အမျှင် မပြတ်နိုင်သော အတွေးစများ

အမျှင် မပြတ်နိုင်သော အတွေးစများ
January 5, 2017 Asian Fame

11:51 am
အမျှင် မပြတ်နိုင်သော အတွေးစများ

bo-nyein-thar

အချိန်အခါအလိုက် အဟောင်းအဟောင်းတို့သည် ပျောက်ကွယ်၍ အသစ်အသစ်တို့သည် တိုးပွားလာကြသည်။ ဤသည်ကား သဘာဝတရား။ ၂ဝ၁၆ခုနှစ်သည် ကုန်ဆုံးတော့မည်။ ၂ဝ၁၇ ခုနှစ် သည် များမကြာမီ ရောက်လာ တော့မည်။ ၂ဝ၁၆တွင် အစပျိုးခဲ့ သော်လည်း ၂ဝ၁၇ တွင် မပြီးဆုံး နိုင်သေးဘဲ ဆက်ရန်ရှိသည်ဟုဆို ရမည့် ကိုရီးယားဇာတ်လမ်းတွဲ၏ အခန်းဆက်လို ဖြစ်စဉ်များလည်း ရှိသေးသည်။

ရန်ကုန်မြို့သည် တစ်ချိန်တစ်ခါက အရှေ့တိုင်းတွင် အလှပဆုံး မြို့တစ်ခုအဖြစ် ထင်ရှားခဲ့သော်လည်း ယခုအချိန်တွင် ထိုသို့မဟုတ်တော့သည်ကို ဝန်ခံရမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြန်လည် တင့်တယ်ရေး ဝိုင်းဝန်းရုန်းကန်ရမည့်ကိစ္စဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရတနာရွှေနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်း မိတ်ဆက်ဖွင့်ပွဲ အခန်းအနားတွင် ပြော ကြားခဲ့သည်။ သူပြောခဲ့သလိုပင် စီမံကိန်းများ မရှိဘဲ ရန်ကုန်မြို့ကို ပြန်လည် တင့်တယ်ရေးလုပ်ဆောင်ရန် မလွယ်ကူချေ။ ထိုထက်ဆိုရလျှင် အပြသဘောဟန်ဆောင် စီမံကိန်းများ ဖြစ်နေလျှင်လည်း ဘာမျှ မထူးကြောင်း မိမိ အတွေ့အကြုံ အရ သိရှိခဲ့ပါပြီ။

ရန်ကုန်တိုင်း ဒေသကြီးအ တွင်း ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ် မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အ ထိ နှစ်နှစ်တာ ကာလအတွင်း အ ခန်းပေါင်း ၈ဝဝဝ ကို ဦးစားပေး ဆောက်လုပ်သွားမည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းခိုင်က ပြောဆို သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံး တွင် အိမ်ရာဖွံ့ဖြိုးရေးအတွက် ငါး နှစ်စီမံကိန်းချပြီး အခန်းပေါင်း ၁ ဒသမ ၈ သန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက တည်ဆောက် အ ကောင် အထည်ဖော်သွားမည်ဟု လည်း သတင်းတစ်ရပ်က ဆို သည်။ ကြားရသည်ဆိုရုံဖြင့် နား ချမ်းသာလှပါပြီ။ ထိုထို ဤဤ သတင်းများကို ကြားရသည်နှင့် မိမိတို့ မနေနိုင်တော့သော်လည်း ဘဝတူ ဝန်ထမ်းများအတွက် ဝမ်း သာပီတိ ဖြစ်မိပါသည်။ တန်ဖိုး နည်းဟု ပြောနေကြသော်လည်း မိမိတို့ မတတ်နိုင်တော့ပါ။ စည် ပင်ဝန်ထမ်း လုပ်သက်တစ်လျှောက် လုံး ခြစ်ချုပ်ကာ စုဆောင်းထား သည့် ငွေလေးမှာ ရတနာအိမ်ရာ စီမံကိန်းတွင် ကွန်ဒိုမီနီယံတိုက် ခန်းရမည်ဆိုသဖြင့် ပုံအောကာ ထည့်လိုက်၍ ငွေတစ်ပြားမှ မကျန် တော့။ ယခုမှ ပေါ်လာသောအခွင့် အရေးကိုငေးကြည့်ရုံမှလွဲကာ ဘာ မှမတတ်နိုင်။ အခြားသူများ ဆိုကြ သလို ”ရတာနာဇာတ်လမ်း” ကား ဇာတ်ညွှန်း ဘယ်ရောက်နေသည် မသိနိုင်တော့။ ယင်းအချိန်မှစ၍ စီမံကိန်းဟုပြောသံကြားလျှင် သွေး လန့်တတ်သည်။ ဝန်ထမ်းသက် အ နှစ်လေးဆယ်ကျော် တစ်လျှောက် လုံး မိမိတို့၏ အထက်လူကြီးကို ရို သေလေးစားစွာ ယုံမှတ်၍ ပုံအပ် ခဲ့သည့်အဖြစ်ကား ”ကျောချမှ ဓား ပြမှန်းသိ” ဆိုသလိုသိ လိုက်သော် လည်း ထိုဓားပြများကို မတွေ့လိုက် တော့ချေ။ ယခင် အစိုးရလက် ထက်တွင် ဖြစ်ပွားခဲ့သောအရေး ကိစ္စ ဖြစ်သဖြင့် ယခုမှ တက်လာ သော လူကြီးများကို အပူကပ်ရန် မသင့်တော်ချေ။ သုမနကြောမှာ ဒဏ်ရာတွေနဲ့ဆိုသကဲ့သို့ ထိုဒဏ် ရာများကို လိမ်းရန် ဆေးရှာ၍ မတွေ့သေး။

