ဖြင့် လူ ကြီးတစ်ဦး၏ မာနအခံကြောင့် သူ တစ်ပါး၏ ခံစားမှုကို နားမလည် တတ်တော့။ မိမိ ပြောလိုက်လျှင် လက်ခံကြမည်သာဟု ယုံကြည် လာပါသည်။ ယင်းသို့ ဖြစ်လာခြင်း မှာ မိမိ၏ အတ္တနောမတိ ပင်ဖြစ်၍ မည်သို့မျှ လွဲချော်သွားနိုင်သည်ဟု မထင်မှတ်ချေ။ ”တကယ်တမ်း လွဲ မယ့်လွဲတော့ ပါစင်အောင်လွဲတော့ တယ်။ နောင်တ ဆိုတာ နောင်မှရ တာ” ဟု ပြောရမည့်ပုံ မမျှော်လင့် ဘဲ ပေါ်လာတတ်၏။ ယင်းကဲ့သို့ သော အဖြစ် သနစ်များ အကြောင်း ကို ဥပမာပေးရလျှင် ယခု တစ်ပတ် ထုတ် သတင်းစာများ၌ ဝေဝေဆာ ဆာပါလာသော သတင်း များကို ကြည့်ကြပါဟု အကြံပြု လိုပါသည်။

နိဂုံးချုပ်အဖြစ် တစ်ခုတော့ တင်ပြလိုပါသည်။ မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့၏ ဆဋ္ဌသံဂါယ နာတင် ပိဋကတ်တော်၊ မိလိန္ဒပဥှာ ပါဠိတော် မြန်မာပြန်မှ မြန်မာပြန် ထုတ်နုတ်ချက်ကို မိမိ၏ ဆိုလိုချက် အား အထောက်အကူပြု နိုင်ရေး အလို့ငှါ ကူးယူတင်ပြပေး လိုက်ပါ သည်။ စဉ်းစား ကြံဆနိုင်ကြပါစေ ဟု ဆန္ဒပြုပါ၏။

‘မိလိန္ဒမင်းသည် ”အရှင် ဘုရား နာဂသေန၊ အကျွန်ုပ်နှင့် အတူတကွ တိုင်ပင် ပြောဆိုပါအံ့ လော” ဟု လျှောက်၏။

”မင်းမြတ်၊ သင်သည်ပညာရှိ တို့၏ တိုင်ပင်ပြောဆိုခြင်းမျိုးကို အကယ်၍ တိုင်ပင် ပြောဆိုသည် ဖြစ်အံ့၊ တိုင်ပင် ပြောဆိုပါအံ့။ မင်း တို့၏ တိုင်ပင် ပြောဆိုခြင်းမျိုးကို တိုင်ပင် ပြောဆိုသည် ဖြစ်အံ့၊ မတိုင် ပင်မပြောဆိုလို” ဟုမိန့်ဆို၏။’

ဆွေးနွေးပွဲများ၊ အစည်းအဝေး များသည် ပညာရှိတို့၏ ဆွေးနွေး တိုင်ပင်ပွဲများသာ ဖြစ်ကြပါစေဟု ဆုတောင်းနေပါကြောင်း …။ ။

x x x
ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*