ရန်ကုန်မြို့ရှိ လမ်းဘေးဈေး သည်အကြောင်းကို ဆွေးနွေးမည် ဆိုလျှင်”ပြောမဆုံးပေါင်၊ တောသုံး ထောင်”ဟုဆိုရမလို။ ဤစီးပွားရေး မြို့တော်ကြီး တည်တံ့နေသ၍ ဤ ဈေးသည်များလည်း ရှိနေမည်သာ။ လမ်းဘေးဈေးသည်နှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကြသည်။ ”အလုပ် အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် လူတိုင်းလူတိုင်း လမ်း ဘေးဈေးသည်ဖြစ်မည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက်သစ်မှ ဦးကို ကိုကြီးကလည်း ပြောသည်။

ယင်းသို့ ဆွေးနွေးကြသည်မှာ မမှား။ အခြေခံအားဖြင့် အလုပ် အကိုင်အခွင့်အလမ်း နည်းပါးခြင်း ကြောင့် ဈေးရောင်းချသော လုပ် ငန်းကိုသာ မှီခိုနေကြရကြောင်း ပြောနိုင်ပါသည်။ မိမိတို့ရန်ကုန် စည်ပင်တွင် တာဝန်ထမ်းဆောင် စဉ်ကနှင့်ပင် မတူ။ လမ်းဘေးဈေး သည် ပိုများလာသည်ကို မြင်နေ ရ၏။ ကိန်းဂဏန်း အတိအကျပင် မလိုပါ။ မျက်မှန်းဖြင့်ပင် တွက်ကြည့်၍ရသည်။ မြို့တော်ခန်းမ ဘေးရှိ ဘားလမ်းပေါ်တွင်ပင် လမ်းဘေးဈေးသည်များ ရှိလာ၏။ ထိုလမ်းမှာ ယခင်က လမ်းဘေး ဈေးသည်မရှိခဲ့သော နေရာ။ တစ်ခုတော့ ဆိုနိုင်သည်။ ခလုတ်တိုက်မှ ဈေးဝယ်တတ်သော မိမိတို့ မြန်မာလူမျိုးများ၏ စရိုက်က လည်း လမ်းဘေး ဈေးသည်များကို ဖိတ်ခေါ်နေသလို ဖြစ်နေသည်။ ထို့ပြင် မိမိတို့မြန်မာများက အခြား အလုပ်များကို အဆန်းထွင်ကာ ရွေးချယ်လေ့ မရှိတတ်။ မိမိတို့ ရပ် ကွက် အတွင်းပင်ကြည့်။ ဒီ့ပြင်လူ က လက်ဖက်ရည်ဆိုင်ဖွင့်ကာ ရောင်းကောင်းနေလျှင် မိမိတို့လည်း လက်ဖက်ရည်ဆိုင် ဖွင့်ရတော့မလို လို ဖြစ်နေတတ်သည်။ ဤသို့ဖြင့် ရပ်ကွက်အတွင်း၌ ဈေးဆိုင်များ ချည်း ဖြစ်လာသည်။

တစ်ဖန်မိမိတို့ အမျိုးများသည် ဈေးဝယ်သော အလုပ်ကို သီးသန့် ထားကာလုပ်နေကြသည် မဟုတ် ချေ။ ကြုံသလိုလုပ်တတ်ကြ၏။ ယင်းအချက်ကလည်း လမ်းဘေး ဈေးသည်များ လိုအပ်သည်ထက် ပိုမိုများလာခြင်း၏ အကြောင်းတစ် ချက်ဖြစ်၏။ စင်ကာပူမြို့တွင် သွား ရောက်နေထိုင်သော မိတ်ဆွေများ ကို မေးကြည့်ဖြစ်တော့ စနေနေ့ ညနေ သို့မဟုတ်တနင်္ဂနွေနေ့ တစ်နေ့လုံးသည် တစ်ပတ်စာဈေးဝယ် ထွက်ရန် သတ်မှတ်ထားသည့်နေ့ ရက်ဖြစ်၏။ အခြားသော နေ့ရက် များတွင်လည်း သွား၍မဖြစ်။ အ လုပ်မအား။ မည်သို့ပင်ဆိုကြစေ။ လမ်းဘေးဈေးသည်များ စီမံခန့်ခွဲ မှု၌ လုပ်ဆောင်ရမည့် လုပ်ငန်းအ ဆင့်များမှ သိပ်များပြား ရှုပ်ထွေး လှသည်မဟုတ်ပါ။ ဈေးသည်နှင့် ဈေးဝယ်သူတို့ စိတ်ရှည်ရှည်ထား ရမည်။ စည်းကမ်းတကျရှိရမည်။ ကြုံသလို ဈေးဝယ်တတ်သည့် အ ကျင့်ကို ဖျောက်ကြ။ ဘယ်လောက် ရှင်းလင်းလွယ်ကူပါသနည်း။ သို့ သော်လည်းယင်းသို့ လွယ်ကူရှင်း လင်းသော အလုပ်များကိုပင် မိမိ တို့ ဆောင်ရွက်လာကြသည်မှာ မြို့ တော်ဝန် အဆက်ဆက်ဖြစ်နေပြီ။ အာမခံနိုင်လောက်အောင် ဖြစ်မ လာသေးပါကြောင်း ဝန်ခံရပါမည်။ ခုတော့ မျိုးဆက်သစ်တို့ တာဝန်ယူ မည့်အလှည့် ရောက်နေပြီ။

အမှိုက်ဆိုသည်မှာ အသုံးမ ဝင်တော့၍ သို့မဟုတ် မလိုချင် တော့၍ စွန့်ပစ်ထားသော ပစ္စည်း ဟု ဆိုသည်။ ယင်းသို့ဆို၍ အထင် အမြင် သေးသလိုလိုနှင့် ”အမှိုက် ပြဿနာဟာ ဖြေရှင်းရင် အလွယ် လေးပါ” ဟုခပ်ပေါ့ပေါ့ သဘော ထားလျှင် ရေရှည်တွင် ခံစားသွားရ မည်။ ဂရုတစိုက် စီမံနိုင်မှ တော် သင့်ရုံဖြစ်မည့်ကိစ္စ။ အင်္ဂါဂြိုဟ်ကို အရောက်သွားမည်ဆိုလျှင် ဖြစ်နိုင် သည်ဟု ရဲရဲတင်းတင်း ပြန်ဖြေမည် ဖြစ်သော်လည်း ”Zero Waste” ဖြစ်အောင်အကောင်အထည်ဖော် မည်ဟု ဆိုပါက စဉ်းစားရဦးမည်။ ”နည်းပညာတွေ ဘယ်လောက်အ ဆင့်မြင့်မြင့် ကြံဆနေနိုင်ပြီလဲ” ဟု မေးမိမည်ဖြစ်၏။ မိမိတို့ ရန်ကုန် စည်ပင်တွင် တာဝန် ထမ်းဆောင်ခဲ့ သည့် အနှစ်သုံးဆယ်ကျော်လုံး အ မှိုက်ကြောင့်ဖြစ် ပေါ်လာသော အ ခက်အခဲများကို ပြီပြီပြင်ပြင်ဖြစ် အောင် မဖြေရှင်းနိုင်ခဲ့။ လူထုပိုင်း ကလည်း ကိုယ်ရောစိတ်ပါ မလိုက် လာ၍လည်း မအောင်မြင်ဟု ဆိုရ မည်။ ကြည့်လေ။ အမှိုက်ကို ခွဲခြား ပစ်ပေးရန် မဆိုထားနှင့်။ အမှိုက် ကို ရပ်ကွက် အမှိုက်ကန်အတွင်းသို့ အရောက်သွားမပစ်လိုကြ။ ဤတွင် အနုမာန တစ်ခုထုတ်ကြည့်နိုင် သည်။ ”ဘယ်အလုပ်မဆို ပြည်သူ လူထုမပါလာလျှင် မအောင်မြင်နိုင်”

ယခုလည်း အမှိုက်နှင့် ပတ် သက်၍ စီမံကိန်းတစ်ခု ပေါ်လာ ပြန်သည်။ ”စွန့်ပစ်အမှိုက်မှ လျှပ် စစ်ဓာတ်အား ထုတ်လုပ်ပေးမည့် စက်ရုံ လာမည့်ဧပြီလတွင်ဖွင့်လှစ် မည်”တဲ့။ ရန်ကုန်မြို့တွင်း၌နေ့စဉ် ထွက်ရှိနေသော စွန့်ပစ်အမှိုက် ပြဿနာကို ဖြေရှင်းနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ရရှိရန်ရည်ရွယ် ၍ ယင်းစက်ရုံကို တည်ဆောက် ရခြင်း ဖြစ်ကြောင်း သတင်း အ ကြောင်းအရာတွင် ပါလာသည်။ ထိုစက်ရုံကို ၂ဝ၁၅ ခုနှစ် အောက် တိုဘာလမှ စတင်ကာ ဂျပန်နိုင်ငံ ၏ထည့်ဝင်ငွေ အမေရိကန်ဒေါ် လာ ရှစ်သန်း၊ ရန်ကုန်စည်ပင်၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ရှစ်သန်း၊ စုစုပေါင်း ၁၆ သန်းအ ကုန်အကျခံ တည်ဆောက်နေခြင်း ဖြစ်ကာ လျှပ်စစ်ဓာတ်အား ၇ဝဝ ကီလိုဝပ် ထွက်မည် ဟုခန့်မှန်းထား သည်ဆို၏။ နည်းပညာများ မည်မျှ အထိ တိုးတက်လာပြီဟု မခန့်မှန်း နိုင်။ ယခင် ခေတ်တုန်းကဆိုလျှင် လေထုညစ်ညမ်းမှုကို
ရာခိုင်နှုန်း ပြည့် မကာကွယ်နိုင်သဖြင့် ပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားများ က အမှိုက်မီးရှို့ခြင်းကို ကန့်ကွက် လေ့ရှိခဲ့သည်။ ယခုတော့ ခေတ်အ ခါအခြေအနေတွေက ပြောင်းသွား ပြီထင်၏။ လှော်ကား သဘာဝ ဥယျာဉ်နယ်မြေအနီးတွင် စက်ရုံဆောက်ထားခြင်းဖြစ်၍ ယင်းစီမံကိန်းသာ အရှည်တည်တံ့သွားလျှင် ၎င်းသဘာဝဥယျာဉ်ကြီးပင် ပြောင်းပေးရမည်လား မဆိုနိုင်။

ရန်ကုန်တိုင်း ဒေသကြီး အစိုး ရအဖွဲ့နှင့် ပြင်သစ်နိုင်ငံတို့ပူးပေါင်း ၍ အကောင်အထည်ဖော်လျက်ရှိ သည့် ” မြေနီကုန်းခုံးကျော်တံတား အနုပညာ စီမံကိန်း” ဆောက်လုပ် ပြီး နေရာအချို့ကို အများပြည်သူ များ အသုံးပြုစေရန် ခွင့်ပြုခဲ့ရာ ရက်ပိုင်းအတွင်း အမှိုက်များ၊ ကွမ်း တံထွေးများနှင့် ပေကျံပွထလျက် ရှိသည်ကို တွေ့ရကြောင်း သတင်း ထွက်လာ၏။ ထိုစီမံကိန်းကို ပြင် သစ်နိုင်ငံက အကူအညီပေးသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့က ကျပ်သိန်းလေးထောင် အ ကုန်အကျခံကာ အကောင်အထည် ဖော်သည်။ ယင်းစီမံကိန်းအား မြေနီကုန်းခုံးကျော်တံတား အောက် တွင် ပထမဦးဆုံး ပြုလုပ်ခြင်း ဖြစ် ၍ အခြားကျန်ရှိသော ခုံးကျော်တံ တားများအောက်တွင်လည်း ထိုကဲ့ သို့ လုပ်ဆောင်သွားမည်တဲ့။

” ကဲ၊ အခုလိုပုံဆိုဘယ်လို ဖြစ်လာမလဲ”ဟု တွေးမိသည်။ထို သတင်းကို ကြားတော့ ကိုယ့်အမျိုး အတွက် ကိုယ်ရှက်မိသည်။ မည် သူ လုပ်လုပ်၊ ”ယိုသူမရှက်၊ မြင်သူ ရှက်” စကားပုံကဲ့သို့။ မိမိတို့မှာ ဒီလောက်ဘဲ အဆင့်ရှိသလား” ဟု နိုင်ငံတကာမှ ယူဆသွားလျှင်…။ ထောက်ခံချက်မရှိသော ငရုတ် သီးမှုန့်အမှတ်တံဆိပ်များကို ထုတ် ပြန်ထားပြီး ဈေးကွက်ရှိ ငရုတ်သီး မှုန့်အမျိုးမျိုးအား ဈေးကွက်ထောက် လှမ်းစောင့်ကြည့်ခြင်းကို ဆက် လက်လုပ်ဆောင်မည်တဲ့။ လုပ်ငန်း ရှင်ကြီးများမှာ ဒေါ်လာဈေးတက် နေသည့်ကြားမှ ခေါင်းထပ်ကိုက်ရ မည့်အရေး ဖြစ်၏။ သို့သော်လည်း ထောက်လှမ်းစောင့်ကြည့်သော လုပ်ငန်းမှာလည်း ဝန်ထမ်းအရေ အတွက် နည်းသည့်ကြားမှ အလွန် တရာ လက်ဝင်သော အလုပ်ဖြစ်ပါ သည်။ မည်သို့ဆိုစေ လူများစု၏ ကျန်းမာရေးနှင့် ဆိုင်သော အရေး ကိစ္စဖြစ်ခြင်းကြောင့် မဖြစ်မနေ
ဆောင်ရွက်သင့်ပါကြောင်း။

ခရီးသွား ပြည်သူများအား ရိုင်းပြစွာ စော်ကားခြင်း၊ ကိုယ်ထိ လက်ရောက် ထိုးကြိတ်ခြင်းများပြု လုပ်သော ခရီးသည်တင် ယာဉ် လိုင်းများအား ဖေ့စ်ဘွတ်ခ်ပေါ် တွင် လူစုပြီး ပြန်လည်တုံ့ပြန်ရန် ပြင်ဆင်မှုများရှိလာသည်။ ”လူ ပါးဝ ကျြ များ ရပ်” အမည်ရှိ င်္ခေနဘသသွုမသကစ တစ်ခုပေါ်လာ သည်တဲ့။ မည်သူကိုမှ အားကိုး၍ မရတော့ဘူးလော။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မော် တော်ယာဉ် လိုင်းပေါင်းစုံ ထိန်း သိမ်းရေး ကော်မတီတို့က သူ့ သဘာဝအတိုင်းဘဲ ဟု သဘော ထားကာသည်အတိုင်း ထိုင်ကြည့် နေကြတော့မည်လော။ သည်တစ်ပတ်တော့ ဤမျှ သာ ။ ။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*